ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ကာလရှည်ပိတ်ထားခဲ့ရသည့် ရှန်ဟိုင်းမြို့တော်ရှိ စာသင်ကျောင်းများကို တစ်ဖြည်းဖြည်းချင်း ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြ စ်သည်။ ယခုနွေရာသီတွင် သင်တန်းပြီးဆုံးမည့် အလယ်တန်းနှင့် အထက်တန်းကျောင်းသူ၊ ကျောင်းသားများကို သုံးလနီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ယနေ့ အတန်းတက်ခွင့်ပြုခဲ့ကြောင်း သိရသည်။
အခြားအဆင့် ကျောင်းသူ၊ ကျောင်းသားများကို တစ်ဆင့်ချင်း ဖွင့်လှစ်မည်ဟု မျှော်မှန်းရသည်။ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုသစ် ဖြစ်ပွားမည်ကိုစိုးရိမ်ခြင် းကြောင့် တရုတ်နိုင်ငံရှိ စာသင်ကျောင်းများကို သတိပေးချက် ထားရှိဆဲဖြစ်သည်။
ရှန်ဟိုင်းမြို့လယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းတ ွင် နှာခေါင်းစည်းတပ်ဆင်ထားသော ကျောင်းသူ၊ ကျောင်းသားများက အပူချိန်စစ်ဆေးမှုခံယူကာ လက်များကို ပိုးသတ်ပြီးနောက် ကျောင်းဝန်းအတွင်း ဝင်ရောက်ခဲ့သည်။
ပြီးခဲ့သော ဇန်နဝါရီလနှောင်းပိုင်း တရုတ်နှစ်သစ်ကူး အားလပ်များနောက်ပိုင်း ကျောင်းသူ၊ ကျောင်းသား များက ပထမဆုံးအကြိမ် အတန်းဖော်များနှင့် ပြန်ပေါင်းမိခြင်းဖြစ်သည်။
စာသင်ကျောင်းပိတ်ထားမှု၏ အကျိုးသက်ရောက်မှုက နည်းပါးခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အွန် လိုင်းသင်ကြားမှုများ လုပ်ဆောင်နေသောကြောင့်ဖြစ်က ြောင်း ကျောင်းသားတစ်ဦးက ပြောသည်။ ပေကျင်းမြို့ တော်၌ စီးပွားရေးလုပ်ငန်းအချို့ ပြန်လည်စတင်ပြီးနောက် အာဏာပိုင်များက ယနေ့ အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ကူးစက်မှုများတားဆီးမည့် တင်းကျပ်သောအစီအမံများ ဆက်လက်ဆောင်ရွက်ရန် အာဏာပိုင်များက ဆက်လက်ပန်ကြားသည်။ ရှန်ဟိုင်းမြို့တော်ရှိ ဂျပင်စာသင်ကျောင်းသုံးကျောင ်းကို ပိတ်ထားဆဲဖြစ်သည်။ တရားဝင်ခွင့်ပြုချက်များ လိုအပ်ခြင်းကြောင့် အဆိုပါကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် အချိန်ပိုကြာမြင့်မည်ဖြစ်သည ်။
ref- PeopleMedia #Myanmar_Online_News
>>zawgyi<<
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တော်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားသော်လည် း covid-19 သတိပေးချက် ထားရှိဆဲဖြစ်
Tuesday, April 28, 2020
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ကာလရှည်ပိတ်ထားခဲ့ရသည့် ရှန်ဟိုင်းမြို့တော်ရှိ စာသင်ကျောင်းများ ကို တစ်ဖြည်းဖြည်းချင်း ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြ စ်သည်။ ယခုနွေရာသီတွင် သင်တန်းပြီးဆုံးမည့် အလယ်တန်းနှင့် အထက်တန်းကျောင်းသူ၊ ကျောင်းသားများကို သုံးလနီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ယနေ့ အတန်းတက်ခွင့်ပြုခဲ့ကြောင်း သိရသည်။
အခြားအဆင့် ကျောင်းသူ၊ ကျောင်းသားများကို တစ်ဆင့်ချင်း ဖွင့်လှစ်မည်ဟု မျှော်မှန်းရသည်။ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုသစ် ဖြစ်ပွားမည်ကိုစိုးရိမ်ခြင် းကြောင့် တရုတ်နိုင်ငံရှိ စာသင်ကျောင်းများကို သတိပေးချက် ထားရှိဆဲဖြစ်သည်။
ရှန်ဟိုင်းမြို့လယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းတ ွင် နှာခေါင်းစည်းတပ်ဆင်ထားသော ကျောင်းသူ၊ ကျောင်းသားများက အပူချိန်စစ်ဆေးမှုခံယူကာ လက်များကို ပိုးသတ်ပြီးနောက် ကျောင်းဝန်းအတွင်း ဝင်ရောက်ခဲ့သည်။
ပြီးခဲ့သော ဇန်နဝါရီလနှောင်းပိုင်း တရုတ်နှစ်သစ်ကူး အားလပ်များနောက်ပိုင်း ကျောင်းသူ၊ ကျောင်းသား များက ပထမဆုံးအကြိမ် အတန်းဖော်များနှင့် ပြန်ပေါင်းမိခြင်းဖြစ်သည်။
စာသင်ကျောင်းပိတ်ထားမှု၏ အကျိုးသက်ရောက်မှုက နည်းပါးခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အွန် လိုင်းသင်ကြားမှုများ လုပ်ဆောင်နေသောကြောင့်ဖြစ်ေ ကြာင်း ကျောင်းသားတစ်ဦးက ပြောသည်။ ပေကျင်းမြို့ တော်၌ စီးပွားရေးလုပ်ငန်းအချို့ ပြန်လည်စတင်ပြီးနောက် အာဏာပိုင်များက ယနေ့ အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ကူးစက်မှုများတားဆီးမည့် တင်းကျပ်သောအစီအမံများ ဆက်လက်ဆောင်ရွက်ရန် အာဏာပိုင်များက ဆက်လက်ပန်ကြားသည်။ ရှန်ဟိုင်းမြို့တော်ရှိ ဂျပင်စာသင်ကျောင်းသုံးကျောင ်းကို ပိတ်ထားဆဲဖြစ်သည်။ တရားဝင်ခွင့်ပြုချက်များ လိုအပ်ခြင်းကြောင့် အဆိုပါကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် အချိန်ပိုကြာမြင့်မည်ဖြစ်သည ္။
ref- PeopleMedia #Myanmar_Online_News
0 comments:
Post a Comment