Sunday, June 2, 2019
၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ်၊ အ.မ.က (၃၄) ကျောင်းတွင် စတင်ပညာသင်ယူရန် ကျောင်းသို့ရောက်ရှိလာသော ကျောင်းသား၊ ကျောင်းသူများအား တွေ့ရစဉ်။
တိုက်ပွဲဖြစ်ပွားမှု နည်းလာခြင်းသည် ရလဒ်ကောင်းဟု တပ်မတော်ဆို
စစ်ဆင်ရေး ရပ်ဆိုင်းထားသည့် တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခုတွင် မေလအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ငါးကြိမ်သာဖြစ်ခဲ့ခြင်းသည် တိုက်ပွဲလျော့ကျလာခြင်းဖြစ်သောကြောင့် ရလဒ်ကောင်းဟုထင်မြင်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။
ပါကစ္စတန်က အိန္ဒိယသံရုံး ဧည့်ခံပွဲ ရဲတပ်ဖွဲ့ ၀င်ရောက်တားဆီး
ပါကစ္စတန်နိုင်ငံ၊ အစ္စလမ်မာဘတ်မြို့မှာရှိတဲ့ အိန္ဒိယသံရုံးရဲ့ ဧည့်ခံပွဲတစ်ခုကို ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့တွေက ၀င်ရောက်နှောင့်ယှက် ခြိမ်းခြောက်ခဲ့ကြတယ်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။
တိန်အန်မင်ကိစ္စ ဖြိုခွဲခဲ့တာ မှန်ကန်တဲ့မူဝါဒဖြစ်ကြောင်း တရုတ်အစိုးရ ပြော
တရုတ်ပြည်မှာ တိန်အန်မင်အရေးအခင်းလို့ ကမ္ဘာကျော်တဲ့ ကျောင်းသားလှုပ်ရှားမှုအပေါ် အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲခဲ့တာဟာ မှန်ကန်တဲ့မူဝါဒ ဖြစ်တယ်လို့ တရုတ်အစိုးရက တနင်္ဂနွေနေ့က ကာကွယ်ပြောဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်းမှာ မေလအတွင်း မှောင်ခိုသစ် တန် သုံးရာကျော် ဖမ်းမိ
စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ မေလအတွင်း တရားမ၀င် ခုတ်လှဲခဲ့တဲ့ သစ် ပမာဏ တန်ချိန် ၃၂၆ တန်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ၉၅ ရာခိုင်နှုန်းအထိသေချာ
ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်၊ မ၀င် အဆုံးအဖြတ်ခံရမည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ ကမ္ဘာ့အမွေအနှစ် စာရင်း ၀င်ရန် ၉၅ ရာခိုင်နှုန်းအထိ သေချာဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုသည်။
တိုင်းရင်းသားစာပေသင်ကြားရန် ခန့်အပ်ထားခဲ့သည့် ဆရာ၊ ဆရာမများအနက်မှ ဘွဲ့ရပြီးသူများ ပညာရေးကောလိပ် တက်ရောက်ပြီးဆုံးလျှင် မူလတန်းပြဖြစ်ခွင့်ရှိမည်
၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ တိုင်းရင်းသား စာပေသင်ကြားရန် ခန့်အပ်ထားခဲ့သည့် သင်ကြားရေးအကူနေ့စားလပေးဆရာ၊ ဆရာမ (Teaching Assistant-TA) ၅ဝဝဝ ကျော်အနက် ဘွဲ့ရ ၇၁၉ ဦးပါရှိရာ ၎င်းတို့အနေဖြင့် ပညာရေးကောလိပ်တွင် သင်တန်းတက်ရောက်ပြီးဆုံးပါက မူလတန်းပြဆရာ၊ ဆရာမများအဖြစ် ခန့်အပ်သွားရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
Subscribe to:
Posts (Atom)




























