နှစ်သစ်ကူး တရားပွဲတော်ကို ဇန်နဝါရီ(၁)ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ စတင် ကျင်းပနေပြီဖြစ်ပါတယ်။ အဲဒီတရားပွဲကို ဇန်နဝါရီ (၁) ရက်ကနေ ဇန်နဝါရီ(၃)ရက်အထိ သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။
တရားပွဲပထမနေ့တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသမှ ည ၇နာရီတွင် နှစ်သစ်ကူးတရားရေအေးတိုက်ကျွေးခဲ့သည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ( အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက)၊ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ၊ သီတဂူဆရာတော်ဒေါက်တာဘဒ္ဒန္တဉာဏိဿရတို့ဟောကြားမည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်အခမ်းအနားကို ပြည်သူ့ဥယျာဉ်တွင် ယခုနှစ် ဇန်နဝါရီ ၁ရက်မှ ၃ရက်အထိ သုံးရက်တိုင် ကျင်းပမည်ဖြစ်သည်။
<zawgyi>
ရန်ကုန်နှစ်သစ်ကူး တရားပွဲတော်စတင်ကျင်းပ
Wednesday , January 1 , 2020
နှစ်သစ်ကူး တရားပွဲတော်ကို ဇန်နဝါရီ(၁)ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ စတင် ကျင်းပနေပြီဖြစ်ပါတယ်။ အဲဒီတရားပွဲကို ဇန်နဝါရီ (၁) ရက်ကနေ ဇန်နဝါရီ(၃)ရက်အထိ သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။
တရားပွဲပထမနေ့တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသမှ ည ၇နာရီတွင် နှစ်သစ်ကူးတရားရေအေးတိုက်ကျွေးခဲ့သည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ( အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက)၊ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ၊ သီတဂူဆရာတော်ဒေါက်တာဘဒ္ဒန္တဉာဏိဿရတို့ဟောကြားမည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်အခမ်းအနားကို ပြည်သူ့ဥယျာဉ်တွင် ယခုနှစ် ဇန်နဝါရီ ၁ရက်မှ ၃ရက်အထိ သုံးရက်တိုင် ကျင်းပမည်ဖြစ်သည်။
0 comments:
Post a Comment