ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်း သိရှိနားလည်နိုင်ရေးအတွက် စုပေါင်းအဖွဲ့ဖြင့် လက်ကမ်းစာရွက်များဖြန့်ဝေ အသိပညာပေးမှုကို ၂၀၁၉ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့ မနက်အစောပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်း(တာလေ)ရှေ့ရှိ လမ်းမကြီးတွင် နံနက်(၆)နာရီခွဲမှ နံနက်(၈)နာရီအချိန်အထိ လက်ကမ်းစာရွက်များ ဖြန့်ဝေခဲ့ကြခြင်းဖြစ်ပြီး ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာများက နံနက်(၉)နာရီမှာ ယာဉ်စည်းကမ်းနဲ့ ပတ်သက်ပြီ အထက်တန်းကျောင်းအတွင်း၌ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။
တာလေမြို့နေ ပြည်သူများအနေဖြင့် ဆိုင်ကယ်မောင်းမည်ဆိုပါက ဆိုင်ကယ်စီးဦးထုပ်ဆောင်းကာ မေးသိုင်းကြိုးတပ်ရင်၊ (၂)ဦးထက်ပိုမစီးရန်၊ ပါဝါအိတ်ဇောကြီးများ တပ်ဆင်၍ မောင်းနှင်ခြင်းမပြုလုပ်ရန် နှင့် ဆိုင်ကယ်အား အမြန်မမောင်းရန် စသည့် စည်းကမ်းချက်များအား သိရှိနားလည်စေရန်အတွက် ပေးဝေခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
<<zawgyi>>
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာလေမြို့တွင် ယာဉ် / လမ်း စည်ကမ်းနားလည်ရေး လက်ကမ်းစာရွက်များ ယနေ့ မနက်ပိုင်းက ဖြန့်ဝေ
Wednesday,October 2, 2019
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်း သိရှိနားလည်နိုင်ရေးအတွက် စုပေါင်းအဖွဲ့ဖြင့် လက်ကမ်းစာရွက်များဖြန့်ဝေ အသိပညာပေးမှုကို ၂၀၁၉ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့ မနက်အစောပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်း(တာလေ)ရှေ့ရှိ လမ်းမကြီးတွင် နံနက်(၆)နာရီခွဲမှ နံနက်(၈)နာရီအချိန်အထိ လက်ကမ်းစာရွက်များ ဖြန့်ဝေခဲ့ကြခြင်းဖြစ်ပြီး ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာများက နံနက်(၉)နာရီမှာ ယာဉ်စည်းကမ်းနဲ့ ပတ်သက်ပြီ အထက်တန်းကျောင်းအတွင်း၌ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။
တာလေမြို့နေ ပြည်သူများအနေဖြင့် ဆိုင်ကယ်မောင်းမည်ဆိုပါက ဆိုင်ကယ်စီးဦးထုပ်ဆောင်းကာ မေးသိုင်းကြိုးတပ်ရင်၊ (၂)ဦးထက်ပိုမစီးရန်၊ ပါဝါအိတ်ဇောကြီးများ တပ်ဆင်၍ မောင်းနှင်ခြင်းမပြုလုပ်ရန် နှင့် ဆိုင်ကယ်အား အမြန်မမောင်းရန် စသည့် စည်းကမ်းချက်များအား သိရှိနားလည်စေရန်အတွက် ပေးဝေခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
#Myanmar_Online_News #တာလေ
0 comments:
Post a Comment