
ဒီနေ့မနက် ( အောက်တိုဘာလ ၂ ရက်နေ့) ရုံးသွားဖို့ ၃၃ ကျောက်တန်းကားကို သင်္ဘောကျင်း မှတ်တိုင်ကနေစီးတော့ ဝါဆိုမှတ်တိုင်အရောက်မှာ ယောက်ျားသုံးယောက်တက်လာတယ်။ သူတို့ကို သတိထားမိတယ်ဆိုတာက ကားထွက်ပြီး မှတ်တိုင်အကျော်မှ နောက်က အသဲသန်တားပြီး တက်လာတာ ကားကျပ်မှန်းသိနေတော့သူတို့အတွက် ဂွင်ပဲလေ။




























