Wednesday, January 1, 2020

အရက်အတူထိုင်သောက်စဉ် စကားများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွား

No photo description available.

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်နယ်မြေရဲစခန်းပိုင် ကျောင်းဦးအုပ်စု မြို့ကြီးကျေးရွာ၌ ယမန်နေ့ညပိုင်းက အရက်အတူထိုင်သောက်ရင်း စကားများရာမှ ဓားဖြင့်ခုတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

(ဒီဇင်ဘာ ၃၁ ရက်)ညနေ ၆ နာရီခန့်က မြို့ကြီးကျေးရွာနေ ဦးဖိုးလှော်(၆၈ နှစ်)သည် တစ်ရွာတည်းနေ ဦးကြည်သောင်း(၅၂ နှစ်)၊ ဦးကျော်လွင်(၄၅ နှစ်)၊ ပေါက်စ(ခ)ရဲမင်းထွေး(၃၆ နှစ်)တို့နှင့်အတူ နေအိမ်အောက်၌ အရက်ထိုင်သောက်နေစဉ် ကြည်သောင်းနှင့် ပေါက်စ(ခ)ရဲမင်းထွေးတို့ စကားများကြရာမှ ဓားခုတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။
ထိုသို့ စကားများရန်ဖြစ်ရာတွင် ပေါက်စ(ခ)ရဲမင်းထွေးက အသွား(၁၁)လက်မ၊ အရိုး(၁၀)လက်မ ဗျက်(၁ လက်မခွဲ)ခန့်ရှိ ဓားမဖြင့်ခုတ်လိုက်ရာ ကြည်သောင်းတွင် ဝဲဘက်ဂျိုစောင်း(၂)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်(အတွင်းလူနာ/စိုးရိမ်ရ)ရရှိခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးဖိုးလှော်မှ ၎င်း၏ ယောက်ဖဖြစ်သူ ကြည်သောင်းအား ဓားဖြင့်ခုတ်သူ ပေါက်စ(ခ) ရဲမင်းထွေးအား အရေးယူပေးရန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဥသျှပင်နယ်မြေရဲစခန်းမှ (ပ)၁၅၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်လှစ်ပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Image may contain: people sitting, table and indoor
Image may contain: outdoor
ဦးငယ်(ပန်းတောင်း)
<zawgyi>
အရက်အတူထိုင်သောက်စဉ် စကားများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွား
Wednesday , January 1 , 2020

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်နယ်မြေရဲစခန်းပိုင် ကျောင်းဦးအုပ်စု မြို့ကြီးကျေးရွာ၌ ယမန်နေ့ညပိုင်းက အရက်အတူထိုင်သောက်ရင်း စကားများရာမှ ဓားဖြင့်ခုတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
(ဒီဇင်ဘာ ၃၁ ရက်)ညနေ ၆ နာရီခန့်က မြို့ကြီးကျေးရွာနေ ဦးဖိုးလှော်(၆၈ နှစ်)သည် တစ်ရွာတည်းနေ ဦးကြည်သောင်း(၅၂ နှစ်)၊ ဦးကျော်လွင်(၄၅ နှစ်)၊ ပေါက်စ(ခ)ရဲမင်းထွေး(၃၆ နှစ်)တို့နှင့်အတူ နေအိမ်အောက်၌ အရက်ထိုင်သောက်နေစဉ် ကြည်သောင်းနှင့် ပေါက်စ(ခ)ရဲမင်းထွေးတို့ စကားများကြရာမှ ဓားခုတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။
ထိုသို့ စကားများရန်ဖြစ်ရာတွင် ပေါက်စ(ခ)ရဲမင်းထွေးက အသွား(၁၁)လက်မ၊ အရိုး(၁၀)လက်မ ဗျက်(၁ လက်မခွဲ)ခန့်ရှိ ဓားမဖြင့်ခုတ်လိုက်ရာ ကြည်သောင်းတွင် ဝဲဘက်ဂျိုစောင်း(၂)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်(အတွင်းလူနာ/စိုးရိမ်ရ)ရရှိခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးဖိုးလှော်မှ ၎င်း၏ ယောက်ဖဖြစ်သူ ကြည်သောင်းအား ဓားဖြင့်ခုတ်သူ ပေါက်စ(ခ) ရဲမင်းထွေးအား အရေးယူပေးရန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဥသျှပင်နယ်မြေရဲစခန်းမှ (ပ)၁၅၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်လှစ်ပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဦးငယ်(ပန်းတောင်း)

0 comments:

Post a Comment