Tuesday, April 28, 2020

Covid-19 အတည်ပြုလူနာအမှတ် ၁၄၄ နှင့် စက်ရုံတွင်း ထိတွေ့ခဲ့သူ အားလုံးတွင် ရောဂါပိုးမတွေ့

Image may contain: one or more people and people standing

လူနာအမှတ် ၁၄၄ နှင့် စက်ရုံတွင်းထိတွေ့ခဲ့သူအားလုံးတွင် ရောဂါပိုးမတွေ့ခဲ့ကြောင်းနှင့် စက်ရုံဆက်လက်ဖွင့် မဖွင့်မှာအစိုးရအဖွဲ့ဆုံးဖြတ်ချက်အပေါ်သာမူတည်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးမြတ်မင်းသူက ပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဧပြီလ ၂၄ ရက် ည ၁၁ နာရီတွင် Covid-19 ရောဂါစောင့်ကြည့်မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ Tsang Yih Company Limited (ချန်းရီ ဖိနပ်စက်ရုံ၊ အနော်ရထာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်း ၊ လှိုင်သာယာမြို့နယ်တွင် အလုပ်လုပ်ကိုင်ခဲ့သည့်) တရုတ်ဘာသာစကားပြန်တစ်ဦးတွင် ကိုဗစ် ၁၉ ရောဂါတွေ့ရှိခဲ့ကြောင်းအတည်ပြုဖော်ပြထားပြီး လူနာအမှတ်စဉ် ၁၄၄ ဖြစ်သည်။
ယင်းလူနာနှင့်အဆောင်အတူနေခဲ့သူ ၃၈ ဦးအား ယခင်ကဆေးစစ်မှုများအရေးပေါ်ဆောင်ရွက်ရန် စီစဉ်ခဲ့သော်လည်း ဧပြီ ၂၆ ရက်ညနေပိုင်းတွင် အရေးပေါ်ဆေးစစ်ရမည့်သူဦးရေ ၄၅ ဦးအထိရှိခဲ့ကာ အားလုံးကိုအရေးပေါ်ဆေးစစ်မှုပြုလုပ်ခဲ့သည်။
အဆိုပါ ဆေးစစ်မှုများအတွင်း စက်ရုံတွင်အတူအလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသား ၇၀ ဦးကိုလည်း ဆေးစစ်မှုများပြုလုပ်ခဲ့ပြီးနောက် ဧပြီလ ၂၇ ရက် ညပိုင်းတွင် ယင်း ၁၁၅ ဦးလုံးတွင်ရောဂါပိုးမတွေ့ရှိရကြောင်း ဆေးစစ်ချက်ရလဒ်များထွက်ပေါ်ခဲ့သည်။
''ဒီအချိန်ထိစက်ရုံတွင်း ထိစပ်နိုင်ခြေရှိတဲ့သူတွေ အားလုံးကိုဆေးစစ်ရာမှာတော့ အကုန်လုံးက negative ဖြစ်တယ်ပေါ့။ဒီတော့ စက်ရုံဖွင့်ပြီး ဆက်လက်လည်ပတ်မလား ။ ပိတ်မလားဆိုတာကတော့ အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်။အခု ဒီလူတွေမတွေ့ရဘူးဆိုပေမယ့် ထပ်ပြီးတော့ ကွင်းဆက်တွေလိုက်ရမှာပေါ့။ဒါကိုတော့ ကျန်းမာရေးဝန်ကြီးဌာနက ဆရာမကြီးတွေ ဆက်လုပ်ဖို့ တာဝန်ခွဲဝေထားပြီးသားပါ။'''ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။
အဆိုပါ ချန်းရီ ဖိနပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် လုပ်သားပေါင်း ကိုးထောင်ဝန်းကျင်ခန့်ရှိပြီး စက်ရုံမှာ ဧပြီလ ၂၅ ရက်မှ စတင်ကာ ဧပြီလ ၂၈ ရက် ယနေ့အထိ ပိတ်ထားဆဲဖြစ်သည်။
ယင်းပိတ်သိမ်းမှုမှာ တိုင်းအစိုးရအဖွဲ့၏ တစ်စုံတစ်ရာညွှန်ကြားချက်ကြောင့်ပိတ်သိမ်းခြင်းမဟုတ်ကြောင်းလည်း သိရသည်။
Image may contain: sky and outdoor
Source - The Myanmar Times
<zawgyi>

0 comments:

Post a Comment