ရန်ကုန်မိုးပျံအမြန်လမ်း တည်ဆောက်မှုမှာ တစ်ကီလိုမီတာလျှင် ကန်ဒေါ်လာ သန်း ၃၀ ကုန်ကျမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လွယ်ကူစွာ သွားနိုင်ရန်အတွက် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းပိုင်းအရှည်မှာ ၄၇ ဒဿမ ၅ ကီလိုမီတာ အရှည်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဆန်ခါတင်ရွေးချယ်ထားသည့် ကုမ္ပဏီ (၁၀) ခုကို အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ရွေးချယ်သွားမည်ဖြစ်ပြီး စီမံကိန်းကိုတော့ ၂၀၂၀ တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
“လောလောဆယ် ကုမ္ပဏီက မရွေးရသေးဘူး။ ၂လအတွင်း ရွေးချယ်သွားမယ်။ ကုန်ကျစရိတ်က မပြောနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ ဒါကရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ စီမံကိန်းပါ။ လက်ရှိ တွက်ထားတာက တစ်ကီလိုမီတာကို သန်း ၃၀ လောက် ကုန်မယ်မယ်လို့ မှန်းထားတယ်။ တည်ဆောက်ချိန်ကာလကတော့ သုံးနှစ်နဲ့ သုံးနှစ်ခွဲကြာပါ”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။
ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းမှ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းများ၊ Dry Ports အခြေပြုမြို့သစ်များနှင့် နိုင်ငံ၏ စီးပွားရေး စင်္ကြံလမ်းမကြီးတစ်ခု ပေါ်ထွက်လာစေရန် ရည်ရွယ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
<Zawgyi>
ရန်ကုန်မိုးပျံလမ်းတည်ဆောက်မှု တစ်ကီလိုမီတာလျှင် ကန်ဒေါ်လာ သန်း ၃၀ ကုန်ကျမည်ဟု ဆို
Wednesday,October 2, 2019
ရန်ကုန်မိုးပျံအမြန်လမ်း တည်ဆောက်မှုမှာ တစ်ကီလိုမီတာလျှင် ကန်ဒေါ်လာ သန်း ၃၀ ကုန်ကျမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လွယ်ကူစွာ သွားနိုင်ရန်အတွက် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းပိုင်းအရှည်မှာ ၄၇ ဒဿမ ၅ ကီလိုမီတာ အရှည်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဆန်ခါတင်ရွေးချယ်ထားသည့် ကုမ္ပဏီ (၁၀) ခုကို အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ရွေးချယ်သွားမည်ဖြစ်ပြီး စီမံကိန်းကိုတော့ ၂၀၂၀ တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
“လောလောဆယ် ကုမ္ပဏီက မရွေးရသေးဘူး။ ၂လအတွင်း ရွေးချယ်သွားမယ်။ ကုန်ကျစရိတ်က မပြောနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ ဒါကရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ စီမံကိန်းပါ။ လက်ရှိ တွက်ထားတာက တစ်ကီလိုမီတာကို သန်း ၃၀ လောက် ကုန်မယ်မယ်လို့ မှန်းထားတယ်။ တည်ဆောက်ချိန်ကာလကတော့ သုံးနှစ်နဲ့ သုံးနှစ်ခွဲကြာပါ”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။
ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းမှ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းများ၊ Dry Ports အခြေပြုမြို့သစ်များနှင့် နိုင်ငံ၏ စီးပွားရေး စင်္ကြံလမ်းမကြီးတစ်ခု ပေါ်ထွက်လာစေရန် ရည်ရွယ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
#Myanmar_Online_News
0 comments:
Post a Comment