Sunday, November 29, 2015

ရုပ်ရှင် အကြိုခံစားခြင်း- နက္ခတ်မှားတဲ့ တိုက်ပွဲ


- ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာတော့ မိသားစု ဒရာမာဇာတ်ကားလေးတစ်ကားကို ညွှန်းပေးလိုက်ပါတယ်။

လက်ျာက သူဌေးကြီးဦးဇမ္ဗူရဲ့ တစ်ဦးတည်းသော သားပါ။ လက်ျာက သူဌေးသားတစ်ယောက် ဖြစ်တာကြောင့် သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်နေ ပျော်ပျော်စား ပေါ့ပေါ့ပါးပါးပဲ နေပါတယ်။ တစ်ရက်မှာတော့ သူကလပ်သွားတာကို သူ့အဖေသိသွားပြီး ဆူပါတယ်။ ဆူပေမယ့်လည်း သူကတော့ လူငယ်တစ်ယောက်ရဲ့ အခွင့်အရေးအနေနဲ့ ချက်ကျကျ ပြန်ပြောပါတယ်။ နောက်ဆုံးမှာတော့ သူ့အဖေက ပြင်ဦးလွင်မှာရှိတဲ့ ကော်ဖီခြံမှာ သွားပြီးလေ့လာဖို့လွှတ်လိုက်ပါတယ်။ပြင်ဦးလွင်မှာ လက်ျာ ကောင်မလေးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ ဆုံတာကလည်း သူနဲ့အတူ လိုက်လာတဲ့ သူငယ်ချင်းတွေကြောင့်ပါ။ နယ်လှည့်လုပ် အားပေးတဲ့ စေတနာ့ဝန်ထမ်းပရဟိတ ဆရာဝန်မလေးတွေကို ရွာသားတစ်ယောက် ချွန်ပေးလိုက်တာကြောင့် အနှိပ်ခန်းနဲ့ မှားတာက ဇာတ်လမ်းစခဲ့တာပါ။

အဲဒါကြောင့် ကောင်မလေးတွေက သူတို့ကို ပညာပေးခံလိုက်ရတာပါ။ ဒါပေမဲ့ လက်ျာကတော့ သူနဲ့ တွေ့တဲ့ နိုရာဆိုတဲ့ ကောင်မလေးကို သနားပြီး ဘ၀အကြောင်းတွေ မေးနေတာကြောင့် ပညာပေးမခံလိုက်ရပါဘူး။ နောက်ပြီး နိုရာကို အနှိပ်ခန်းက ကောင်မလေးမှန်းသိသိနဲ့ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ နောက်နေ့မှာ လက်ထပ်မယ်ဆိုပြီး သူတို့ ဆုံခဲ့တဲ့ နေ ရာလေးမှာ နိုရာကို လက်ျာက စောင့်ခိုင်းခဲ့ပါတယ်။ လက်ျာ စောင့်ခိုင်းခဲ့ပေမယ့် နိုရာကတော့ မလာခဲ့ပါဘူး။ ဒါပေမဲ့ နိုရာတို့ကားက လက်ျာတို့ရှေ့က ဖြတ်သွားခဲ့တာကြောင့် နိုရာ့အကြောင်းကို စုံစမ်းဖို့ သဲလွန်စ ရခဲ့ပါတယ်။ တကယ်တော့ နိုရာက နောက်ဆုံးနှစ်ဆေးကျောင်းသူတစ်ယောက်ပါ။ ရန်ကုန်ကို ပြန်ရောက်တဲ့ အချိန်မှာတော့ သူနိုရာအကြောင်း ကို ရအောင်စုံစမ်းပြီး နီးစပ်ခွင့်ရအောင် ကြိုးစားခဲ့လို့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။

အဲဒီအချိန်မှာ ဦးဇမ္ဗူက တော့ အိပ်မက်ဆိုးတွေ မက်နေပါ တယ်။ ဦးဇမ္ဗူက လက်ျာငယ်ငယ် လေးကတည်းက ကားအက်ဆီး ဒင့်ဖြစ်ပြီး အောက်ပိုင်းသေသွားခဲ့တာပါ။ သူအိပ်မက်ထဲမှာ သူနဲ့သိတဲ့ ပန်းပန်ဆိုတဲ့ အမျိုးသ မီးက သူ့ကို ရေကန်ထဲ တွန်းချခဲ့ ပါတယ်။ ပန်းပန်ဆိုတာ ဘယ်သူ လဲ။ ဦးဇမ္ဗူဘာကြောင့် အိပ်မက် ဆိုးတွေ မက်နေရတာလဲ။ လက်ျာနဲ့ နိုရာတို့ရဲ့ ရှေ့ဆက်မယ့် ဘ၀ကကော ချောချောမွေ့မွေ့ ဖြစ်မှာလား ဆိုတာကိုတော့ ရန်ကုန်၊ မန္တလေး အပါအ၀င် မြို့တော် တော်များများ ရုံတင်ပြသနေတဲ့ နက္ခတ်မှားတဲ့ တိုက်ပွဲဆိုတဲ့ ဇာတ် ကားလေးမှာ ဆက်လက်ရှုစား ပေးပါ။ ဒီဇာတ်ကားမှာ နေတိုးက ဦးဇမ္ဗူနဲ့ လက်ျာအဖြစ် သရုပ် ဆောင်ထားပြီး ပန်းပန်အဖြစ် သက်မွန်မြင့်၊ နိုရာအဖြစ် ရတနာ ဖြူဖြူအောင်တို့က ပါဝင်သရုပ် ဆောင်ထားပါတယ်။ စတီးလ်ရဲ့ ဇာတ်လမ်းကို သည်ခေတ်နေ ဇာတ်ညွှန်းရေးထားပြီး ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ရိုက် ကူးပုံဖော်ထားပါတယ်။

7Day Daily

0 comments:

Post a Comment