တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု-အင်းရှည်ကုန်းကျေးရွာမှ မီးဘေး သင့်အိမ်ထောင်စုတစ်စုအတွက် ဇန်နဝါရီလ ၁ရ က်နေ့ မွန်းလွှဲ ၃နာရီအချိန်ခန့်က မြိတ်ခရိုင် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက ကယ် ဆယ်ရေးပစ္စည်း (၁၆)မျိုးပါထောက်ပံ့ပစ္စည်းတစ်စုံနှင့်အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ်တစ်သိန်း၊ ဆန်ဖိုးထောက် ပံ့ငွေ တစ်ဦးလျှင် ကျပ်(၂၁၀၀/-) နှုန်းဖြင့် မိသားစုဝင်(၅)ဦးအတွက် ငွေကျပ်(၁၀၅၀၀၀/) တို့ကို အိမ်တိုင်ရာရောက် သွား ရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။