ကိုဗစ်ရောဂါပိုး Negative နှစ်ကြိမ်ပြသခဲ့သဖြင့် ဆေးရုံဆင်းခွင့်ရရှိပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ် သည့် Case 4 လူနာ ကိုကျော်လင်းထက်က မန္တလေးကန်တော်နဒီဆေးရုံ၏ လိုအပ်ချက်များကို ထောက်ပြပြောဆိုလိုက်သည်။
ယနေ့ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် Online မှတစ်ဆင့် အပြန် အလှန် ဆွေးနွေးခြင်းအစီအစဉ်၌ ယင်းကဲ့သို့ ထောက်ပြပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေစဉ် စိုးရိမ်စိတ်ရှိမရှိကျေနပ်မ ှုရှိမရှိ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့ရာ ယင်းမေးခွန်းကို ဖြေဆိုရန် Pressure(ဖိအား) ရှိကြောင်း ကိုကျော်လင်းထက်က ဆိုသည်။ သို့သော် လိုအပ်ချက်များကို မပြောဆိုလျှင် နောက်ထပ်လာနိုင်မည့် လူနာများအတွက် အခက်အခဲများ ဖြစ်နိုင်သော ကြောင့် ပြောဆိုရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
" လိုအပ်ချက်လေးတွေ ရှိတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက ် အိမ်သာတို့ ရေချိုးခန်းတို့က ရေမလာတာတွေ ရှိတယ်။ ပျက်နေတာတွေ ရှိတယ်။ နောက်ပြီး ဝန်ထမ်းအခက်အခဲကြောင့် နေ့လည်စာကို ၃ နာရီလောက်မှ စားရတယ် " ဟု ကိုကျော်လင်းထက်က ပြောဆိုခဲ့သည်။
ရေရရှိရန် အရေးကြီးသည့်အတွက် ချက်ချင်းလုပ်ဆောင်ပေးမည်ဖြ စ်ပြီး ဝန်ထမ်းအင်အားနည်းပါးမှုကြေ ာင့် လူနာတစ်ယောက် နေ့လည်စာကို ၃ နာရီမှ စားရခြင်းသည် မဖြစ်သင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောဆိုခဲ့သည်။
ကိုကျော်လင်းထက်သည် ရောဂါပိုးကင်းစင်သွားပြီဟု ဆရာဝန်ကြီးများက သတ်မှတ်ထားသော်လည်း Home Stay Quarantine အဖြစ် နေအိမ်တွင် တစ်လကြာ နေထိုင်ရဦးမည်ဟု ၎င်းက ပြောသည်။
လက်ရှိ မန္တလေး ကန်တော်နဒီဆေးရုံ၌ Case 82 လူနာနှင့် Case 132 လူနာတို့ တက်ရောက်ကုသမှု ခံယူနေကြသည်။
Source - The Voice Journal
<zawgyi>
မန္တလေး ကန်တော်နဒီဆေးရုံ၏ လိုအပ်ချက်များကို Covid-19 Negative နှစ်ကြိမ်ပြသခဲ့လို့ ဆေးရုံဆင်းပြီး နေအိမ်ရောက်ရှိသွားပြီဖြစ်တ ဲ့ ကိုကျော်လင်းထက် ထောက်ပြ
Tuesday, April 28, 2020
ကိုဗစ်ရောဂါပိုး Negative နှစ်ကြိမ်ပြသခဲ့သဖြင့် ဆေးရုံဆင်းခွင့်ရရှိပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ် သည့် Case 4 လူနာ ကိုကျော်လင်းထက်က မန္တလေးကန်တော်နဒီဆေးရုံ၏ လိုအပ်ချက်များကို ထောက်ပြပြောဆိုလိုက်သည်။
ယနေ့ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် Online မှတစ်ဆင့် အပြန် အလှန် ဆွေးနွေးခြင်းအစီအစဉ်၌ ယင်းကဲ့သို့ ထောက်ပြပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေစဉ် စိုးရိမ်စိတ်ရှိမရှိကျေနပ်မ ှုရှိမရှိ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့ရာ ယင်းမေးခွန်းကို ဖြေဆိုရန် Pressure(ဖိအား) ရှိကြောင်း ကိုကျော်လင်းထက်က ဆိုသည်။ သို့သော် လိုအပ်ချက်များကို မပြောဆိုလျှင် နောက်ထပ်လာနိုင်မည့် လူနာများအတွက် အခက်အခဲများ ဖြစ်နိုင်သော ကြောင့် ပြောဆိုရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
" လိုအပ်ချက်လေးတွေ ရှိတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက ် အိမ်သာတို့ ရေချိုးခန်းတို့က ရေမလာတာတွေ ရှိတယ်။ ပျက်နေတာတွေ ရှိတယ်။ နောက်ပြီး ဝန်ထမ်းအခက်အခဲကြောင့် နေ့လည်စာကို ၃ နာရီလောက်မှ စားရတယ် " ဟု ကိုကျော်လင်းထက်က ပြောဆိုခဲ့သည်။
ရေရရှိရန် အရေးကြီးသည့်အတွက် ချက်ချင်းလုပ်ဆောင်ပေးမည်ဖြ စ်ပြီး ဝန်ထမ်းအင်အားနည်းပါးမှုကြော င့် လူနာတစ်ယောက် နေ့လည်စာကို ၃ နာရီမှ စားရခြင်းသည် မဖြစ်သင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောဆိုခဲ့သည်။
ကိုကျော်လင်းထက်သည် ရောဂါပိုးကင်းစင်သွားပြီဟု ဆရာဝန်ကြီးများက သတ်မှတ်ထားသော်လည်း Home Stay Quarantine အဖြစ် နေအိမ်တွင် တစ်လကြာ နေထိုင်ရဦးမည်ဟု ၎င်းက ပြောသည်။
လက်ရှိ မန္တလေး ကန်တော်နဒီဆေးရုံ၌ Case 82 လူနာနှင့် Case 132 လူနာတို့ တက်ရောက်ကုသမှု ခံယူနေကြသည်။
Source - The Voice Journal
0 comments:
Post a Comment