Tuesday, April 28, 2020

သြစတေးလျနိုင်ငံ ဘွန်ဒီကမ်းခြေအား ပြန်လည်ဖွင့်လှစ်ရာ ရာချီသည့်လူများ စုရုံးရောက်ရှိ

Image may contain: 3 people, ocean, water, outdoor and nature

COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ရေးအတွက် လွန်ခဲ့သည့်တစ်လကျော်ခန့်ကစတင်ကာ ပိတ်ခဲ့သည့် ဆစ်ဒနီ၏ အထင်ကရဖြစ်သည့် ဘွန်ဒီကမ်းခြေအား ယနေ့မနက် ၇းဝဝ က ဒေသအစိုးရက ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ လူအများစုရုံးရောက်ရှိလာကြောင်း သိရှိရသည်။

မတ်လ(၂၁) ရက်ကစတင် ပိတ်ထားခဲ့သည့် အဆိုပါကမ်းခြေအား ဒေသအစိုးရက အားကစားလေ့ကျင့်မှုများပြုလုပ်ရန်အတွက်သာ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး လှိုင်းစီသမားများနှင့် ရေကူးသူများ ရာနှင့်ချီကာ ပြန်လည်ဖွင့်လှစ်ပြီး နာရီပိုင်းအကြာမှာပင် စုရုံးရောက်ရှိလာခြင်းဖြစ်သည်။
သြစတေးလျ၏ အကြီးမားဆုံးပြည်နယ်ဖြစ်သည့် နယူးဆောက်ဝေးစ်ပြည်နယ်ကိုလည်း လာမည့်သောကြာ နေ့မှစတင်ကာ Lockdown ချထားခြင်းကို ဖြေလျော့ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် မစ္စဂလေဒီက ယနေ့မနက်ပိုင်းက အတည်ပြုပြောကြားခဲ့သည်။
၂၈.၄.၂၀၂၀ အစိုးရကျန်းမာရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ သြစတေးလျနိုင်ငံတွင် ရောဂါကူးစက်ဖြစ်ပွားမှုစုစုပေါင်း ၆၇၂၅၊ သေဆုံးသူ ၈၄၊ ပြန်လည်ကောင်းမွန်သူ ၅၆၀၂ ဦးရှိကြောင်းသိရပြီး တနင်္လာမနက် ၆း၀၀ မွ အင်္ဂါမနက် ၆း၀၀ ထိ ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားလူနာသစ် ၁၂ ဦးရှိကြောင်း သိရသည်။
Image may contain: one or more people, people standing, ocean and outdoor
Ref ; Tomorrow News Journal
<zawgyi>
သြစတေးလျနိုင်ငံ ဘွန်ဒီကမ်းခြေအား ပြန်လည်ဖွင့်လှစ်ရာ ရာချီသည့်လူများ စုရုံးရောက်ရှိ
Tuesday, April 28, 2020

COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ရေးအတွက် လွန်ခဲ့သည့် တစ်လကျော်ခန့်က စတင်ကာ ပိတ်ခဲ့သည့် ဆစ်ဒနီ၏ အထင်ကရဖြစ်သည့် ဘွန်ဒီကမ်းခြေအား ယနေ့မနက် ရးဝဝ ကဒေသအစိုးရက ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ လူအများ စုရုံးရောက်ရှိလာကြောင်း သိရှိရသည်။
မတ်လ(၂၁) ရက်ကစတင် ပိတ်ထားခဲ့သည့် အဆိုပါကမ်းခြေအား ဒေသအစိုးရက အားကစားလေ့ကျင့်မှုများပြုလုပ်ရန်အတွက်သာ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး လှိုင်းစီသမားများနှင့် ရေကူးသူများ ရာနှင့်ချီကာ ပြန်လည်ဖွင့်လှစ်ပြီး နာရီပိုင်းအကြာမှာပင် စုရုံးရောက်ရှိလာခြင်းဖြစ်သည်။
သြစတေးလျ၏ အကြီးမားဆုံးပြည်နယ်ဖြစ်သည့် နယူးဆောက်ဝေးစ်ပြည်နယ်ကိုလည်း လာမည့်သောကြာ နေ့မှစတင်ကာ Lockdown ချထားခြင်းကို ဖြေလျော့ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် မစ္စဂလေဒီက ယနေ့မနက်ပိုင်းက အတည်ပြုပြောကြားခဲ့သည်။
၂၈.၄.၂၀၂၀ အစိုးရကျန်းမာရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ သြစတေးလျနိုင်ငံတွင် ရောဂါကူးစက်ဖြစ်ပွားမှုစုစုပေါင်း ၆၇၂၅၊ သေဆုံးသူ ၈၄၊ ပြန်လည်ကောင်းမွန်သူ ၅၆၀၂ ဦးရှိကြောင်းသိရပြီး တနင်္လာမနက် ၆းဝဝ မွ အင်္ဂါမနက် ၆းဝဝ ထိ ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားလူနာသစ် ၁၂ ဦးရှိကြောင်း သိရသည်။
Ref ; Tomorrow News Journal

0 comments:

Post a Comment