Wednesday, October 31, 2018

မြန်မာနိုင်ငံသားများ ဖန်တီးထားသည့် facebook ကဲ့သို့ အသုံးပြုနိုင်မည့် Tricay Social Network Application မိတ်ဆက်


မြန်မာနိုင်ငံသားများ ဖန်တီးထားသည့် facebook ကဲ့သို့ အသုံးပြုနိုင်မည့် Tricay Social Network Application မိတ်ဆက်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၃၀ ရက် ညနေပိုင်းက M3 စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။ 
“ ကျွန်မတို့ Tricay ဖရိန်ကို ဆွတ်စလန်နိုင်ငံ ရှာဟက်(ဖ်) ဟူဆန်မြို့မှာရှိတဲ့ Soft – lab24 ကုမ္ပဏီမှ တရားဝင် လိုင်စင်ရယူ ထားခြင်းဖြစ်ပါတယ်။ ဝယ်ယူပြီး တစ်ပတ်အတွင်း အနောက်ဥရောပရဲ့ ပိတ်ဆို့ခြင်းခံရတဲ့အတွက် စာချုပ်ဖျက်သိမ်းခြင်း ခံရပါတယ်။ 

အခက်အခဲအများကြီးနဲ့ ကြုံခဲ့ရပေမယ့် ပြည်တွင်း ပညာရှင်တွေရဲ့ အကူအညီနဲ့ အောင်မြင်အောင် တည်ဆောက်နိုင် ခဲ့ပါတယ်။ Tricay က facebook, twitter, vk ကဲ့သို့ Social Network application ဖြစ်ပေမယ့် နည်းပညာတည် ဆောက်ပုံ ဈေးကွက်တည်ဆောက်ပုံ ကွဲပြားခြားနားမှာကို တွေ့ရမှာပါ” ဟု ယွန်းဟံသာ ကုမ္ပဏီ Marketing Director မသက်ထားကိုကို ကပြောသည်။ 

Application စတင်တည်ဆောက်ချိန်တွင် သုံးစွဲသူများ စိတ်ချယုံကြည်မှုအပြည့်ပေးနိုင်ရန် data cloud technology ကို သုံးစွဲ ထားပြီး transition အတွက် TSL 3.0 နှင့် World Wide Certificate 3.0 ကို သုံးစွဲထားကြောင်း သိရသည်။ 

လက်ရှိတွင် Tricay Social Network၏ အခြေခံ Features များအပြင် ပြည်တွင်း မီဒီယာ ၁၁ ခု၏ အွန်လိုင်း သတင်းများ လေ့လာ နိုင်ခြင်း အွန်းလိုင်းဂိမ်းများ ဆော့နိုင်ခြင်းများ၊ ပို့စ်တင်ခြင်း၊ ပရိုဖိုင်းချိန်းခြင်းစသည့်တို့ကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

Tricay Social Network application ကို Google Play Store တွင် ဒေါင်းလုဒ်ရယူနိုင်ပြီး ဖေ့ဘုတ်ဖြင့် ချိတ်ဆိတ်ထားသည့်အတွက် အလွယ်တကူ Log In ပြုလုပ်နိုင်ကြောင်း သိရသည်။ 

ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)


0 comments:

Post a Comment