Wednesday, January 1, 2020

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမှာ ၇ နှစ်အတွင်း အဆိုးဝါးဆုံး ရေကြီးမှုကြုံတွေ့နေ

Image may contain: 3 people, shoes, child and outdoor

အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်နဲ့ အနီးအနားက မြို့တွေမှာ နှစ်သစ်ကူး အကြိုကာလ ကတည်းက မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် ၇ နှစ်တာ ကာလအတွင်း အဆိုးရွားဆုံး ရေကြီးမှု ဖြစ်ပွားခဲ့ပါတယ်။ ရေကြီးမှုကြောင့် လူနေအိမ်တွေနဲ့ ကားတွေ ရေနစ်မြုပ်ခဲ့ရပြီး ဂျာကာတာမြို့ရဲ့ လေဆိပ်တစ်ခု ပိတ်ထားလိုက်ရပါတယ်။
ဂျာကာတာမှာ ဒေသ ၇၀၀ ကျော်လောက် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေကြောင်း အစိုးရပိုင် လျှပ်စစ်ကုမ္ပဏီဖြစ်တဲ့ PT Perusahaan Listrik Negara က ဆိုပါတယ်။ ရေကြီးမှုကြောင့် မီးရထားခရီးစဉ် အချို့ ရပ်ဆိုင်းထားရပါတယ်။
မိုးလေဝသ အေဂျင်စီတွေက လာမယ့် ၃ ရက် အတွင်းမှာ မိုးဆက်လက် သည်းထန်စွာ ရွာသွန်း နေဦးမယ်လို့ ခန့်မှန်းတာကြောင့် ဂျာကာတာ ပြည်နယ် အစိုးရက ဒေသခံများရဲ့ လုံခြုံရေးအတွက် ကယ်ဆယ်ရေး စခန်းများ ပြင်ဆင်ထားရန် ကျောင်းများနဲ့ ရုံးအချို့ကို ညွှန်ကြားခဲ့ပါတယ်။
Halim Perdanakusuma အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ ပြေးလမ်းကြောင်းတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်နေတာကြောင့် အာဏာပိုင်တွေက လေဆိပ်ကို ပိတ်ထားကာ Soekarno-Hatta သို့ လေယာဉ် လမ်းကြောင်း ပြောင်းစေခဲ့ရပါတယ်။ ဂျာကာတာမြို့မှာရှိတဲ့ လမ်းအများစုဟာလည်း ရေလွှမ်းမိုးမှုခံရတာကြောင့် ယာဉ်သွားလာမှုတွေ ပြတ်တောက်နေပါတယ်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလတုန်းကလည်း ဗဟိုအချက်အချာ စီးပွားရေး ခရိုင်အပါအဝင် နေရာတော်တော် များများမှာ ရေလွှမ်းမိုးမှု ခံရခြင်းကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ဒေသခံ သန်း ၃၀ လောက် ရေလွှမ်းမိုးမှုဒဏ်ကို ခံစားခဲ့ရပါတယ်။
Image may contain: 1 person, tree, outdoor and water
Image may contain: car and outdoor
Image may contain: 3 people, child, outdoor and water
Ref : bangkokpost
<zawgyi>
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမှာ ၇ နှစ်အတွင်း အဆိုးဝါးဆုံး ရေကြီးမှုကြုံတွေ့နေ
Thursday , January 2 , 2020

အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်နဲ့ အနီးအနားက မြို့တွေမှာ နှစ်သစ်ကူး အကြိုကာလ ကတည်းက မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် ၇ နှစ်တာ ကာလအတွင်း အဆိုးရွားဆုံး ရေကြီးမှု ဖြစ်ပွားခဲ့ပါတယ်။ ရေကြီးမှုကြောင့် လူနေအိမ်တွေနဲ့ ကားတွေ ရေနစ်မြုပ်ခဲ့ရပြီး ဂျာကာတာမြို့ရဲ့ လေဆိပ်တစ်ခု ပိတ်ထားလိုက်ရပါတယ်။
ဂျာကာတာမှာ ဒေသ ၇၀၀ ကျော်လောက် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေကြောင်း အစိုးရပိုင် လျှပ်စစ်ကုမ္ပဏီဖြစ်တဲ့ PT Perusahaan Listrik Negara က ဆိုပါတယ်။ ရေကြီးမှုကြောင့် မီးရထားခရီးစဉ် အချို့ ရပ်ဆိုင်းထားရပါတယ်။
မိုးလေဝသ အေဂျင်စီတွေက လာမယ့် ၃ ရက် အတွင်းမှာ မိုးဆက်လက် သည်းထန်စွာ ရွာသွန်း နေဦးမယ်လို့ ခန့်မှန်းတာကြောင့် ဂျာကာတာ ပြည်နယ် အစိုးရက ဒေသခံများရဲ့ လုံခြုံရေးအတွက် ကယ်ဆယ်ရေး စခန်းများ ပြင်ဆင်ထားရန် ကျောင်းများနဲ့ ရုံးအချို့ကို ညွှန်ကြားခဲ့ပါတယ်။
Halim Perdanakusuma အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ ပြေးလမ်းကြောင်းတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်နေတာကြောင့် အာဏာပိုင်တွေက လေဆိပ်ကို ပိတ်ထားကာ Soekarno-Hatta သို့ လေယာဉ် လမ်းကြောင်း ပြောင်းစေခဲ့ရပါတယ်။ ဂျာကာတာမြို့မှာရှိတဲ့ လမ်းအများစုဟာလည်း ရေလွှမ်းမိုးမှုခံရတာကြောင့် ယာဉ်သွားလာမှုတွေ ပြတ်တောက်နေပါတယ်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလတုန်းကလည်း ဗဟိုအချက်အချာ စီးပွားရေး ခရိုင်အပါအဝင် နေရာတော်တော် များများမှာ ရေလွှမ်းမိုးမှု ခံရခြင်းကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ဒေသခံ သန်း ၃၀ လောက် ရေလွှမ်းမိုးမှုဒဏ်ကို ခံစားခဲ့ရပါတယ်။
Ref : bangkokpost

0 comments:

Post a Comment