Wednesday, October 2, 2019

ဟောင်ကောင်ဆန္ဒပြပွဲတွင် ရဲများ ကျည်အစစ်သုံးဖြိုခွင်းပြီး လူပေါင်း ၁၈၀ ကျော်ဖမ်းဆီးခံရ


ဟောင်ကောင်ဆန္ဒပြပွဲအတွင်း ရဲများက ကျည်အစစ်သုံး ဖြိုခွင်းခဲ့သလို ဆန္ဒပြသူ ၁၈၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ဆန္ဒပြအုပ်စုတွေက ပုလင်းများတွင် ရေနံဆီထည့်ထားသော ဗုံးများ၊ တုတ်များဖြင့် ရဲများကို တုံ့ပြန်ခဲ့ကြောင်း မျက်မြင်သက်သေတွေက ဆိုသည်။ ဟောင်ကောင်ဆန္ဒပြမှုများသည် ၄ လကျော် ကြာမြင့်နေပြီဖြစ်ပြီး မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ် နေဆဲဖြစ်သည်။

တရုတ်နိုင်ငံတွင် နိုင်ငံတည်ထောင်မှု နှစ် ၇၀ ပြည့် အခမ်းအနားကျင်းပနေချိန်မှာ ဟောင်ကောင်ဆန္ဒပြမှုတွေ ထပ်မံဖြစ်ပွားခဲ့ပြီး ရဲများနှင့်ဆန္ဒပြအုပ်စုများ ထိပ်တိုက် တွေ့ဆုံခဲ့သည်။ ရဲများ၏ ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူ ၁၀၄ ဦး ဆေးရုံတင်ပို့ခဲ့ရပြီး၊ အသက် ၁၈ နှစ်အရွယ်ရှိ ဆန္ဒပြသူတစ်ဦး ဝမ်းဗိုက်ကို ကျည်ဆံထိမှန်ခဲ့ကြောင်း သိရသည်။ ရဲများသည် ဆန္ဒပြအုပ်စုများကို ဖြိုခွင်းရာတွင် မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက်များအပြင် ကျည်အစစ် ခြောက်ချက်ပစ်ခတ်ခဲ့ကြောင်း၊ ရဲအရာရှိ ၂၅ ဦး ဒဏ်ရာရသွားခဲ့ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့အကြီးအကဲ စတီဖင်လိုကဆိုသည်။
Image may contain: 1 person, smiling, standing and outdoor
Image may contain: one or more people

<Zawgyi>
ဟောင်ကောင်ဆန္ဒပြပွဲတွင် ရဲများ ကျည်အစစ်သုံးဖြိုခွင်းပြီး လူပေါင်း ၁၈၀ ကျော်ဖမ်းဆီးခံရ
Wednesday,October 2, 2019

ဟောင်ကောင်ဆန္ဒပြပွဲအတွင်း ရဲများက ကျည်အစစ်သုံး ဖြိုခွင်းခဲ့သလို ဆန္ဒပြသူ ၁၈၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ဆန္ဒပြအုပ်စုတွေက ပုလင်းများတွင် ရေနံဆီထည့်ထားသော ဗုံးများ၊ တုတ်များဖြင့် ရဲများကို တုံ့ပြန်ခဲ့ကြောင်း မျက်မြင်သက်သေတွေက ဆိုသည်။ ဟောင်ကောင်ဆန္ဒပြမှုများသည် ၄ လကျော် ကြာမြင့်နေပြီဖြစ်ပြီး မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ် နေဆဲဖြစ်သည်။
တရုတ်နိုင်ငံတွင် နိုင်ငံတည်ထောင်မှု နှစ် ၇၀ ပြည့် အခမ်းအနားကျင်းပနေချိန်မှာ ဟောင်ကောင်ဆန္ဒပြမှုတွေ ထပ်မံဖြစ်ပွားခဲ့ပြီး ရဲများနှင့်ဆန္ဒပြအုပ်စုများ ထိပ်တိုက် တွေ့ဆုံခဲ့သည်။ ရဲများ၏ ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူ ၁၀၄ ဦး ဆေးရုံတင်ပို့ခဲ့ရပြီး၊ အသက် ၁၈ နှစ်အရွယ်ရှိ ဆန္ဒပြသူတစ်ဦး ဝမ်းဗိုက်ကို ကျည်ဆံထိမှန်ခဲ့ကြောင်း သိရသည်။ ရဲများသည် ဆန္ဒပြအုပ်စုများကို ဖြိုခွင်းရာတွင် မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက်များအပြင် ကျည်အစစ် ခြောက်ချက်ပစ်ခတ်ခဲ့ကြောင်း၊ ရဲအရာရှိ ၂၅ ဦး ဒဏ်ရာရသွားခဲ့ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့အကြီးအကဲ စတီဖင်လိုကဆိုသည်။

0 comments:

Post a Comment