Wednesday, October 31, 2018

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ကြီးကြပ်သူများ၏ ကြီးကြပ်မှုနှင့် ဆုံးဖြတ်ချက်ကို ဆန်းစစ်ချင်သည့်အတွက် ဝင်ပြိုင်ခြင်းဖြစ် ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဆို


၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ကြီးကြပ်သူများ၏ ကြီးကြပ်မှုနှင့် ဆုံးဖြတ်ချက်များကို ဆန်းစစ်ချင်သည့် အတွက်ကြောင့် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။ 
“အခုလုပ်တော့မယ့် ကြားဖြတ်ရွေးကောက်ပွဲဆိုတဲ့ ပြိုင်ပွဲကိုကြီးကြပ်မယ့် ခေါင်လူကြီးတွေရဲ့ သမာဓိရှိမှု၊ သစ္စာရှိမှု သာမာသတ်မှု ကျမှု မျှတမှု၊ သင်္ခါရတရားအရ လူတွေဟာ တစ်ချိန်မှာလောကကြီးကို စွန့်ခွာသွားရပါတယ်။ အဲဒီအချိန်တိုင်အောင် မြန်မာ့နိုင်ငံ ရေးလောကမှာ ဒီပုဂ္ဂိုလ်ကြီးများရဲ့ စဉ်းစားဆုံးဖြတ် သုံးသပ်မှုတွေဟာ သမိုင်းနဲ့အတူ ကျန်ခဲ့ဖြစ်တော့ အဲဒီကြီးကြပ်မှုနဲ့ ဆုံးဖြတ်မှု တွေဟာ ဥပဒေကြောင်းနဲ့ ဘယ်လောက် ညီညီညွတ် ညွတ် နဲ့မျှမျှတလုပ်သလဲဆိုတာ ဆန်းစစ်ချင်တဲ့အတွက်ကြောင့် ဝင်ရောက် ယှဉ်ပြိုင်တာဖြစ်ပါတယ်” ဟု ဦးသန်းဌေးက ပြောသည်။ 

မဲဆန္ဒနယ်ပြည်သူတွေအတွက် ရွေးချယ်စရာအားထားစရာတစ်ခုအနေဖြင့် ပြည်ခိုင်ဖြိုးပါတီကြီး တစ်ခုရှိနေကြောင်း ပြချင်သည့် အတွက် ဝင်ပြိုင်ခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။ 

“ဒီနေ့လွှတ်တော်တွေဟာ မဏ္ဍိုင်သုံးရပ် နိုင်မှုအလွန်တရာမှ အာနည်းသွားပါတယ်။ အဲဒီအားနည်းသွားတဲ့ လွှတ်တော်ကို ရသ လောက်အားဖြည့် ထိန်းသိမ်းပြီး ဒီမိုကရေစီလုပ်ထုံးလုပ်နည်းတွေနဲ့ အပြန်အလှန်ထိန်းကျောင်းခြင်းဆိုတဲ့ လုပ်နည်းလုပ်ဟန်တွေ ကို ထိန်းသိမ်းဆယ်တင်ပြုပြင်ပေးချင်တယ်” ဟု ဦးသန်းဌေးက ပြောသည်။ 

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေ ဖြင့် လစ်လပ် ၁၃ နေရာရှိသည့်အနက် ၁၀ နေရာကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြိုင်ဘက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ရှုံးနိမ့်ခဲ့သသည့်အတွက် အစိုး ရ တာဝန်များကို လွဲပြောင်းပေးခဲ့သည့် အင်အားကြီး ပါတီတစ်ခုဖြစ်သည်။ 

ယခုကြားဖြတ်ရွေးကောက်ပွဲတွင် ၂၀၁၅ ခုနှစ်ကနိုင်ခဲ့သည့်အတိုင်း ၁၀၀ ရာခိုင်နှုန်းအနိုင်ရရန် မျှော်မှန်းထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုသုတေသနအတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကလည်း ပြောဆိုထားသည်။ 


ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment