လပေါ်ကို လဆင်း စူးစမ်းယာဉ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ခြင်း မရှိခဲ့တဲ့ နောက်ဆုံးမစ်ရှင်အပြီး လများစွာအကြာမှာ တတိယမြောက် လကမ္ဘာလေ့လာရေး မစ်ရှင်ကို အိန္ဒိယက အတည်ပြုခဲ့ကြောင်း အိန္ဒိယ အာကာသအေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။ ဒါဟာ အကုန်အကျ သက်သာသော အာကာသအင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာရေး အိန္ဒိယရဲ့ ရည်မှန်းချက်အတွက် နောက်ထပ်တဖန် ခြေလှမ်းလာတာဖြစ်ပါတယ်။
Chandrayaan-3 မစ်ရှင်မှာ လဆင်းယာဉ်၊ လပေါ် လှည့်လည် စူးစမ်းရေးယာဉ်တို့ပါမှာဖြစ်ပေမယ့် ဂြိုဟ်ပတ်ယာဉ် ပါမှာမဟုတ်ကြောင်း အိန္ဒိယ အာကာသ သုတေသနအဖွဲ့အစည်း(ISRO) ဥက္ကဋ္ဌ ကေ ဆီဗန် က သတင်းထောက်တွေကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလမှာ စေလွှတ်ခဲ့တဲ့ Chandrayaan-2 မစ်ရှင်တုန်းက လပတ်ယာဉ်ကို အောင်မြင်စွာ ချထားနိုင်ခဲ့ပြီး သိပ္ပံဆိုင်ရာ သတင်းအချက် အလက်တွေ ကမ္ဘာကို ပြန်လည်ပို့ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လကမ္ဘာပေါ် ချထားမယ့် စူးစမ်းလေ့လာရေးယာဉ်ကတော့ မျက်နှာပြင်ပေါ် ဆင်းသက်စဉ် အခက်အခဲကြုံတွေ့ခဲ့တာကြောင့် ရည်မှန်းချက် မအောင်မမြင်ဖြစ်ခဲ့ပါတယ်။
အိန္ဒိယရဲ့ လကမ္ဘာမစ်ရှင်ဟာ လရဲ့ တောင်ဝင်ရိုးစွန်းနေရာပေါ်ကို ဆင်းသက်လေ့လာဖို့ရည်ရွယ်တာဖြစ်ပြီး ယင်း တောင်ဘက်ခြမ်းကို ယခုအချိန်အထိ ဘယ်နိုင်ငံရဲ့ အာကာသမစ်ရှင်မှ စေလွှတ်လေ့လာ ထားခြင်းမရှိသေးပါဘူး။ ယင်း ဧရိယာမှာ ကျင်းချိုင့်ကြီးတွေရှိနေတာကြောင့် ရေရှိနေနိုင်တယ်လို့ ယုံကြည်ထားကာ နေရဲ့ မြင့်မားတဲ့ အပူရှိန်ဒဏ်ကို အတော်များများ ထိတွေ့ရခြင်းမရှိသေးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
ISRO အနေနဲ့ ၂၀၀၈ ခုနှစ်က ၎င်းတို့ရဲ့ မစ်ရှင်မှာ ပထမဆုံး လေ့လာတွေ့ရှိခဲ့တဲ့ ရေခဲပုံစံတစ်ခုမှာ ရေပါရှိနေတယ်ဆိုတာ အတည်ပြု နိုင်ဖို့ မျှော်လင့်နေကြပါတယ်။
Chandrayaan-3 ဟာ ယခင် မစ်ရှင်တွေကလိုပဲ ပုံစံတူ မစ်ရှင်တစ်ခုဖြစ်ကြောင်း ဆီဗန်က ပြောဆိုခဲ့ပါတယ်။
Ref : CNA
<zawgyi>
တတိယမြောက် လကမ္ဘာ လေ့လာရေး မစ်ရှစ်ကို အိန္ဒိယ အတည်ပြု
Thursday , January 2 , 2020

0 comments:
Post a Comment