သာယာ၀တီမြို့နယ် ဂုံမင်းမြောင်အုပ်စု ဂုံမင်းမြောင်ကျေးရွာ ရန်ကုန်-ပြည်ကားလမ်းဘေးဟွာရှိန်အထည်စက်ရုံ တွင် ဇန်နဝါရီ၁ရက်ည ၉နာရီ၌ အလုပ်သမားများအားထုတ်ပေးရမည့်လစာငွေသိန်းပေါင်း တစ်ထောင်ေကျာ်ပျောက်ဆုံးသွားကြောင်းသိရှိရသည်။
ဂုံမင်းမြောင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန်းမြိုင်အကြောင်းကြားသဖြင့် သာယာ၀တီခရိုင်ဒုရဲမှူးကြီးအောင်ဇော်မိုးနှင့် အဖွဲ့ ပဲခူးတိုင်း မှု/နှိမ် ရဲအုပ်မင်းသိန်းနှင့် အဖွဲ့သက်သေအုပ်ချုပ်ရေးမှူးဦးသန်းမြိုင်တို့ဖြင့်သွား ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
တရုတ်လူမျိုး စက်ရုံငွေစာရင်းကိုင် ဒေါ်နီချူးမိန်သည် ဒီဇင်ဘာ၂၇ရက်နေ့၌သုံးဆယ်မြိုရှိကမ္ဘောဇဘဏ်မှ စက်ရုံအလုပ်သမားနှစ်ထောင်ကျော်အတွက်လစာငွေ သိန်း(၄၅၀၀)ထုတ်ယူခဲ့ပြီးအလုပ်သမားတစ်ဦးစီအတွက် စာအိတ်တစ်အိတ်စီထည့်ကာ အလုပ်ဌါနတစ်ခုစီအလိုက် စာအိတ်များကိုကျွတ်ကျွတ်အိတ်ဖြင့်တစ်ထုပ်စီခွဲထုပ်ခဲ့ရာ ကျွတ်ကျွတ်အိတ်(၃၃)အိတ် ကိုငွေတိုက်အတွင်းဘီဒိုထဲမှာထည့်ထားခဲ့ကြောင်းရဲမှတ်တမ်းအရသိရသည်။
ဇန်နဝါရီလ ၁ရက်နေ့ နံက်၈နာရီတွင် ရုံးခန်းတံခါးငွေများထည့်ထားသောငွေတိုက်တံခါးနှင့်သစ်သားတံခါးများ။သံဗီဒိုများပွင့်နေသဖြင့်တရုတ်နိုင်ငံသားဦးချန်မူယင်းအားပြောပြပြီးငွေထုတ်များအားစစ်ကြ ည့်ရာ ငွေစုစုပေါင်း (၁၂၉၅၉၆၀၅၀) သိန်းပေါင်းတစ်ထောင်ကျော် ပျောက်ဆုံးနေကြောင်းသိရှိရသည်။
အဆိုပါအလုပ်သမားလစာငွေသိန်းပေါင်းတစ်ထောင်ကျော်ခိုးယူသွားသူကိုအရေးယူရန်ဒေါ်နီချူးမိန်မှတရားလိုပြုလုပ်တိုင်တန်းသဖြင့်(ပ)၈/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ-၄၅၇အမှုဖွင့်ထားကြောင်း သာယာ၀တီမြို့မရဲစခန်းမှ ဒုရဲမှူး
စိုး၀ဏ္ဏထံမှသိရှိရသည်။
သတင်း--သက်ခိုင် (ဇီးကုန်) #Myanmar_Online_News
<<Zawgyi>>
သာယာဝတီမြို့ရှိ ဟွာရှိန်အထည်စက်ရုံမှအလုပ်သမားများအားထုတ်ပေးမည့်လစာငွေသိန်းပေါင်းတစ်ထောင်ကျော်ပျောက်ဆုံး
Thursday , January 2 , 2020
သာယာဝတီမြို့နယ် ဂုံမင်းမြောင်အုပ်စု ဂုံမင်းမြောင်ကျေးရွာ ရန်ကုန်-ပြည်ကားလမ်းဘေးဟွာရှိန်အထည်စက်ရုံ တွင် ဇန်နဝါရီ၁ရက်ည ၉နာရီ၌ အလုပ်သမားများအားထုတ်ပေးရမည့်လစာငွေသိန်းပေါင်း တစ်ထောင်ကျော်ပျောက်ဆုံးသွားကြောင်းသိရှိရသည်။
ဂုံမင်းမြောင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန်းမြိုင်အကြောင်းကြားသဖြင့် သာယာဝတီခရိုင်ဒုရဲမှူးကြီးအောင်ဇော်မိုးနှင့် အဖွဲ့ ပဲခူးတိုင်း မှု/နှိမ် ရဲအုပ်မင်းသိန်းနှင့် အဖွဲ့သက်သေအုပ်ချုပ်ရေးမှူးဦးသန်းမြိုင်တို့ဖြင့်သွား ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
တရုတ်လူမျိုး စက်ရုံငွေစာရင်းကိုင် ဒေါ်နီချူးမိန်သည် ဒီဇင်ဘာ၂၇ရက်နေ့၌သုံးဆယ်မြိုရှိကမ္ဘောဇဘဏ်မှ စက်ရုံအလုပ်သမားနှစ်ထောင်ကျော်အတွက်လစာငွေ သိန်း(၄၅၀၀)ထုတ်ယူခဲ့ပြီးအလုပ်သမားတစ်ဦးစီအတွက် စာအိတ်တစ်အိတ်စီထည့်ကာ အလုပ်ဌါနတစ်ခုစီအလိုက် စာအိတ်များကိုကျွတ်ကျွတ်အိတ်ဖြင့်တစ်ထုပ်စီခွဲထုပ်ခဲ့ရာ ကျွတ်ကျွတ်အိတ်(၃၃)အိတ် ကိုငွေတိုက်အတွင်းဘီဒိုထဲမှာထည့်ထားခဲ့ကြောင်းရဲမှတ်တမ်းအရသိရသည်။
ဇန်နဝါရီလ ၁ရက်နေ့ နံက်၈နာရီတွင် ရုံးခန်းတံခါးငွေများထည့်ထားသောငွေတိုက်တံခါးနှင့်သစ်သားတံခါးများ။သံဗီဒိုများပွင့်နေသဖြင့်တရုတ်နိုင်ငံသားဦးချန်မူယင်းအားပြောပြပြီးငွေထုတ်များအားစစ်ကြ ည့်ရာ ငွေစုစုပေါင်း (၁၂၉၅၉၆၀၅၀) သိန်းပေါင်းတစ်ထောင်ကျော် ပျောက်ဆုံးနေကြောင်းသိရှိရသည်။
အဆိုပါအလုပ်သမားလစာငွေသိန်းပေါင်းတစ်ထောင်ကျော်ခိုးယူသွားသူကိုအရေးယူရန်ဒေါ်နီချူးမိန်မှတရားလိုပြုလုပ်တိုင်တန်းသဖြင့်(ပ)၈/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ-၄၅၇အမှုဖွင့်ထားကြောင်း သာယာဝတီမြို့မရဲစခန်းမှ ဒုရဲမှူး
စိုးဝဏ္ဏထံမှသိရှိရသည်။
သတင်း--သက်ခိုင် (ဇီးကုန်) #Myanmar_Online_News
0 comments:
Post a Comment