Wednesday, January 1, 2020

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင်မကြုံစဖူး မိုးသီးများကြွေကျ

Image may contain: plant, outdoor and natureImage may contain: food

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင်မကြုံစဖူး လေကြီးမိုးကြီးကြကာ မိုးသီးများအစုလိုက်အပြုံလိုက်ကျခဲ့ကြောင်း သတင်းရရှိသည် ။

သီပေါမြိုနေ ကိုအောင်အောင်မှ " ဒီလောက်မိုးသီးတွေကျတာမကြုံဖူးပါဘူး ကျွန်တော့်အိမ်ကသစ်မိုးတွေတောင်ပေါက်ထွက်ကုန်တယ် ''ဟုပြောသည် ။
သီပေါမြို့နေဦးလှမောင်လတ်က " ဒီလောက်များတဲ့မိုးသီးများများကျတာတစ်ခါမှမကြုံဘူးပါဘူး မိုးသီးကျတဲ့အသံတွေကကြောက်စရာကောင်းလောက်အောင်ကိုဖြစ်တာ မိုးသီး‌တွေစကျတာ ည ၉နာရီ ၁၅ မိနစ်လောက်ကပါ လောလောဆယ်အိပ်ယာတွေတောင်အိပ်မရတော့ဘူး "ဟုပြောသည် ။
မိုးသည်းထန်မှုကြောင့် အချို့သစ်ပင်များပြိုလဲကျခဲသလို မီးပြတ်တောက်မှုလည်းဖြစ်ပွားခဲ့ရသည် ။
သီပေါမြို့နှင့် ၂၂ မိုင်ကွားဝေးသောကျောက်မဲမြို့တွင် လေအနည်းငယ်တိုက်ခတ်မှုသာဖြစ်ပွားခဲ့ပြီး မိုးအနည်းငယ်ခန့်သာရွာသွန်းနေကြောင်း မီးပြတ်တောက်မှုဖြစ်ပွားခဲ့သည်မှအပ မိုးသီးများကြွေကျခြင်းမရှိကြောင်းသိရသည် ။
Image may contain: food and outdoor
Image may contain: one or more people
No photo description available.
Image may contain: night and text
Image may contain: night and outdoor
Image may contain: plant, outdoor and nature
မင်္ဂလာထွန်း ( ကျောက်မဲ )
<zawgyi>
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင်မကြုံစဖူး မိုးသီးများကြွေကျ
Wednesday , January 1 , 2020

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင်မကြုံစဖူး လေကြီးမိုးကြီးကြကာ မိုးသီးများအစုလိုက်အပြုံလိုက်ကျခဲ့ကြောင်း သတင်းရရှိသည် ။
သီပေါမြိုနေ ကိုအောင်အောင်မှ " ဒီလောက်မိုးသီးတွေကျတာမကြုံဖူးပါဘူး ကျွန်တော့်အိမ်ကသစ်မိုးတွေတောင်ပေါက်ထွက်ကုန်တယ် ''ဟုပြောသည် ။
သီပေါမြို့နေဦးလှမောင်လတ်က " ဒီလောက်များတဲ့မိုးသီးများများကျတာတစ်ခါမှမကြုံဘူးပါဘူး မိုးသီးကျတဲ့အသံတွေကကြောက်စရာကောင်းလောက်အောင်ကိုဖြစ်တာ မိုးသီး‌တွေစကျတာ ည ၉နာရီ ၁၅ မိနစ်လောက်ကပါ လောလောဆယ်အိပ်ယာတွေတောင်အိပ်မရတော့ဘူး "ဟုပြောသည် ။
မိုးသည်းထန်မှုကြောင့် အချို့သစ်ပင်များပြိုလဲကျခဲသလို မီးပြတ်တောက်မှုလည်းဖြစ်ပွားခဲ့ရသည် ။
သီပေါမြို့နှင့် ၂၂ မိုင်ကွားဝေးသောကျောက်မဲမြို့တွင် လေအနည်းငယ်တိုက်ခတ်မှုသာဖြစ်ပွားခဲ့ပြီး မိုးအနည်းငယ်ခန့်သာရွာသွန်းနေကြောင်း မီးပြတ်တောက်မှုဖြစ်ပွားခဲ့သည်မှအပ မိုးသီးများကြွေကျခြင်းမရှိကြောင်းသိရသည် ။
မင်္ဂလာထွန်း ( ကျောက်မဲ )

0 comments:

Post a Comment