အောက်တိုဘာလ ၁ ရက်နေ့တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ၏တွစ်တာစာမျက်နှာတွင် “တစ်နေ့ပြီး တစ်နေ့ ကျွန်တော် လေ့လာရင်း ကောက်ချက်ချလို့ ရလာတာကတော့ အခုဖြစ်နေတာတွေက ပြစ်တင်စွပ်စွဲဖို့ မဟုတ်ဘူး။ အာဏာသိမ်းနေတယ် ဆိုတာပါပဲ” ဟုရေးသားထားပြီး သူ့ကို အောက်လွှတ်တော်က ပြစ်တင်စွပ်စွဲဖို့ စုံစမ်းစစ်ဆေးနေတာမဟုတ်ဘဲ အာဏာသိမ်းဖို့လုပ်နေတာလို့ ရှုတ်ချလိုက်ပါတယ်။
သမ္မတကို စွပ်စွဲပြစ်တင်ရန် ကြိုးစားနေသော ကိစ္စတွင် အောက်လွှတ်တော် ဒီမိုကရက်များနှင့် အစိုးရအဖွဲ့၏ အားပြိုင်မှုက ပြင်း ထန်နေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ဒီရက်ပိုင်းအတွင်းမှာပဲ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝန်ထမ်းဟောင်း၊ ဝန်ထမ်းသစ် ငါးယောက်ကို အောက်လွှတ်တော်က ခေါ်ယူစစ်ဆေးခြင်း မလုပ်နိုင်အောင် ကာကွယ်ပေးခဲ့သည်။
အောက်လွှတ်တော်က ဒီမိုကရက်တွေ ဦးဆောင်သော ကော်မတီ သုံးခုသည် နိုင်ငံခြားရေးဝန်ကြီးဌာနက လူတွေကို အနိုင်ကျင့်ခြင်း ၊ ဝန်ထမ်းများ၏ ပရော်ဖက်ရှင်နယ် ဆန်မှုအပေါ် မသင့်မလျော် ဆက်ဆံကြောင်း ပွန်ပီယိုက စွပ်စွဲထားပြီး အောက်လွှတ်တော်က ဒီမိုကရက်တွေကလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ သမ္မတကို စွပ်စွဲပြစ်တင်မခံရအောင် အုတ် တံတိုင်းကြီးလို ကာကွယ်ပေးထားတယ်လို့ တိုက်ခိုက်ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။
Ref-#AFP
<<Zawgyi>>
ပြစ်တင်စွပ်စွဲဖို့ စုံစမ်းစစ်ဆေးနေတာမဟုတ်ဘဲ အာဏာသိမ်းဖို့လုပ်နေတာဖြစ်ကြောင်း သမ္မတထရမ့် ရှုတ်ချ
Wednesday,October 2,2019
အောက်တိုဘာလ ၁ ရက်နေ့တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ၏တွစ်တာစာမျက်နှာတွင် “တစ်နေ့ပြီး တစ်နေ့ ကျွန်တော် လေ့လာရင်း ကောက်ချက်ချလို့ ရလာတာကတော့ အခုဖြစ်နေတာတွေက ပြစ်တင်စွပ်စွဲဖို့ မဟုတ်ဘူး။ အာဏာသိမ်းနေတယ် ဆိုတာပါပဲ” ဟုရေးသားထားပြီး သူ့ကို အောက်လွှတ်တော်က ပြစ်တင်စွပ်စွဲဖို့ စုံစမ်းစစ်ဆေးနေတာမဟုတ်ဘဲ အာဏာသိမ်းဖို့လုပ်နေတာလို့ ရှုတ်ချလိုက်ပါတယ်။
သမ္မတကို စွပ်စွဲပြစ်တင်ရန် ကြိုးစားနေသော ကိစ္စတွင် အောက်လွှတ်တော် ဒီမိုကရက်များနှင့် အစိုးရအဖွဲ့၏ အားပြိုင်မှုက ပြင်း ထန်နေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ဒီရက်ပိုင်းအတွင်းမှာပဲ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝန်ထမ်းဟောင်း၊ ဝန်ထမ်းသစ် ငါးယောက်ကို အောက်လွှတ်တော်က ခေါ်ယူစစ်ဆေးခြင်း မလုပ်နိုင်အောင် ကာကွယ်ပေးခဲ့သည်။
အောက်လွှတ်တော်က ဒီမိုကရက်တွေ ဦးဆောင်သော ကော်မတီ သုံးခုသည် နိုင်ငံခြားရေးဝန်ကြီးဌာနက လူတွေကို အနိုင်ကျင့်ခြင်း ၊ ဝန်ထမ်းများ၏ ပရော်ဖက်ရှင်နယ် ဆန်မှုအပေါ် မသင့်မလျော် ဆက်ဆံကြောင်း ပွန်ပီယိုက စွပ်စွဲထားပြီး အောက်လွှတ်တော်က ဒီမိုကရက်တွေကလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ သမ္မတကို စွပ်စွဲပြစ်တင်မခံရအောင် အုတ် တံတိုင်းကြီးလို ကာကွယ်ပေးထားတယ်လို့ တိုက်ခိုက်ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။
Ref-#AFP
0 comments:
Post a Comment