တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု-အင်းရှည်ကုန်းကျေးရွာမှ မီးဘေး သင့်အိမ်ထောင်စုတစ်စုအတွက် ဇန်နဝါရီလ ၁ရ က်နေ့ မွန်းလွှဲ ၃နာရီအချိန်ခန့်က မြိတ်ခရိုင် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက ကယ် ဆယ်ရေးပစ္စည်း (၁၆)မျိုးပါထောက်ပံ့ပစ္စည်းတစ်စုံနှင့်အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ်တစ်သိန်း၊ ဆန်ဖိုးထောက် ပံ့ငွေ တစ်ဦးလျှင် ကျပ်(၂၁၀၀/-) နှုန်းဖြင့် မိသားစုဝင်(၅)ဦးအတွက် ငွေကျပ်(၁၀၅၀၀၀/) တို့ကို အိမ်တိုင်ရာရောက် သွား ရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါနေအိမ်သည် ဒီဇင်ဘာလ၃၁ရက်နေ့ မွန်းလွဲ ၂နာရီ ၁၅ အချိန်က အင်းရှည်ကုန်းကျေး ရွာနေ ဦးဇော်မိုးအောင် (၄၄နှစ်) (အဘ)ဦးစိန်ဝင်း၏နေအိမ်အတွင်း ထမင်းချက်ပြီး မီးဖိုရှိ မီးကြွင်းမီး ကျန်မှတစ်ဆင့် အလျား(၁၅)ပေ၊အနံ(၂၄) ပေ၊ အမြင့်(၁၅)ပေရှိ ဓနိဖက်မိုး၊ ဝါးထရံကာ သစ်လုံးတိုင် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း၊ အသက်(၁၂) နှစ်နှင့်အထက် လူဦးရေ(၅)ဦးရှိပြီး နီးစပ်ရာဆွေးမျိုးနေအိမ်သို့ယာယီ ပြောင်းရွှေ့နေထိုင်နေရကာ လူနှင့်တိရဈ္ဆာန်များထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။
သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)
<zawgyi>
အင်းရှည်ကုန်းကျေးရွာမှမီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့ပစ္စည်း နှင့်ထောက်ပံ့ငွေပေးအပ်
Wednesday , January 1 , 2020
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု-အင်းရှည်ကုန်းကျေးရွာမှ မီးဘေး သင့်အိမ်ထောင်စုတစ်စုအတွက် ဇန်နဝါရီလ ၁ရ က်နေ့ မွန်းလွှဲ ၃နာရီအချိန်ခန့်က မြိတ်ခရိုင် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက ကယ် ဆယ်ရေးပစ္စည်း (၁၆)မျိုးပါထောက်ပံ့ပစ္စည်းတစ်စုံနှင့်အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ်တစ်သိန်း၊ ဆန်ဖိုးထောက် ပံ့ငွေ တစ်ဦးလျှင် ကျပ်(၂၁၀၀/-) နှုန်းဖြင့် မိသားစုဝင်(၅)ဦးအတွက် ငွေကျပ်(၁၀၅၀၀၀/) တို့ကို အိမ်တိုင်ရာရောက် သွား ရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါနေအိမ်သည် ဒီဇင်ဘာလ၃၁ရက်နေ့ မွန်းလွဲ ၂နာရီ ၁၅ အချိန်က အင်းရှည်ကုန်းကျေး ရွာနေ ဦးဇော်မိုးအောင် (၄၄နှစ်) (အဘ)ဦးစိန်ဝင်း၏နေအိမ်အတွင်း ထမင်းချက်ပြီး မီးဖိုရှိ မီးကြွင်းမီး ကျန်မှတစ်ဆင့် အလျား(၁၅)ပေ၊အနံ(၂၄) ပေ၊ အမြင့်(၁၅)ပေရှိ ဓနိဖက်မိုး၊ ဝါးထရံကာ သစ်လုံးတိုင် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း၊ အသက်(၁၂) နှစ်နှင့်အထက် လူဦးရေ(၅)ဦးရှိပြီး နီးစပ်ရာဆွေးမျိုးနေအိမ်သို့ယာယီ ပြောင်းရွှေ့နေထိုင်နေရကာ လူနှင့်တိရဈ္ဆာန်များထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။
သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)
0 comments:
Post a Comment