Tuesday, October 1, 2019

မူဆယ် ၁၀၅ မိုင်တွင် နှစ်လနီးပါးခန့်ရပ်နားထားသော ဖရဲသီးဈေးကွက် ပြန်လည့်ဖွင့်လှစ်

Image may contain: food and outdoor

မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်တွင် နှစ်လနီးပါး ရပ်နားထားရသည့် ဖရဲသီးဈေးကွက်ကို အောက်တိုဘာလ ၁ရက်က ပြန်လည်ဖွင့်လှစ်ရောင်းချခဲ့ကြောင်း မူဆယ် ၁၀၅မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်မှ သိရသည်။

နှစ်လနီးပါး ဖရဲရောင်းချမှုကို မူဆယ် ၁၀၅မိုင်တွင် ရပ်နားထားသည့် ကာလများတွင် အဝယ်လိုက်သည့် ဝမ်တိန် ဘက်တွင် သွားရောက်ရောင်းချခဲ့ကြောင်း မူဆယ် ၁၀၅မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ပြောသည်။
“ ရောင်းသူဝယ်သူ အခြေအနေကြောင့် ဝမ်တိန်ဘက်မှာ သွားရောက်ရောင်းချရတာပါ။ ဝယ်တဲ့သူရှိတဲ့နေရာကို သွားရောင်းရတဲ့အတွက် မူဆယ် ၁၀၅မိုင်မှာ မရောင်းတာပါ။ ကျန်တဲ့ ကိစ္စတွေဘာမှမရှိပါဘူး။ အခု အောက်တို ဘာ ၁ရက်က စပြီး မူဆယ် ၁၀၅ မိုင်မှာ ဖရဲကို စရောင်းနေပါပြီ” ဟု ဦးစိုင်းမြင့်ဗိုလ်က ပြောသည်။
“ အခုက တရုတ်နိုင်ငံမှာ ပွဲတော်ရက်လည်း ဖြစ်နေတော့ အရောင်းအဝယ်ကတော့ ကောင်းတယ်ပြောရမယ်။ ဈေးကလည်း ပွဲတော်ရက်တွေ ဖြစ်နေတော့ ကောင်းပါတယ်” ဟု မူဆယ် ၁၀၅ မိုင်သစ်သီးဝလံရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဖရဲကားအစီးရေ ၂၀ စီးခန့် ဝင်ရောက်နေပြီး ဖရဲတစ်တန်လျှင် ယွမ် ၂၂၀၀ အထိ ဈေးပေါက် နေကြောင်း မူဆယ် ၁၀၅မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်မှ သိရသည်။
<Zawgyi>
မူဆယ် ၁၀၅ မိုင်တွင် နှစ်လနီးပါးခန့်ရပ်နားထားသော ဖရဲသီးစျေးကွက် ပြန်လည့်ဖွင့်လှစ်
Wednesday,October 2, 2019

မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်တွင် နှစ်လနီးပါး ရပ်နားထားရသည့် ဖရဲသီးဈေးကွက်ကို အောက်တိုဘာလ ၁ရက်က ပြန်လည်ဖွင့်လှစ်ရောင်းချခဲ့ကြောင်း မူဆယ် ၁၀၅မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်မှ သိရသည်။
နှစ်လနီးပါး ဖရဲရောင်းချမှုကို မူဆယ် ၁၀၅မိုင်တွင် ရပ်နားထားသည့် ကာလများတွင် အဝယ်လိုက်သည့် ဝမ်တိန် ဘက်တွင် သွားရောက်ရောင်းချခဲ့ကြောင်း မူဆယ် ၁၀၅မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ပြောသည်။
“ ရောင်းသူဝယ်သူ အခြေအနေကြောင့် ဝမ်တိန်ဘက်မှာ သွားရောက်ရောင်းချရတာပါ။ ဝယ်တဲ့သူရှိတဲ့နေရာကို သွားရောင်းရတဲ့အတွက် မူဆယ် ၁၀၅မိုင်မှာ မရောင်းတာပါ။ ကျန်တဲ့ ကိစ္စတွေဘာမှမရှိပါဘူး။ အခု အောက်တို ဘာ ၁ရက်က စပြီး မူဆယ် ၁၀၅ မိုင်မှာ ဖရဲကို စရောင်းနေပါပြီ” ဟု ဦးစိုင်းမြင့်ဗိုလ်က ပြောသည်။
“ အခုက တရုတ်နိုင်ငံမှာ ပွဲတော်ရက်လည်း ဖြစ်နေတော့ အရောင်းအဝယ်ကတော့ ကောင်းတယ်ပြောရမယ်။ ဈေးကလည်း ပွဲတော်ရက်တွေ ဖြစ်နေတော့ ကောင်းပါတယ်” ဟု မူဆယ် ၁၀၅ မိုင်သစ်သီးဝလံရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဖရဲကားအစီးရေ ၂၀ စီးခန့် ဝင်ရောက်နေပြီး ဖရဲတစ်တန်လျှင် ယွမ် ၂၂၀၀ အထိ ဈေးပေါက် နေကြောင်း မူဆယ် ၁၀၅မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်မှ သိရသည်။

0 comments:

Post a Comment