Sunday, June 2, 2019

တိန်အန်မင်ကိစ္စ ဖြိုခွဲခဲ့တာ မှန်ကန်တဲ့မူဝါဒဖြစ်ကြောင်း တရုတ်အစိုးရ ပြော


တရုတ်ပြည်မှာ တိန်အန်မင်အရေးအခင်းလို့ ကမ္ဘာကျော်တဲ့ ကျောင်းသားလှုပ်ရှားမှုအပေါ် အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲခဲ့တာဟာ မှန်ကန်တဲ့မူဝါဒ ဖြစ်တယ်လို့ တရုတ်အစိုးရက တနင်္ဂနွေနေ့က ကာကွယ်ပြောဆိုလိုက်ပါတယ်။ 
တိန်အန်မင်အရေးအခင်း နှစ် ၃၀ ပြည့်တော့မယ့် အချိန်မှာ ပြောဆိုလိုက်တာပါ။ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့က ကျောင်းသားတွေနဲ့ အလုပ်သမားတွေ စုပေါင်းပြီး ဒီမိုကရေစီအပြောင်းအလဲနဲ့ အကျင့်ပျက်ခြစားမှု အဆုံးသတ်ရေးအတွက် သီတင်းပတ် ခုနှစ်ပတ်ကြာ တောင်းဆိုဆန္ဒပြခဲ့ကြရာမှာ အစိုးရက စစ်တပ်နဲ့ တင့်ကားတွေအသုံးပြုပြီး အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။ သေဆုံးသူ တစ်ထောင်ကျော်ရှိမယ်လို့ ခန့်မှန်းကြပေမယ့် အတိအကျမသိရပါဘူး။ 
စင်္ကာပူမှာ ဒေသဆိုင်ရာ လုံခြုံရေးဆွေးနွေးပွဲတရပ်ကို တက်ရောက်နေတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးက အခု တိန်အန်မင်ကိစ္စ နှစ် ၃၀ ပြည့်တော့မယ့်အချိန်မှာ တရုတ်ပြည်ကို ကြည့်လိုက်ပါ၊ ကြီးမားတဲ့ အပြောင်းအလဲတွေနဲ့အတူ တရုတ်ပြည်ဟာ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ခံစားနေရပြီဖြစ်ပါတယ်လို့ ပြောကြားလိုက်ပါတယ်။ 
ဒီအတွင်း ဟောင်ကောင်က အဆိုတော် အန်ထော်နီ ဝေါင်း က တိန်အန်မင်အရေးအခင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ဒါရာဇ၀တ်မှု မဟုတ်ပါလား ဆိုတဲ့ တေးသီချင်းကို မေလက ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။ အဲဒီ သီချင်းကို တရုတ်ပြည်မမှာ ပိတ်ပင်ထားပါတယ်။ 

Photo: AFP
RFA

0 comments:

Post a Comment