Tuesday, October 1, 2019

စစ်တပ်လက်အောက်ရှိ ခြေလျင်တပ်ရင်း(၂)ရင်းအား နန်းတော်ရဲ့ တိုက်ရိုက် ထိန်းချုပ်မှုအောက်သို့ ပြောင်းရွှေ့ရန် ထိုင်းဘုရင် တော်ဝင်အမိန့် ထုတ်ပြန်

ထိုင်းဘုရင် မဟာ ဗာဂျီရာလောင်ကွန်းက စစ်တပ်လက်အောက်က ခြေလျင် တပ်ရင်း (၂) ရင်းကို နန်းတော်ရဲ့ တိုက်ရိုက် ထိန်းချုပ်မှုအောက်ကို ပြောင်းရွှေ့ဝင်ရောက်ရန် တာ်ဝင်အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အဆိုပါ တော်ဝင်အမိန့်မှာ အောက်တိုဘာလ (၁) ရက်ကစပြီး အကျုံးဝင် သက်ရောက်ပြီး တော်ဝင်အမိန့်အရ စည်းမျဉ်းခံဘုရင် ဗာဂျီယာလောင်ကွန်းဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေး သြဇာအာဏာကို ပိုမိုခိုင်မာစေမယ့် လှုပ်ရှားချက်တစ်ရပ်ဖြစ်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အမျိုးသားလုံခြုံရေးနဲ့ ဘုရင်စနစ် အပေါ် ခြိမ်းခြောက်နေတဲ့ အရေးပေါ်အခြေအနေမျိုးမှာ ဘုရင်တစ်ပါးအနေနဲ့ တော်ဝင်အမိန့်ထုတ်ပြန်ခွင့်ပြုထားပြီး ယခု ထုတ်ပြန်လိုက်တဲ့ ဘုရင့်အမိန့်ကို ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဥပဒေတစ်ရပ်အဖြစ် လက်မှတ်ရေးထိုးခဲ့ပါတယ်။
သို့သော် မည်သည့် အရေးပေါ်အခြေအနေမျိုးကြောင့် ယခုလို တော်ဝင်အမိန့် ထုတ်ပြန်ရလဲဆိုတာ တိကျတဲ့ သတင်းထွက်ပေါ်လာခြင်းမရှိသေးကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
<Zawgyi>

Wednesday,October 2, 2019

0 comments:

Post a Comment