အရေးကြီိးတဲ့ အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲတွေ ကျင်းပဖို့ သီတင်းတပတ်တောင် မလိုတော့တဲ့အချိန်မှာ Pittsburgh မြို့က ဂျူးဘုရားကျောင်းမှာ လူ အစုလိုက်အပြုံလိုက် အသတ်ခံရတာနဲ့ ထင်ရှားတဲ့ ဒီမိုကရက်ခေါင်းဆောင်တွေ ကို ပါဆယ်ဗုံးတွေပို့တဲ့ အမျိုးသားတဦးကိုဖမ်းဆီးထား တဲ့ ဖြစ်ရပ်တွေကြောင့် အမေရိကန်နိုင်ငံသားတွေ အတော်လေး စိတ်ပူပန် နေကြပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့မှာ လွှတ်တော်သစ်ကို ရွေးကောက်တင်မြှောက်တဲ့အခါ ဝါရှင်တန်နိုင်ငံရေး ထိန်းချုပ်မှုမှာ အပြောင်းအလဲဖြစ်နိုင်ပြီး သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့ ကျန်တဲ့သက်တမ်း နှစ်နှစ်အပေါ် သက်ရောက်မှု ကြီးမားနိုင်တာမို့ ခု ကျန်ရှိတဲ့ ၆ ရက်အတွင်း သမ္မတက ပြည်နယ်ပေါင်း ၈ ခုတို့ကို သွားရောက်ပြီးတော့ အကျိတ်အနယ် မဲဆွယ်စည်းရုံးနေပါတယ်။ ဒီအကြော်ငး ဗွီအိုအေသတင်းထောက် Jim Malone ပေးပို့တဲ့သတင်းလွှာကို ဒေါ်လှလှသန်းက ပြောပြပါမယ်။
0 comments:
Post a Comment