Monday, April 27, 2020

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရေးနှင့်စပ်လျဉ်း၍ အသိပေးနှိုးဆော်ချက် (၁၉)

Image may contain: text

အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ (COVID-19) ကြောင့် မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်ထွက်ခွာနိုင်ခဲ့ခြင်းမရှိသဖြင့်၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီလေယာဉ် (Relief Flight) ဖြင့် လိုက်ပါလိုသော မြန်မာနိုင်ငံသားများနှင့် မိသားစုများ မှ ပေးပို့လာသည့် အချက်အလက်များလက်ခံမှုကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်၊ မွန်းတည့် ၁၂၀၀ နာရီ၌ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ယခုလက်ခံရရှိပြီးသည့် Relief Flight ဖြင့် လိုက်ပါလိုကြသော မြန်မာနိုင်ငံသား မိသားစု များ၏စာရင်းကို All Nippon Airways ရုံးချုပ်သို့ ဆက်လက်ပေးပို့သွားမည် ဖြစ်ပါသည်။ ယင်း စာရင်းကို အတည်ပြု ထုတ်ပြန်ပေးသွားမည် ဖြစ်ပါကြောင်းလည်း အသိပေးအပ်ပါသည်။
ယခုအစီအမံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) ကူးစက်မှု ကို ကန့်သတ်ထိန်းချုပ်နိုင်ပါရန် ချမှတ်ထားသည့် အစီအမံများကြောင့် ဂျပန်နိုင်ငံတွင် အခက် အခဲများနှင့် ရင်ဆိုင်နေကြရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများအတွက် ဆောင်ရွက်ပေး ခြင်း ဖြစ်ပါကြောင်းလည်း အသိပေးအပ်ပါသည်။
မြန်မာသံရုံးအနေဖြင့် တိုကျိုမြို့၊ Narita International Airport မှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ခရီးသည် ၂၀၀ ဦး အများဆုံး လိုက်ပါနိုင်သည့် Relief Flight ပြေးဆွဲပေး နိုင်ရေးအတွက် All Nippon Airways ရုံးချုပ်နှင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး၊ ထပ်မံအသိပေးသွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသို့ ပြန်လိုသူ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် လေယာဉ် လက်မှတ်ရရှိရေးအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ကြပါရန် အကြံပြု တိုက်တွန်းအပ်ပါသည်။
Image may contain: text
မြန်မာသံရုံး
တိုကျိုမြို့။

၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်။
>>zawgyi<<
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရေးနှင့် စပ်လျဉ်း၍ အသိပေး နှိုးဆော်ချက် (၁၉)
Tuesday, April 28, 2020

အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ (COVID-19) ကြောင့် မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်ထွက်ခွာနိုင်ခဲ့ခြင်းမရှိသဖြင့်၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီလေယာဉ် (Relief Flight) ဖြင့် လိုက်ပါလိုသော မြန်မာနိုင်ငံသားများနှင့် မိသားစုများ မှ ပေးပို့လာသည့် အချက်အလက်များလက်ခံမှုကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်၊ မွန်းတည့် ၁၂၀၀ နာရီ၌ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ယခုလက်ခံရရှိပြီးသည့် Relief Flight ဖြင့် လိုက်ပါလိုကြသော မြန်မာနိုင်ငံသား မိသားစု များ၏စာရင်းကို All Nippon Airways ရုံးချုပ်သို့ ဆက်လက်ပေးပို့သွားမည် ဖြစ်ပါသည်။ ယင်း စာရင်းကို အတည်ပြု ထုတ်ပြန်ပေးသွားမည် ဖြစ်ပါကြောင်းလည်း အသိပေးအပ်ပါသည်။
ယခုအစီအမံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) ကူးစက်မှု ကို ကန့်သတ်ထိန်းချုပ်နိုင်ပါရန် ချမှတ်ထားသည့် အစီအမံများကြောင့် ဂျပန်နိုင်ငံတွင် အခက် အခဲများနှင့် ရင်ဆိုင်နေကြရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများအတွက် ဆောင်ရွက်ပေး ခြင်း ဖြစ်ပါကြောင်းလည်း အသိပေးအပ်ပါသည်။
မြန်မာသံရုံးအနေဖြင့် တိုကျိုမြို့၊ Narita International Airport မှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ခရီးသည် ၂၀၀ ဦး အများဆုံး လိုက်ပါနိုင်သည့် Relief Flight ပြေးဆွဲပေး နိုင်ရေးအတွက် All Nippon Airways ရုံးချုပ်နှင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး၊ ထပ်မံအသိပေးသွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသို့ ပြန်လိုသူ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် လေယာဉ် လက်မှတ်ရရှိရေးအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ကြပါရန် အကြံပြု တိုက်တွန်းအပ်ပါသည်။
မြန်မာသံရုံး
တိုကျိုမြို့။

၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်။

0 comments:

Post a Comment