Wednesday, January 1, 2020

မောတောင်မြို့တွင် ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော်၏ဓမ္မရိပ်သာကျောင်းဆောင်သစ်ဖွင့်ပွဲ၊စေတီတော်ထီးတင်ပွဲနှင့်ဗုဒ္ဓအဘိသေကအနေကဇာတင်လှူပွဲစည်ကားစွာကျင်းပ

Image may contain: one or more people, crowd and outdoor

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်(မြန်မာ-ထိုင်း)နယ်စပ် မောတောင်မြို့၏အမှတ် (၁)ရပ်ကွက်အတွင်း ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိ(သာသနာ့ဓဇ ဓမ္မစရိယ သဒ္ဓမ္မ‌ဇောတိကဓဇ) B.Sc (Zoolog y) ၏ ဓမ္မရိပ်သာကျောင်းဆောင်သစ်ဖွင့်ပွဲ၊ စေတီတော် ထီးတင်ပွဲနှင့်ဗုဒ္ဓအဘိသေကအနေကဇာတင်လှူပွဲ သာသနာအောင်ပွဲအခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ၃၁ ရက် ညဦးပိုင်းမှစ၍ ၂၀၂၀ပြည့်နှစ်၊ နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပရာ ပြည်တွင်း ပြည်ပသာသနာပြုတရားနာပရိတ်သတ်များ၊ (သာသနိကကျောင်းမြေ၊ကျောင်း၊ကန်၊ကွန်ကရစ်လမ်း၊ ပြဿဒ်၊ ဗိမာန်တော်ဆောင်၊ စကျင်ကျောက်ဆင်းတုတော်)နှင့်စေတီအလှူရှင်များ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စသည့်နယ်ပယ်ဒေသအသီသီးမှနိဗ္ဗာန်ဈေးအလှူရှင်များနှင့် အရပ်ဝေး အရပ်နီးမှဘုရားဖူးလာဧည့်သည်အပေါင်းတို့ဖြင့် တိုးမပေါက်အောင်အထိ ကြက်ပျံမကျ အထူးစည် ကားလျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာလ၃၁ရက် ည(၇)နာရီအချိန်မှစ၍ နိုင်ငံတော်သံဃနာယက ဗဟိုဝန်ဆောင် မြိတ်မြို့မော်တောင် ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတအရှင်ဝိမလ၊ တနင်္သာရီတိုင်းဒေသကြီး သံဃနာယကဥက္ကဌ မြိတ်မြို့မော်တောင်ကျောင်း တိုက် မှ အရှင်နာရဒနှင့် ဂျလန်းကျွန်းဆရာတော် အရှင် ကုသလဇောတိ တို့က နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ချီးမြှင့်ပေးတော်မူကြသည်။
ထို့နောက် နိုင်ငံကျော်အနုပညာရှင်များဖြစ်သော ဟားငါးကောင်အငြိမ့်အဖွဲ့နှင့် ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင် ဟိန်းဝေယံ၊ စိုးပြည့်သဇင်တို့က ပျော်ရွှင်စွာ သီဆိုဖျော်ဖြေဧည့်ခံပေးကြစဉ်၊ ည၁၂နာရီHappy New Year နှစ်သစ်ကူးအချိန်တွင် ဆီမီး (၅၀၀၀)ထွန်းညှိပူဇော်ကြပြီး၊ မီးပုံးပျံများလွှတ်တင် ခြင်းနှင့်မီးရှူးမီးပန်းပစ်ဖောက်ခြင်းများ စည်ကားစွာပြုလုပ်ခဲ့ကြသည်။
ဆက်လက်ပြီး နှစ်ဆန်းတစ်ရက် ဇန်နဝါရီ ၁ ရက်နေ့ နံနက်၅နာရီအချိန်တွင် ဒေဝဒေဝ ထိုင်တော်မူစကျင်ကျောက်ဆင်းတုတော်အား ဘုရားကနေကဇာတင်လှူသည်။ ထို့နောက် နံနက်၇နာရီတွင် ဘုန်းကံကြီးမားနိဗ္ဗာန်သွား စံကျောင်းတော်၊ဘုန်းရှင်ကံရှင် ဓမ္မ ဗိမာန်တော်နှင့် မုခ်ဦးတို့အား ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးကျော်မင်း၊ တိုင်းဒေသကြီးလွတ်တော် ဒုတိယဥက္ကဌ ဦးကြည်စိုး၊ အဓိကအလှူရှင်များနှင့်ဗွီဒီယိုသရုပ်ဆောင်များက ဖဲကြိုးဖြတ်ကာဖွင့်လှစ်ပေးကြပြီး နံနက ၉နာရီ ၉မီနစ် ၉စက္ကန့် မင်္ဂလာအချိန်တွင် လောကဂရုသိမ်ပေါ်ရှိစေတီနှင့်အရံစေတီများတွင် ထီးတော်တင်လှူပူဇော်ခြင်း ကောင်းမှုကုသိုလ်များပြုလုပ်ကြသည်။
ယင်းနောက် အလှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ သာဓုသုံးကြိမ်ခေါ်ဆိုကြ ပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်ကြကြောင်းနှင့်ပင့်လျှောက်ဆရာတော်သံဃာတော်(၂၀၀)ကျော်ပါးတို့ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အရပ်ဝေးအရပ်နီးဒေသအသီးသီးမှ ဘုရားဖူး လာရောက်သူများကိုလည်း ထမင်း-ဟင်း၊ မုန့်၊ အချိုရည်နှင့်သစ်သီးစုံ..စသည့် စားသောက်ဖွယ်ရာ များဖြင့် နိဗ္ဗာန်ဈေးအလှူရှင်များက နှစ်ရက်တိုင်နိဗ္ဗာန်ဈေးလှူဒါန်းကြကြောင်း သိရှိရသည်။
Image may contain: one or more people, crowd and outdoor
Image may contain: one or more people, basketball court, sky and outdoor
Image may contain: text
Image may contain: 2 people, people smiling, people standing and text
Image may contain: 2 people
Image may contain: 2 people, people smiling, people standing and text
Image may contain: 2 people, people smiling, text
သတင်း-နန်းသာရီ-ထိန် ဝင်း (ပြန်ဆက်)
<zawgyi>
မောတောင်မြို့တွင် ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော်၏ဓမ္မရိပ်သာကျောင်းဆောင်သစ်ဖွင့်ပွဲ၊စေတီတော်ထီးတင်ပွဲနှင့်ဗုဒ္ဓအဘိသေကအနေကဇာတင်လှူပွဲစည်ကားစွာကျင်းပ
Wednesday , January 1 , 2020

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်(မြန်မာ-ထိုင်း)နယ်စပ် မောတောင်မြို့၏အမှတ် (၁)ရပ်ကွက်အတွင်း ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိ(သာသနာ့ဓဇ ဓမ္မစရိယ သဒ္ဓမ္မ‌ဇောတိကဓဇ) B.Sc (Zoolog y) ၏ ဓမ္မရိပ်သာကျောင်းဆောင်သစ်ဖွင့်ပွဲ၊ စေတီတော် ထီးတင်ပွဲနှင့်ဗုဒ္ဓအဘိသေကအနေကဇာတင်လှူပွဲ သာသနာအောင်ပွဲအခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ၃၁ ရက် ညဦးပိုင်းမှစ၍ ၂၀၂၀ပြည့်နှစ်၊ နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပရာ ပြည်တွင်း ပြည်ပသာသနာပြုတရားနာပရိတ်သတ်များ၊ (သာသနိကကျောင်းမြေ၊ကျောင်း၊ကန်၊ကွန်ကရစ်လမ်း၊ ပြဿဒ်၊ ဗိမာန်တော်ဆောင်၊ စကျင်ကျောက်ဆင်းတုတော်)နှင့်စေတီအလှူရှင်များ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စသည့်နယ်ပယ်ဒေသအသီသီးမှနိဗ္ဗာန်ဈေးအလှူရှင်များနှင့် အရပ်ဝေး အရပ်နီးမှဘုရားဖူးလာဧည့်သည်အပေါင်းတို့ဖြင့် တိုးမပေါက်အောင်အထိ ကြက်ပျံမကျ အထူးစည် ကားလျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာလ၃၁ရက် ည(၇)နာရီအချိန်မှစ၍ နိုင်ငံတော်သံဃနာယက ဗဟိုဝန်ဆောင် မြိတ်မြို့မော်တောင် ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတအရှင်ဝိမလ၊ တနင်္သာရီတိုင်းဒေသကြီး သံဃနာယကဥက္ကဌ မြိတ်မြို့မော်တောင်ကျောင်း တိုက် မှ အရှင်နာရဒနှင့် ဂျလန်းကျွန်းဆရာတော် အရှင် ကုသလဇောတိ တို့က နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ချီးမြှင့်ပေးတော်မူကြသည်။
ထို့နောက် နိုင်ငံကျော်အနုပညာရှင်များဖြစ်သော ဟားငါးကောင်အငြိမ့်အဖွဲ့နှင့် ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင် ဟိန်းဝေယံ၊ စိုးပြည့်သဇင်တို့က ပျော်ရွှင်စွာ သီဆိုဖျော်ဖြေဧည့်ခံပေးကြစဉ်၊ ည၁၂နာရီHappy New Year နှစ်သစ်ကူးအချိန်တွင် ဆီမီး (၅၀၀၀)ထွန်းညှိပူဇော်ကြပြီး၊ မီးပုံးပျံများလွှတ်တင် ခြင်းနှင့်မီးရှူးမီးပန်းပစ်ဖောက်ခြင်းများ စည်ကားစွာပြုလုပ်ခဲ့ကြသည်။
ဆက်လက်ပြီး နှစ်ဆန်းတစ်ရက် ဇန်နဝါရီ ၁ ရက်နေ့ နံနက်၅နာရီအချိန်တွင် ဒေဝဒေဝ ထိုင်တော်မူစကျင်ကျောက်ဆင်းတုတော်အား ဘုရားကနေကဇာတင်လှူသည်။ ထို့နောက် နံနက်ရနာရီတွင် ဘုန်းကံကြီးမားနိဗ္ဗာန်သွား စံကျောင်းတော်၊ဘုန်းရှင်ကံရှင် ဓမ္မ ဗိမာန်တော်နှင့် မုခ်ဦးတို့အား ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးကျော်မင်း၊ တိုင်းဒေသကြီးလွတ်တော် ဒုတိယဥက္ကဌ ဦးကြည်စိုး၊ အဓိကအလှူရှင်များနှင့်ဗွီဒီယိုသရုပ်ဆောင်များက ဖဲကြိုးဖြတ်ကာဖွင့်လှစ်ပေးကြပြီး နံနက ၉နာရီ ၉မီနစ် ၉စက္ကန့် မင်္ဂလာအချိန်တွင် လောကဂရုသိမ်ပေါ်ရှိစေတီနှင့်အရံစေတီများတွင် ထီးတော်တင်လှူပူဇော်ခြင်း ကောင်းမှုကုသိုလ်များပြုလုပ်ကြသည်။
ယင်းနောက် အလှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ သာဓုသုံးကြိမ်ခေါ်ဆိုကြ ပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်ကြကြောင်းနှင့်ပင့်လျှောက်ဆရာတော်သံဃာတော်(၂၀၀)ကျော်ပါးတို့ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အရပ်ဝေးအရပ်နီးဒေသအသီးသီးမှ ဘုရားဖူး လာရောက်သူများကိုလည်း ထမင်း-ဟင်း၊ မုန့်၊ အချိုရည်နှင့်သစ်သီးစုံ..စသည့် စားသောက်ဖွယ်ရာ များဖြင့် နိဗ္ဗာန်ဈေးအလှူရှင်များက နှစ်ရက်တိုင်နိဗ္ဗာန်ဈေးလှူဒါန်းကြကြောင်း သိရှိရသည်။
သတင်း-နန်းသာရီ-ထိန် ဝင်း (ပြန်ဆက်)

0 comments:

Post a Comment