Tuesday, April 28, 2020

Covid-19 အတည်ပြုလူနာအမှတ် ၁၄၄ နှင့် စက်ရုံတွင်း ထိတွေ့ခဲ့သူ အားလုံးတွင် ရောဂါပိုးမတွေ့

Image may contain: one or more people and people standing

လူနာအမှတ် ၁၄၄ နှင့် စက်ရုံတွင်းထိတွေ့ခဲ့သူအားလုံးတွင် ရောဂါပိုးမတွေ့ခဲ့ကြောင်းနှင့် စက်ရုံဆက်လက်ဖွင့် မဖွင့်မှာအစိုးရအဖွဲ့ဆုံးဖြတ်ချက်အပေါ်သာမူတည်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးမြတ်မင်းသူက ပြောသည်။

အမျိုးသားကော်မတီဖွဲ့စည်းခြင်းဟာ ပရဟိတကော်မတီသည် ဒေါ်အောင်ဆန်းစုကြည် ပုဂ္ဂလိအကျိုးနှင့် မိမိပါတီအကျိုးအား ဆောင်ရွက်ခြင်းဖြစ်သည်ဟု NNDP ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့် ပြော

Image may contain: one or more people and people standing

လက်ရှိ COVID 19 ရောဂါနှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ COVID 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွင် ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားခြင်းဖြစ်သည်။

COVID-19ရောဂါထိန်းချုပ်နိုင်ရေးအတွက် ဧပြီလကုန်အထိပိတ်ထားတဲ့ ထိုင်းရောက် မြန်မာများကို မေ ၁ ရက်တွင် ပြန်လည်လက်ခံပေးမည်

Image may contain: one or more people and outdoor

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများကို မေလ ၁ရက်နေ့မှစပြီး သက်ဆိုင်ရာက စတင်လက်ခံပေးမည်ဟု မြဝတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိန်ဗိုလ်ကပြောသည်။

ဧပြီလ(၂၈) ရက်နေ့ နေ့လည် ၂ နာရီအချိန်အထိ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေများ

Image may contain: text

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါဖြစ်ပွားမှုဆိုင်ရာ သတင်းအချက်အလက်များ၊ ကျန်းမာရေး အသိပညာပေးများနှင့် ဆောင်ရွက်မှုများကိုဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (https://mohs.gov.mm/Main/ content/publication/2019-ncov) တွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးလျက်ရှိပါသည်။

ထန်းတပင်မြို့နယ် စံကင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ တပ်မတော်သားများနှင့် ပြည်ခိုင်ဖြိုးပါတီအဖွဲ့မှCOVID-19 ရောဂါ ကာကွယ်ရေးစောင့်ရှောက်မှုလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

Image may contain: one or more people and outdoor
ရန်ကုန်တိုင်းဒေသကြီး-ထန်းတပင်မြို့နယ်-စံကင်းကြီးကျေးရွာအုပ်စု-နှင့်ဘုန်းတော်ကြီးကျောင်းအားနံနက် (ရး၃၀) အချိန်၌ တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုး၏ ညွှန်ကြားမှုဖြစ် ပါတီဥက္ကဌဦးသိန်းရီမှစီမံဆောင်ရွက်ပြီး မြို့နယ်ပါတီကော်မတီဝင် ဦးနိုင်ဝင်း ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင်များကျေးရွာပါတီဥက္ကဌများ ကော်မတီဝင်များလိုက်ပါပြီး ရန်ကုန်တိုင်းစစ်ဌာနချူပ် မှော်ဘီတပ်နယ် ဗိုလ်မှုးနေအောင်လွင်နှင့် အဖွဲ့ပူးပေါင်းပါဝင်ပြီး ကျေးရွာရှိဒေသခံပြည်သူများအား COVID-19 ရောဂါကာကွယ်ရေးအတွက် Mask-များတပ်ဆင်ပေးခြင်း အပူချိန်တိုင်းတာမှုများပြုလုပ်ပေးခြင်း ကျေးရွာတွင်းပိုးသတ်ဆေးဖြန်းခြင်းများပြုလုပ်ပေးခဲ့ကြကြောင်း သိရှိရသည်။

တာချီလိတ်တွင် RCSS ဝတ်စုံ ဝတ်ဆင်ထားသူ လက်နက်ကိုင်များမှ ကျေးရွာသားတစ်ဦးအား ပစ်သတ်


No photo description available.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ချစ်ထူအာခါကျေးရွာတွင် ဧပြီလ ၂၇ ရက်၊ ညနေပိုင်းက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်များ ရောက်ရှိ လာပြီး တောင်ယာလုပ်နေသူများထံမှ ငွေကြေားတောင်းခံကာ သေနတ်ဖြင့် ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

စင်ကာပူတွင် ယနေ့ Covid-19 ဗိုင်းရပ်ကူးစက်ရောဂါ (၅၂၈) ဦးကူးစက်ခံရ

Image may contain: food
ဧပြီ (၂၈) ရက်၊ စင်ကာပူတွင် ယနေ့ COVID-19 ဗိုင်းရတ် ကူးစက်ခံရသူ ထပ်တိုးရောဂါသည် (528) ဦး တွေ့ရှိကြောင်းသိရပြီး ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း (14,951) ဦး ရှိသွားပြီဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လမ်းညွှန်မှုဖြင့် Covid-19 ကြောင့်သွားလာရန်ခက်ခဲနေသော ပေါင်းတည် စစ်မှုဟောင်းအား တပ်မတော်မှ ရိက္ခာများထောက်ပံ


Image may contain: 1 person, standing
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အစီအစဉ်ဖြင့်ပေးပို့ထောက်ပံ့လှူဒါန်းသည့် စားသောက်ကုန်ရိက္ခာများကို ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်ရှိစစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်အရံအဖွဲ့ဝင်မိသားစုဝင်စုစုပေါင်း(၃၆၂ )ဦးအား ရိက္ခာထောက်ပံ့ပေးခြင်းအနေဖြင့် တစ်ဦးလျင် ဆန်၈ပြည် ဆီ၄၀ကျပ်သား ကုလားပဲခြမ်း၄၀ကျပ်သားနှင့်ဆား၄၀ကျပ်သား တို့အား ယနေ့နံနက်ပိုင်းက မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဌဗိုလ်ကြီးသက်ဝင်းမောင်(ငြိမ်း)နှင့်တာဝန်ရှိများက အဖွဲ့ဝင်များ၏နေအိမ်အသီးသီးသို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

သြစတေးလျနိုင်ငံ ဘွန်ဒီကမ်းခြေအား ပြန်လည်ဖွင့်လှစ်ရာ ရာချီသည့်လူများ စုရုံးရောက်ရှိ

Image may contain: 3 people, ocean, water, outdoor and nature

COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ရေးအတွက် လွန်ခဲ့သည့်တစ်လကျော်ခန့်ကစတင်ကာ ပိတ်ခဲ့သည့် ဆစ်ဒနီ၏ အထင်ကရဖြစ်သည့် ဘွန်ဒီကမ်းခြေအား ယနေ့မနက် ၇းဝဝ က ဒေသအစိုးရက ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ လူအများစုရုံးရောက်ရှိလာကြောင်း သိရှိရသည်။

ဥရောပသမဂ္ဂမှ အာဆီယံဒေသတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုများကို ခုခံကာကွယ်နိုင်ရန် ယူရိုငွေ သန်း(၃၅၀) ထောက်ပံ့မည်

Image may contain: text
ဥရောပသမဂ္ဂဟာ အာဆီယံဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေမှုကို ခုခံကာကွယ်တားဆီးနိုင်ဖို့နဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကြောင့် ထိခိုက်မှုတွေကို လျှော့ချနိုင်ဖို့အတွက် ယူရိုငွေ သန်း (၃၅၀)ကို ထောက်ပံ့ပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကသတင်းထုတ်ပြန်လိုက်ပါတယ်။

AA Medical Products ကုမ္ပဏီက လှူဒါန်းထားသော စက်သစ်ကြီး မေလဆန်းတွင် အသုံးပြုမည်

Image may contain: 1 person, sitting and indoor

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်)သို့ အလှူရှင် AA Medical Products Ltd က လှူဒါန်းထားသော COVID-19 နှင့်ပတ်သက်၍ ရှစ်နာရီအကြာ လည်ပတ်အသုံးပြုလျှင် ဓာတ်ခွဲနမူနာပေါင်း ၃၈၄ ခုကို စစ်ဆေးနိုင်မည့် Cobas ၆၈၀၀ စက်ကို မေလ ပထမပတ်တွင် စတင်အသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တော်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားသော်လည်း covid-19 သတိပေးချက် ထားရှိဆဲဖြစ်


Image may contain: one or more people and outdoor
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ကာလရှည်ပိတ်ထားခဲ့ရသည့် ရှန်ဟိုင်းမြို့တော်ရှိ စာသင်ကျောင်းများကို တစ်ဖြည်းဖြည်းချင်း ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ယခုနွေရာသီတွင် သင်တန်းပြီးဆုံးမည့် အလယ်တန်းနှင့် အထက်တန်းကျောင်းသူ၊ ကျောင်းသားများကို သုံးလနီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ယနေ့ အတန်းတက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

Covid-19 ကြောင့် သွားလာမှု ကန့်သတ်ထားသောကြောင့် ပြင်ဦးလွင်၊ စစ်မှုထမ်ဟောင်းအိမ်ရာတွင်တပ်မ တော်မှ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေ

Image may contain: one or more people and food

ပြင်ဦးလွင်တပ်နယ်က စစ်မှုထမ်းဟောင်း အိမ်ယာတွင် ယနေ့နံနက် ၇: ၂၀ မှ ၉: ၀၀ အထိ ဈေးနှုန်းသက်သာစွာဖြင့် ဈေးရောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်သည် တောင်အာဖရိကသမ္မတထံသို့ သဝဏ်လွှာ တစ်စောင်ပေးပို့

Image may contain: 2 people

မကြာသေးမီရက်များတွင် ပြည်သူများရှေ့မှပျောက်ကွယ်နေသောခေါင်းဆောင် နှင့်ပတ်သက်သည့်ကော လာဟလများထွက်ပေါ်နေစဉ် ကင်ဂျုံအန်သည်သဝဏ်လွှာ တစ်စောင်ကိုပေးပို့ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံအာဏာရပါတီ၏သတင်းစာ တစ်စောင်မှ ရေးသားထုတ်ဝေခဲ့ပါသည်။

ဟောင်ကောင်တွင်လာမည့်အပတ်မှစ၍ အရပ်ဘက်ဝန်ထမ်းများလုပ်ငန်းခွင်ပြန်ဝင် နိုင်တော့မည်ဖြစ်

Image may contain: 1 person

ဟောင်ကောင်တွင် လာမည့်ရက်သတ္တပတ်တွင် သက်တမ်းကုန်ဆုံးမည့် ခရီးသွား ကန့်သတ်ချက်များနှင့် Social distancing ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် နှင့်ပတ်သက်၍ အစိုးရမှဆုံးဖြတ်ချက်မချရသေးသော်လည်း အရပ်ဘက်ဝန်ထမ်းများ အနေဖြင့် မေလ ၄ ရက်နေ့တွင် လုပ်ငန်းခွင်ဝင်နိုင်မည်ဖြစ် ကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းမှ ဧပြီလ ၂၈ ရက်နေ့(ယနေ့)တွင်ပြောကြားခဲ့ပါသည်။

Monday, April 27, 2020

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် စစ်ကိုင်းတိုင်းဒေသကြီးနေထိုင်သူများအား တပ်မတော် မော် တော်ယာဉ်များဖြင့် နေရပ်ပြန်ပို့

Image may contain: mountain, sky, outdoor and nature

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် မြန်မာ-တရုတ်နယ်စပ်မှတဆင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအနက် စစ်ကိုင်းတိုင်းဒေသကြီးနေထိုင်သူများအား တပ်မတော်ပိုင်မော်တော်ယာဉ်များဖြင့် နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

COVID-19 ကို ခြေရာခံတဲ့ App ထိုင်းမှာ စမ်းသပ် အသုံးပြုနေပြီ

Image may contain: people sitting

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အရှေ့ပိုင်း Chachoengsao စီရင်စု၊ ဟွန်ဒါကားကုမ္ပဏီမှာ COVID-19 ကူးစက်မှုကို လျော့ကျလာအောင် အဖြစ်များတဲ့နေရာတွေကို ခြေရာခံပေးမယ့် Application ကို စတင်စမ်းသပ် အသုံးပြုနေပါပြီ။

မန္တလေး ကန်တော်နဒီဆေးရုံ၏ လိုအပ်ချက်များကို Covid-19 Negative နှစ်ကြိမ်ပြသခဲ့လို့ ဆေးရုံဆင်းပြီး နေအိမ်ရောက်ရှိသွားပြီဖြစ်တဲ့ ကိုကျော်လင်းထက် ထောက်ပြ


Image may contain: 3 people
ကိုဗစ်ရောဂါပိုး Negative နှစ်ကြိမ်ပြသခဲ့သဖြင့် ဆေးရုံဆင်းခွင့်ရရှိပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည့် Case 4 လူနာ ကိုကျော်လင်းထက်က မန္တလေးကန်တော်နဒီဆေးရုံ၏ လိုအပ်ချက်များကို ထောက်ပြပြောဆိုလိုက်သည်။

COVID-19) ရောဂါကာလကို အခွင့်ကောင်းယူ၍ မှုခင်းကျူးလွန်နေမှုများအား ပြည်သူများသို့ အသိပေးနှိုးဆော်ခြင်း


No photo description available.
၁။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ(Pandemic) အဖြစ် ထုတ်ပြန်ထားသော Coronavirus Disease-2019 (COVID-19) စတင်ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် ခရီးသွားလာမှု ကန့်သတ်ခြင်း၊ အများပြည်သူတို့၏ လုံခြုံမှုပုံစံကန့်သတ်ခြင်း၊ မြို့/ရွာများ လူဝင်/ လူထွက် စိစစ်ခြင်း၊ ခရီးသည်ပို့ဆောင်ရေး ယာဉ်၊ ရထား၊ လေယာဉ်များ ကန့်သတ်ခြင်း၊ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်း၊ အထူးသဖြင့် Home Stay နေထိုင်စေခြင်း စသည့် အရေးပေါ် အစီအမံများအား ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရေးနှင့်စပ်လျဉ်း၍ အသိပေးနှိုးဆော်ချက် (၁၉)

Image may contain: text

အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ (COVID-19) ကြောင့် မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်ထွက်ခွာနိုင်ခဲ့ခြင်းမရှိသဖြင့်၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီလေယာဉ် (Relief Flight) ဖြင့် လိုက်ပါလိုသော မြန်မာနိုင်ငံသားများနှင့် မိသားစုများ မှ ပေးပို့လာသည့် အချက်အလက်များလက်ခံမှုကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်၊ မွန်းတည့် ၁၂၀၀ နာရီ၌ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။