Tuesday, October 1, 2019

ကရင်အာဇာနည်နေ့ ကျင်းပသည့် အတွက် အစိုးရမှ တရားစွဲထားသည့် အမှုသို့ နယ်ပယ်အသီးသီးမှ တိုင်းရင်းသားပြည်သူများ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ဝန်းရံ


ကရင်အမျိုးသား အာဇာနည်နေ့ ကျင်းပသည့်အတွက် အစိုးရမှတရားစွဲထားသည့် နော်အုန်းလှနှင့် ကရင် လူငယ် ၂ ဦး အမှုကို ယနေ့ကျောက်တံတားမြို့နယ် တရားရုံးတွင် အမိန့်ချမည့် ရုံးချိန်းသို့ ကရင်တိုင်းရင်းသား ပြည်သူများက ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလပန်းခြံမှ ပန်းဆိုးတန်းလမ်းမတိုင်း တရားရုံးသို့ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်ဝန်းရံခဲ့သည်။ 

အမိန့်ချမည့် တရားခွင်ကို ယနေ့ မွန်းလွဲပိုင်းတွင် စတင်သွားရန် ရှိကြောင်း သိရှိရပါသည်။
လာရောက်ဝန်းရံသူ ကေအဲန်ယူ၊ ဗဟိုကော်မတီဝင်၊ ပဒိုမန်းငြိမ်းမောင်က "ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ရှူ့ပြီးတော့၊ တဦးနဲ့တဦး သံတရ မပွားရအောင် စဉ်းစား၊ လုပ်ဆောင်ပေးဖို့ ကေအဲန်ယူကိုယ်စားပြောချင်တယ် "ဟု တရားရုံးရှေ့တွင် ဝန်းရံ ပြည်သူများသို့ ပြောကြားခဲ့သည်။
ယနေ့မနက် ဆယ်နာရီ ၄၀ မိနစ်ခန့်အချိန်ခန့်တွင် အမှုရင်ဆိုင်ရန် နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးဖြစ်သူ စောအဲလ်ဘတ်ချိုနှင့် စသိန်းဇော်မင်းတို့ အချုပ်ကားဖြင့် တရားရုံးသို့ရောက်ရှိလာပြီး တိုင်းရင်းသားအခွင့်အရေး တန်းတူရရှိရေး ဒို့အရေး၊ တရားဥပဒေစိုးမိုးရေး ဒို့အရေး စသည်ဖြင့်ကြွေးကြော်ကာ ကရင်အမျိုးသားသီချင်းကို သီဆိုပြီး ကြိုဆိုခဲ့ကြသည်။
ယခုလို နယ်ပယ်စုံမှပြည်သူ ၁,၀၀၀ ဦးခန့် လာရောက်အားပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်းနှင့် ငြိမ်းချမ်းစွာ ဝန်းရံ ကြရန်၊ အပြစ်မရှိသည့်အတွက် အမိန့်ချမည့်အပေါ် စိုးရိမ်မှုမရှိကြောင်း၊ ယုခုလို အစိုးရက ပြုမူခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရန်အလှမ်းဝေးနေဦးမည်ဟု ပြောလိုကြောင်းမတရားစွဲ ခံရသူများကပြောသည်။
Image may contain: 6 people, people standing, crowd and outdoor
Image may contain: 1 person, crowd, sky and outdoor
Image may contain: 6 people, people standing, sky, crowd and outdoor
Image may contain: 3 people, crowd and outdoor
<Zawgyi>
ကရင် အာဇာနည်နေ့ ကျင်းပသည့် အတွက် အစိုးရမှ တရားစွဲထားသည့် အမှုသို့ နယ်ပယ်အသီးသီးမှ တိုင်းရင်းသားပြည်သူများ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ဝန်းရံ
Wednesday,October 2, 2019

ကရင်အမျိုးသား အာဇာနည်နေ့ ကျင်းပသည့်အတွက် အစိုးရမှတရားစွဲထားသည့် နော်အုန်းလှနှင့် ကရင် လူငယ် ၂ ဦး အမှုကို ယနေ့ကျောက်တံတားမြို့နယ် တရားရုံးတွင် အမိန့်ချမည့် ရုံးချိန်းသို့ ကရင်တိုင်းရင်းသား ပြည်သူများက ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလပန်းခြံမှ ပန်းဆိုးတန်းလမ်းမတိုင်း တရားရုံးသို့ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်ဝန်းရံ ခဲ့သည်။ အမိန့်ချမည့် တရားခွင်ကို ယနေ့ မွန်းလွဲပိုင်းတွင် စတင်သွားရန် ရှိကြောင်း သိရှိရပါသည်။
လာရောက်ဝန်းရံသူ ကေအဲန်ယူ၊ ဗဟိုကော်မတီဝင်၊ ပဒိုမန်းငြိမ်းမောင်က "ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ရှူ့ပြီးတော့၊ တဦးနဲ့တဦး သံတရ မပွားရအောင် စဉ်းစား၊ လုပ်ဆောင်ပေးဖို့ ကေအဲန်ယူကိုယ်စားပြောချင်တယ် "ဟု တရားရုံးရှေ့တွင် ဝန်းရံ ပြည်သူများသို့ ပြောကြားခဲ့သည်။
ယနေ့မနက် ဆယ်နာရီ ၄၀ မိနစ်ခန့်အချိန်ခန့်တွင် အမှုရင်ဆိုင်ရန် နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးဖြစ်သူ စောအဲလ်ဘတ်ချိုနှင့် စသိန်းဇော်မင်းတို့ အချုပ်ကားဖြင့် တရားရုံးသို့ရောက်ရှိလာပြီး တိုင်းရင်းသားအခွင့်အရေး တန်းတူရရှိရေး ဒို့အရေး၊ တရားဥပဒေစိုးမိုးရေး ဒို့အရေး စသည်ဖြင့်ကြွေးကြော်ကာ ကရင်အမျိုးသားသီချင်းကို သီဆိုပြီး ကြိုဆိုခဲ့ကြသည်။
ယခုလို နယ်ပယ်စုံမှပြည်သူ ၁,၀၀၀ ဦးခန့် လာရောက်အားပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်းနှင့် ငြိမ်းချမ်းစွာ ဝန်းရံ ကြရန်၊ အပြစ်မရှိသည့်အတွက် အမိန့်ချမည့်အပေါ် စိုးရိမ်မှုမရှိကြောင်း၊ ယုခုလို အစိုးရက ပြုမူခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရန်အလှမ်းဝေးနေဦးမည်ဟု ပြောလိုကြောင်းမတရားစွဲ ခံရသူများကပြောသည်။

0 comments:

Post a Comment