Wednesday, October 31, 2018

မောင်တောရှိ ဟိန္ဒူ ဒုက္ခသည် စခန်း ရိက္ခာ ပြတ်လပ်နေ ဟုဆို



ရခိုင်ပြည်နယ် မောင်တောမြို့ ကညင်တန်း ရပ်ကွက်၌ ဖွင့်လှစ်ထားသော ဟိန္ဒူ ဒုက္ခသည်စခန်းတွင် ရိက္ခာ ပြတ်လပ်နေ ကြောင်း သတင်းရရှိသည်။

ရိုဟင်ဂျာတွေအတွက် ဒိန်းမတ်လှူငွေ ခရိုနာ သန်း ၃ဝဝ ကျော်ပြီ


ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး Ulla Tornaes အူးလက် တိုနေစ် ဦးဆောင်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကူညီရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အကြီးအကဲ David Beasley ဒေးဗစ် ဘီစလီ နဲ့ အတူ ဒီရက်ပိုင်းအတွင်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

အင်ဒိုနီးရှားလေယာဉ် Black Box က အချက်ပြသံကြားရပြီ


တနင်္လာနေ့က ပျက်ကျသွားခဲ့တဲ့ အင်ဒိုနီးရှား Lion Air ခရီးသည်တင်လေယာဉ်ပျံရဲ့ Black Box ခေါ် ပျံသန်းမှုမှတ်တမ်းတင် ကရိယာက ထုတ်လွှင့်တဲ့ အချက်ပြသံကို ကြားရပြီလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က ပြောပါတယ်။

ဆော်ဒီပူးပေါင်းတပ်များဝင်တိုက်နေသည့် ယီမင်၌ တိုက်ခိုက်မှုများ အဆုံးသတ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောဆို


ဆော်ဒီအာရေဗျနှင့် ပူးပေါင်းတပ်များ ပါဝင်တိုက်ခိုက်နေသည့် ယီမင်နိုင်ငံတွင် ရန်ဘက်များအကြား တိုက်ခိုက်မှု အဆုံးသတ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက တောင်းဆိုခဲ့သည်။

နိုင်ငံတွင်းရှိ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်စခန်းများ နိုင်ငံတကာကို စစ်ဆေးခွင့်ပေးရန် မြောက်ကိုရီးယားပြင်ဆင်


မြောက်ကိုရီးယားသည် နိုင်ငံတွင်းရှိ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်စခန်းများအား နိုင်ငံတကာမှ စစ်ဆေးသူများ လာရောက်စစ်ဆေးနိုင်ရေးအတွက်အသင့်ပြင်ဆင်မှုများကိုပြုလုပ်နေပြီဖြစ်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးများက ပြောဆိုခဲ့သည်ဟု ယွန်ဟတ်သတင်းဌာနက တောင်ကိုရီးယားလွှတ်တော်အမတ်တစ်ဦး၏ပြောဆိုမှုကို ကိုးကား၍ အောက်တိုဘာ ၃၁ ရက်တွင် ဖော်ပြခဲ့သည်။

အနိဋ္ဌာရုံဖြစ်ရပ်များကြားမှ ရုန်းကန်ထလာသည့် မိတ္ထီလာ



ဘာသာရေး ပဋိပက္ခ ဖြစ်ပွားခဲ့သည်မှာ ၅ နှစ်ကျော်ကြာလာပြီဖြစ်သော၊ မြန်မာပြည် အလယ်ပိုင်း စီးပွားရေး အချက်အချာကျသည့် မြို့ကြီးတစ်မြို့ဖြစ်သော မိတ္ထီလာရှိ ရပ်ကွက်တစ်ခုသည် နံနက်ခင်း နေရောင်အောက် ကလေးငယ်တို့၏ ရယ်သံများ၊ ပြေးလွှားဆော့ကစားသံများနှင့် အတူ အသက်ဝင် လှုပ်ရှားနေသည်။

သမ္မတ Trump ရီပါပလင်ကန် အတွက် အပူတပြင်း မဲဆွယ်လှုပ်ရှား



အရေးကြီိးတဲ့ အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲတွေ ကျင်းပဖို့ သီတင်းတပတ်တောင် မလိုတော့တဲ့အချိန်မှာ Pittsburgh မြို့က ဂျူးဘုရားကျောင်းမှာ လူ အစုလိုက်အပြုံလိုက် အသတ်ခံရတာနဲ့ ထင်ရှားတဲ့ ဒီမိုကရက်ခေါင်းဆောင်တွေ ကို ပါဆယ်ဗုံးတွေပို့တဲ့ အမျိုးသားတဦးကိုဖမ်းဆီးထားတဲ့ ဖြစ်ရပ်တွေကြောင့် အမေရိကန်နိုင်ငံသားတွေ အတော်လေး စိတ်ပူပန် နေကြပါတယ်။

ပုပ္ပားတောင်မြေပြိုမှု ဒေါ်အောင်ဆန်းစုကြည်နှင့် ဘူမိဗေဒပညာရှင်များ ယနေ့ဆွေးနွေးမည်

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နှစ်က ဖြစ်ပွားခဲ့သော ပုပ္ပားတောင်မြေပြိုမှုဖြစ်စဉ်ကို လေ့လာသည့် ဘူမိဗေဒပညာရှင်များနှင့် ပုပ္ပားတွင် ယနေ့တွေ့ ဆုံဆွေးနွေးမည်ဖြစ်သည်။ 

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ကြီးကြပ်သူများ၏ ကြီးကြပ်မှုနှင့် ဆုံးဖြတ်ချက်ကို ဆန်းစစ်ချင်သည့်အတွက် ဝင်ပြိုင်ခြင်းဖြစ် ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဆို


၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ကြီးကြပ်သူများ၏ ကြီးကြပ်မှုနှင့် ဆုံးဖြတ်ချက်များကို ဆန်းစစ်ချင်သည့် အတွက်ကြောင့် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။ 

ချင်းဒုက္ခသည်များအရေး ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တွေ့ဆုံဆွေးနွေးမည်


ပြည်ပတွင် ရောက်ရှိနေသော ချင်းဒုက္ခသည်များအရေး နှင့်ပတ်သက်၍ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ နှင့် နိုဝင်ဘာ ၃ ရက် တွင် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ချင်းလူမှုရေးအသင်း ရန်ကုန်မှ သိရသည်။ 

ရေကြည်မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌနှင့် ဝန်ထမ်း ၃ ဦးကို တရားစွဲဆိုခြင်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ၏ လမ်းညွှန်ချက်အတိုင်းသာဖြစ်ဟုဆို


ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၃ ဦးကို တရားစွဲရခြင်းမှာ အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း စည်ပင်ဝန်ကြီး ဦးကျော်မြင့်က ပြောသည်။ 

မြန်မာနိုင်ငံသားများ ဖန်တီးထားသည့် facebook ကဲ့သို့ အသုံးပြုနိုင်မည့် Tricay Social Network Application မိတ်ဆက်


မြန်မာနိုင်ငံသားများ ဖန်တီးထားသည့် facebook ကဲ့သို့ အသုံးပြုနိုင်မည့် Tricay Social Network Application မိတ်ဆက်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၃၀ ရက် ညနေပိုင်းက M3 စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။ 

အမေရိကန်နှင့် စစ်ပွဲအတွက် အသင့်ပြင်ထားရန် တရုတ်စစ်ဖက်အရာရှိများအား သမ္မတရှီကျင့်ပင် အမိန့်ပေး


အငြင်းပွား တောင်တရုတ်ပင်လယ်တွင် အမေရိကန်ရေတပ်နှင့် တင်းမာမှုဖြစ်ပွားနေခြင်းမှာ စစ်ပွဲအတွက် အသင့်ပြင်ဆင်ထားရန် ဖန်တီးလာကြောင်း၊ အမေရိကန်နှင့် အဆိုးရွားဆုံးဖြစ်နိုင်ခြေများအတွက် အင်အားဖြည့်တင်းထားရလိမ့်မည်ဖြစ်ကြောင်း တရုတ်စစ်ဖက်အရာရှိများအား သမ္မတရှီကျင့်ပင်က အမိန့်ပေးလိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။ 

အထည်ချုပ် အလုပ်သမတွေ အလုပ်ပြုတ်ကြရမယ့်ကိန်း


အကယ်၍ ဥရောပသမဂ္ဂ (EU) က ကုန်သွယ်ရေး အထူးအခွင့်အရေးများကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့လျှင် မြန်မာနိုင်ငံ၏ တိုးတက်လာနေသော ချည်ထည်နှင့်အထည်ချုပ်လုပ်ငန်းကဏ္ဍကို အကြီးအကျယ် ထိခိုက်ဆုံးရှုံးစေလိမ့်မည်ဟု စီးပွားရေးခေါင်းဆောင်များက ပြောကြသည်။ 

TNLA နှင့် RCSS စစ်ရေး တင်းမာနေပြီး ဒေသခံ ၁ ထောင်ကျော် တိုက်ပွဲ ရှောင်နေရ


ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူ မြို့နယ် အတွင်း ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)တို့ကြား စစ်ရေး တင်းမာနေသဖြင့် ဒေသခံ ၁ ထောင်ကျော် တိုက် ပွဲ ရှောင်နေရကြောင်း သတင်း ရရှိသည်။ 

မန္တလေးတိုင်း ကျေးလက် လမ်းဦးစီးမှူးနှင့် စာရေး လာဘ်စားမှုဖြင့် အမှုဖွင့်ခံရ


မန္တလေးတိုင်း ဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် ဌာနခွဲ စာရေးတို့ကို လာဘ်စားမှုဖြင့် အမှုဖွင့်ခဲ့ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်(ACC) က ပြောရေးဆိုခွင့် ရှိသူ ဦးကျော်စိုးက ပြောသည်။ 

ဒုက္ခသည် ၂၀၀၀ ကျော် လက်ခံရေး နှစ်နိုင်ငံ သဘောတူပြီဟုဆို


ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သည့် ဘင်္ဂါလီ ဒုက္ခသည်များထဲမှ ၂၀၀၀ ကျော်ကို နိုဝင်ဘာလ ၁၅ ရက်တွင် စတင် လက်ခံရန် သဘောတူထားပြီဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောဆိုလိုက်သည်။ 

ထိုင်းစစ်အစိုးရဝေဖန်တဲ့ Rap တေး video လူသန်းချီထောက်ခံ


ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအုပ်ချုပ်မှုအပေါ် ပြည်သူတွေအကြား စိတ်ပျက်မှုတွေရှိလာနေပါတယ်။ဒီအချက် ကိုထင်ရှားစေတာကတော့ Rap Against Dictatorship ဆိုတဲ့ အာဏာရှင်ကိုဆန့်ကျင်တဲ့ Rap အဖွဲ့က အွန်လိုင်းမှာ ဖြန့်ချီခဲ့တဲ့ သီချင်းတပုဒ်ဟာ တမဟုတ်ချင်း အကြီးအကျယ်လူကြိုက်များသွားခဲ့တာပါပဲ။ အဲဒီသီချင်းထဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ အမြန်ဆုံးကျင်းပပေးဖို့တောင်းဆိုထားပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြောပါလိမ့်မယ်။

ရိုဟင်ဂျာဒုက္ခသည် ပထမအသုတ်ဌာနေပြန်ပို့ရေး UNHCR စိုးရိမ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ပထမဆုံးအသုတ်ကို စပြီးပြန်ပို့ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား မကြာသေးခင်က သဘောတူလိုက်ကြတဲ့အပေါ် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ UNHCR က ကန့်ကွက်ပါတယ်။ အခြေအနေတွေဟာ ဒုက္ခသည်တွေ ဘေးရန်ကင်းပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်နိုင်တဲ့အနေအထားမျိုး မရှိသေးဘူး လို့ UNHCR ကပြောပါတယ်။ ဒုက္ခသည်တွေကိုယ်တိုင်ကလည်း ပြန်ပို့ခံရမယ့်အစီအစဉ်အပေါ် သဘောတူ လက်ခံကြ ရိုဟင်၈ျာဒုက္ခသည်ပထမအသုတ်ဌါနေပြန်ပို့ရေး UNHCR စိုးရိမ်တဲ့ပုံ မရှိပါဘူး။ ဂျီနီဗာကနေ Lisa Schlein ပေးပို့ထားတဲ့သတင်းလွှာနဲ့ ရိုက်တာသတင်းဆောင်းပါးတို့ကို စုစည်းပြီး ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

လူမျိုးရေးခွဲခြားမှုဝေဖန်ချက် မြန်မာကိုယ်စားလှယ် ကုလမှာ တုန့်ပြန်


(၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအတွက် မြန်မာ့အရေးဆုံးဖြတ်ချက် မူကြမ်းကိုအဓိကရေးဆွဲမယ့် တတိယကော်မတီမှာ အင်္ဂါနေ့က ကျင်းပတဲ့လူမျိုးရေးအရ အစွန်းရောက်မှု၊ ခွဲခြားမှု ပပျောက်ရေးဆိုင်ရာဆွေးနွေးပွဲမှာ မြန်မာကိုယ်စားလှယ်က ရိုဟင်ဂျာ ပြဿနာ အကြပ်အတည်းနဲ့ပတ်သက်လို့ ကာကွယ်ပြောဆိုသွားပါတယ်။