Tuesday, April 28, 2020

AA Medical Products ကုမ္ပဏီက လှူဒါန်းထားသော စက်သစ်ကြီး မေလဆန်းတွင် အသုံးပြုမည်

Image may contain: 1 person, sitting and indoor

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်)သို့ အလှူရှင် AA Medical Products Ltd က လှူဒါန်းထားသော COVID-19 နှင့်ပတ်သက်၍ ရှစ်နာရီအကြာ လည်ပတ်အသုံးပြုလျှင် ဓာတ်ခွဲနမူနာပေါင်း ၃၈၄ ခုကို စစ်ဆေးနိုင်မည့် Cobas ၆၈၀၀ စက်ကို မေလ ပထမပတ်တွင် စတင်အသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ကြီးကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်)တွင် ဧပြီ ၂၄ ရက်က စတင် တပ်ဆင်ခဲ့ရာ ယခုလက်ရှိတွင် ၉၅ ရာ ခိုင်နှုန်းခန့်ပြီးစီးပြီး ဧပြီ ၂၇ ရက်တွင် အပြီး သတ်ဆောင်ရွက်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၂၆ ရက် တွင် သတင်းထုတ်ပြန်သည်။
တပ်ဆင်မှုလုပ်ငန်းများ ပြီးဆုံး လျှင် အရည်အသွေးပြည့်၀မှု စစ်ဆေးခြင်း (quality control and laboratory management information) ကို ပြုလုပ်သွားမည်ဖြစ်ပြီး ထိုသို့ စစ်ဆေးမှု များ စနစ်တကျပြုလုပ်ပြီးနောက် အမျိုး သားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)တွင်
လက်ရှိဆောင်ရွက်နေသည့် standard PCR) COVID-19 ဓာတ်ခွဲစစ်ဆေးမှုများနှင့် ပြိုင်တူစစ်ဆေးမှု ((parallel testing)) များကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စောင့်ကြည့်လူနာများအားလုံး၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် နီးကပ်ထိတွေ့ခဲ့သူများအားလုံးနှင့် အသွားအလာကန့်သတ်ထားသူများအနက်မှ သတ်မှတ်ရာခိုင်နှုန်းတို့ကို COVID-19 ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးလျက်ရှိပြီး အဆိုပါCobas 6800 စက်ကို အသုံးပြု၍ အရေအတွက် ပိုမိုစစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
Ref ; The Standard Time Daily
<zawgyi>
AA Medical Products ကုမ္ပဏီက လှူဒါန်းထားသော စက်သစ်ကြီး မေလဆန်းတွင် အသုံးပြုမည်
Tuesday, April 28, 2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်)သို့ အလှူရှင် AA Medical Products Ltd က လှူဒါန်း ထားသော COVID-19 နှင့် ပတ်သက်၍ ရှစ်နာရီအကြာ လည်ပတ်အသုံးပြုလျှင် ဓာတ်ခွဲနမူနာပေါင်း ၃၈၄ ခုကို စစ်ဆေး နိုင်မည့် Cobas ၆၈၀၀ စက်ကို မေလ ပထမပတ်တွင် စတင်အသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစက်ကြီးကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်)တွင် ဧပြီ ၂၄ ရက်က စတင် တပ်ဆင်ခဲ့ရာ ယခုလက်ရှိတွင် ၉၅ ရာ ခိုင်နှုန်းခန့်ပြီးစီးပြီး ဧပြီ ၂၇ ရက်တွင် အပြီး သတ်ဆောင်ရွက်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၂၆ ရက် တွင် သတင်းထုတ်ပြန်သည်။
တပ်ဆင်မှုလုပ်ငန်းများ ပြီးဆုံး လျှင် အရည်အသွေးပြည့်ဝမှု စစ်ဆေးခြင်း (quality control and laboratory management information) ကို ပြုလုပ်သွားမည်ဖြစ်ပြီး ထိုသို့ စစ်ဆေးမှု များ စနစ်တကျပြုလုပ်ပြီးနောက် အမျိုး သားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)တွင်
လက်ရှိဆောင်ရွက်နေသည့် standard PCR) COVID-19 ဓာတ်ခွဲစစ်ဆေးမှုများနှင့် ပြိုင်တူစစ်ဆေးမှု ((parallel testing)) များကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စောင့်ကြည့်လူနာများအားလုံး၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် နီးကပ်ထိတွေ့ခဲ့သူများအားလုံးနှင့် အသွားအလာကန့်သတ်ထားသူများအနက်မှ သတ်မှတ်ရာခိုင်နှုန်းတို့ကို COVID-19 ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးလျက်ရှိပြီး အဆိုပါCobas 6800 စက်ကို အသုံးပြု၍ အရေအတွက် ပိုမိုစစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
Ref ; The Standard Time Daily

0 comments:

Post a Comment