Sunday, June 2, 2019

ဒေါ်အောင်ဆန်းစုကြည် ချက်နိုင်ငံဝန်ကြီးချုပ်နှင့် ယနေ့တွေ့ဆုံမည်


နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် ယနေ့ (ဇွန်လ ၃ရက်)တွင် ချက်နိုင်ငံဝန်ကြီးချုပ် အန် ဒရီးဘားဘီးစ်၊ နိုင်ငံခြားရေးဝန် ကြီး သောမက်စ်ပတ်ထရီဆက်တို့ နှင့် သီးခြားစီတွ့ဆုံမည်ဖြစ်ကြောင်း Radio Praha သတင်းဌာနက ဖော်ပြသည်။ 
ထို့အပြင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်နိုင်ငံသမ္မတ မီလော့စ်ဇီမန်းနှင့်လည်း သီးခြားတွေ့ဆုံရန်ရှိသည်။ 
ချက်သမ္မတ နိုင်ငံဝန်ကြီး ချုပ်၏ ဖိတ်ကြားချက်အရ တရား ၀င်ချစ်ကြည်ရေး ခရီးသွားရောက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်တွင် ပရက်ဂ်မြို့တော်သို့ ရောက်ရှိလာပြီး ဇွန်လ ၂ ရက်တွင် ကိုယ်ပိုင်အချိန်အဖြစ် ရှိနေခဲ့သည်ဟု ဆိုသည်။ 
ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၄ ရက်တွင် ပရက်ဂ် မြို့၌ကျင်းပမည့် စီးပွားရေးဖိုရမ် (Business Forum) တွင် မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။ ယင်း ဖိုရမ်သို့ ချက်စီးပွားရေးလုပ်ငန်း ရှင်များနှင့် မြန်မာစီးပွားရေးလုပ် ငန်းရှင်များ တက်ရောက်မည်ဖြစ် သည်။ 
ထို့အပြင် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ပ ရက်ဂ်မြို့၌ကျင်းပမည့် ချက်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်မည်ဖြစ် သည်။ 
ယခင်က သံတမန်အဆက် အသွယ်ရှိခဲ့သည့် ချက်နှင့်မြန်မာ သည် ၁၉၉၂ နှင့် ၁၉၉၃ တွင် သက်ဆိုင်ရာသံရုံးများကို ပိတ် သိမ်းခဲ့သော်လည်း ၂၀၁၄ တွင် ချက်နိုင်ငံက မြန်မာနိုင်ငံသို့ သံရုံး လာရောက်ဖွင့်လှစ်ခဲ့သည်။ 
ချက်သမ္မတဟောင်း ဟာ ဗယ်သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကို ၁၉၉၁ တွင် နိုဗယ် ငြိမ်းချမ်းရေးဆုအတွက် အမည် စာရင်းတင်သွင်းသူဖြစ်ပြီး ဒေါ် အောင်ဆန်းစုကြည်သည် ၂၀၁၃ တွင် ဟာဗယ်၏ အမွေအနှစ်နှင့် ဆက်နွှယ်နေသည့် Forum 2000 Conference သို့ တက် ရောက်ရန် ချက်နိုင်ငံသို့ သွား ရောက်ခဲ့သည်။ 
ဒေါ်အောင်ဆန်းစုကြည် သည် ချက်ခရီးစဉ်အပြီးတွင် ဟန် ဂေရီနိုင်ငံသို့ ဆက်လက်သွား ရောက် မည်ဖြစ်ပြီး ယင်းဥရောပ နှစ်နိုင်ငံ ခရီးစဉ်သည် ငါးရက်ခန့် ကြာမြင့်မည်ဖြစ်သည်။ 
အထက်ပါခရီးစဉ်တွင် ရင်း နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဦးကျော် တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မှ အဆင့်မြင့်အရာရှိများလိုက်ပါ သွားသည်။

7Day

0 comments:

Post a Comment