Tuesday, October 1, 2019

မွန်ပြည်နယ်၊ ကျိုက်ထီးရိုးတောင် ရင်ပြင်တော်အနီး ဘုန်းတော်ကြီးကျောင်းရှိ ရဟန်းတစ်ပါးထံမှ ဆေးခြောက်များ ဖမ်းဆီးရမိ

Image may contain: one or more people and indoor

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင် ရင်ပြင်တော်အနီးရှိ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်းတွင် နေထိုင်သော ရဟန်းတစ်ပါးထံမှ ဆေးခြောက်များ ဖမ်းဆီးရမိခဲ့ကြောင်း ကျိုက်ထီးရိုးရင်ပြင်တော် အုပ်ချုပ်ရေးအဖွဲ့မှ သိရှိရသည်။

မူးယစ်ဆေးဝါးသတင်းအရ အောက်တိုဘာ ၁ ရက်နေ့လည်ပိုင်းက ကျိုက်ထီးရိုးရင်ပြင်တော်အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ သွားရောက် စစ်ဆေးစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ရင်ပြင်တော်တာဝန်ရှိသူများသည် မူးယစ်ဆေးဝါးသတင်းအရ မူးယစ်ဆေးဝါးမှုဖြင့် နေအိမ်ဝင်ရောက် ရှာဖွေခွင့် ဝရမ်းအမှတ် (၆/၂၀၁၉)ဖြင့် ရင်ပြင်တော်အနီးရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းသီးသန့်ဆောင်တွင် သီတင်းသုံးနေထိုင်သော ဦးပညာဝံသ၏ အခန်းအား ဝင်ရောက်ရှာဖွေရန် သွားရောက်စဉ် ဦးပညာဝံသအား ၎င်း၏ အခန်းရှေ့တွင် တွေ့ရပြီး အခန်းထဲတွင် အမျိုးသမီးတစ်ဦးအား တွေ့ရသဖြင့် မေးမြန်းရန်ပြုစဉ် ဦးပညာဝံသမှ ထွက်ပြေးခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများမှ ဆက်လက်ရှာဖွေရာ အခန်းတွင်း ကွက်ပျစ်အောက်မှ အာလူးကြော် ဗူးအတွင်း ဆေးခြောက်ဟုယူဆရသော အရိုး/အရွက်အခြောက်ရောရာ ၈၁.၆၅ ဂရမ်၊ ၅ ကျပ်သားခန့်၊ တန်ဖိုးငွေကျပ် ၄၀၈၂၅ ကျပ်ခန့်အား တွေ့ရှိခဲ့ရပြီး ဆက်လက်ရှာဖွေရာ အိပ်ယာခေါင်းရင်းဘက်တွင် တင်ထားသော ရေခဲဖော့ဖာအတွင်းမှ အလေးချိန် ၅၇၁.၅၅ ဂရမ်၊ ၃၅ ကျပ်သားခန့်၊ တန်ဖိုး ၂၈၅၇၇၅ ကျပ်ခန့်၊ စုစုပေါင်း ဆေးခြောက် ၄၀ ကျပ်သားခန့်၊ တန်ဖိုး ၃၂၆၆၀၀ ကျပ်ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ဦးပညာဝံသနှင့် မနော်ဇာခိုင်တို့ ၂ ဦးအား ကင်မွန်းချောင်း နယ်မြေ ရဲစခန်းမှ မယ (ပ)၁ /၂၀၁၉၊ မူး/စိတ်ပြောင်းပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
<Zawgyi>
မွန်ပြည်နယ်၊ ကျိုက်ထီးရိုးတောင် ရင်ပြင်တော်အနီး ဘုန်းတော်ကြီးကျောင်းရှိ ရဟန်းတစ်ပါးထံမှ ဆေးခြောက်များ ဖမ်းဆီးရမိ
Wednesday,October 2, 2019

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင် ရင်ပြင်တော်အနီးရှိ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်းတွင် နေထိုင်သော ရဟန်းတစ်ပါးထံမှ ဆေးခြောက်များ ဖမ်းဆီးရမိခဲ့ကြောင်း ကျိုက်ထီးရိုးရင်ပြင်တော် အုပ်ချုပ်ရေးအဖွဲ့မှ သိရှိရသည်။
မူးယစ်ဆေးဝါးသတင်းအရ အောက်တိုဘာ ၁ ရက် နေ့လည်ပိုင်းက ကျိုက်ထီးရိုးရင်ပြင်တော် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ရင်ပြင်တော်တာဝန်ရှိသူများသည် မူးယစ်ဆေးဝါးသတင်းအရ မူးယစ်ဆေးဝါးမှုဖြင့် နေအိမ်ဝင်ရောက် ရှာဖွေခွင့် ဝရမ်းအမှတ် (၆/၂၀၁၉)ဖြင့် ရင်ပြင်တော်အနီးရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းသီးသန့်ဆောင်တွင် သီတင်းသုံးနေထိုင်သော ဦးပညာဝံသ၏ အခန်းအား ဝင်ရောက်ရှာဖွေရန် သွားရောက်စဉ် ဦးပညာဝံသအား ၎င်း၏ အခန်းရှေ့တွင် တွေ့ရပြီး အခန်းထဲတွင် အမျိုးသမီးတစ်ဦးအား တွေ့ရသဖြင့် မေးမြန်းရန်ပြုစဉ် ဦးပညာဝံသမှ ထွက်ပြေးခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများမှ ဆက်လက်ရှာဖွေရာ အခန်းတွင်း ကွက်ပျစ်အောက်မှ အာလူးကြော် ဗူးအတွင်း ဆေးခြောက်ဟုယူဆရသော အရိုး/အရွက်အခြောက်ရောရာ ၈၁.၆၅ ဂရမ်၊ ၅ ကျပ်သားခန့်၊ တန်ဖိုးငွေကျပ် ၄၀၈၂၅ ကျပ်ခန့်အား တွေ့ရှိခဲ့ရပြီး ဆက်လက်ရှာဖွေရာ အိပ်ယာခေါင်းရင်းဘက်တွင် တင်ထားသော ရေခဲဖော့ဖာအတွင်းမှ အလေးချိန် ၅၇၁.၅၅ ဂရမ်၊ ၃၅ ကျပ်သားခန့်၊ တန်ဖိုး ၂၈၅၇၇၅ ကျပ်ခန့်၊ စုစုပေါင်း ဆေးခြောက် ၄၀ ကျပ်သားခန့်၊ တန်ဖိုး ၃၂၆၆၀၀ ကျပ်ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ဦးပညာဝံသနှင့် မနော်ဇာခိုင်တို့ ၂ ဦးအား ကင်မွန်းချောင်း နယ်မြေ ရဲစခန်းမှ မယ (ပ)၁ /၂၀၁၉၊ မူး/စိတ်ပြောင်းပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

0 comments:

Post a Comment