Sunday, June 2, 2019

ပါကစ္စတန်က အိန္ဒိယသံရုံး ဧည့်ခံပွဲ ရဲတပ်ဖွဲ့ ၀င်ရောက်တားဆီး


ပါကစ္စတန်နိုင်ငံ၊ အစ္စလမ်မာဘတ်မြို့မှာရှိတဲ့ အိန္ဒိယသံရုံးရဲ့ ဧည့်ခံပွဲတစ်ခုကို ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့တွေက ၀င်ရောက်နှောင့်ယှက် ခြိမ်းခြောက်ခဲ့ကြတယ်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။ 
ဆရီနာ ဟိုတယ်မှာ ကျင်းပတဲ့ အဲဒီဧည့်ခံပွဲ တက်ရောက်လာသူတွေကို ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့တွေက ၀င်ရောက်တားဆီးနှောင့်ယှက်ခဲ့ကြရာမှာ ဧည့်သည်သုံးရာလောက် ၀င်ခွင့်မရခဲ့ကြကြောင်း၊ ဧည့်သည်တချို့ရဲ့ ကားတွေကိုလည်း ပါကစ္စတန်ရဲတပ်ဖွဲ့က ၀န်ချီစက်တွေအသုံးပြုပြီး ဖယ်ရှားပစ်ခဲ့ကြောင်းလည်း ပြောပါတယ်။ 

အိန္ဒိယ သံရုံးဝန်ထမ်းတချို့နဲ့ တက်ရောက်လာသူ သံတမန်တချို့ ကိုယ်ထိလက်ရောက် ပြုမူခံခဲ့ကြရကြောင်း အိန္ဒိယ ကော်မရှင်နာမင်းကြီးက ပြောဆိုလိုက်ပြီး၊ ဒီကိစ္စအပေါ် စုံစမ်းစစ်ဆေးပေးဖို့ ပါကစ္စတန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ 

ဒါပေမဲ့ ပြီးခဲ့တဲ့ မတ်လက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ပါကစ္စတန် ကော်မရှင်နာမင်းကြီးရုံးမှာ ပါကစ္စတန် အမျိုးသားနေ့ ကျင်းပခဲ့စဉ်ကလည်း အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ အလားတူ ပြုမူခဲ့ကြတယ်လို့ ပါကစ္စတန်ဘက် တိုင်ကြားထားတာလည်းရှိခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။ 

Photo: Money SHARMA / AFP
RFA

0 comments:

Post a Comment