Tuesday, April 28, 2020

Covid-19 ကြောင့် သွားလာမှု ကန့်သတ်ထားသောကြောင့် ပြင်ဦးလွင်၊ စစ်မှုထမ်ဟောင်းအိမ်ရာတွင်တပ်မ တော်မှ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေ

Image may contain: one or more people and food

ပြင်ဦးလွင်တပ်နယ်က စစ်မှုထမ်းဟောင်း အိမ်ယာတွင် ယနေ့နံနက် ၇: ၂၀ မှ ၉: ၀၀ အထိ ဈေးနှုန်းသက်သာစွာဖြင့် ဈေးရောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလတွင် စစ်မှုထမ်းဟောင်း မိသားစုဝင်များ ပြင်ပသို့ ထွက်စရာမလိုဘဲ ဈေးဝယ်နိုင်သဖြင့် အဆင်ပြေစေသော အစီအစဥ်တစ်ရပ်ဖြစ်သည် ။ ဈေးဝယ်ရာတွင်လည်း လူစုလူဝေးမဖြစ်အောင် သေချာ စနစ်ကျစွာ ဆောင်ရွက်ခဲ့သည် ။
ထိုဈေးရောင်းပွဲသို့ စစ်မှုထမ်းဟောင်း မိသားစုဝင်များ တပျော်တပါးလာရောက်ဝယ်ယူကြရာ ပြင်ဦးလွင်တပ်နယ်မှူး စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ထင်လတ်ဦးက လူမှုရေး၊ ကျန်းမာရေး လိုအပ်မှုများ ရှိပါက အချိန်အခါမရွေး အကူအညီတောင်းခံနိုင်ကြောင်း ခင်မင်ရင်းနှီးစွာ ပြောကြားခဲ့သည်။
ဈေးရောင်းပွဲတွင် အမှတ် ( ၁ ) တပ်မတော်ဆေးရုံ ( ကုတင် ၇၀၀ )က ဝက်သား ၈၀ကျပ်သား တစ်ထုပ်လျှင် ၃၀၀၀ ကျပ်ဖြင့်လည်းကောင်း၊စစ်တက္ကသိုလ်က ကြက်သား ၈၀ ကျပ်သား တစ်ထုပ်လျှင် ၂၅၀၀ ကျပ်ဖြင့် လည်းကောင်း၊အမှတ်( ၁ ) စ လ စ က ကြက်ဥ ၁၁ လုံးလျှင် ၁၀၀၀ကျပ်ဖြင့်လည်းကောင်း၊ အာလူး တစ်ပိသာလျှင် ၉၀၀ ကျပ်ဖြင့်လည်းကောင်း အသီးသီး ရောင်းချပေးခဲ့သည် ။
ပြင်ဦးလွင် စစ်မှုထမ်းဟောင်း အိမ်ရာတွင် မိသားစုဝင် ၂၂၀ ယောက်နေထိုင်ကြကြောင်းသိရသည်။
အလားတူ ဈေးရောင်းပွဲကို လာမည့် ၅၊ မေ၊ ၂၀၂၀ နေ့ နံနက်ပိုင်းတွင် ပြုလုပ်ပေးမည်ဟုလည်း သိရသည် ။
Image may contain: one or more people, people standing, food and outdoor

Image may contain: one or more people and outdoor
Image may contain: food and outdoor
Image may contain: one or more people, food and outdoor
Source - Yo MinnGyi MinnGyi
<zawgyi>
Covid-19 ကြောင့် သွားလာမှု ကန့်သတ်ထားသောကြောင့် ပြင်ဦးလွင်၊ စစ်မှုထမ်ဟောင်းအိမ်ရာတွင်တပ်မ တော်မှ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေ
Tuesday, April 28, 2020

ပြင်ဦးလွင်တပ်နယ်က စစ်မှုထမ်းဟောင်း အိမ်ယာတွင် ယနေ့နံနက် ၇: ၂၀ မှ ၉: ၀၀ အထိ ဈေးနှုန်းသက်သာစွာဖြင့် ဈေးရောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလတွင် စစ်မှုထမ်းဟောင်း မိသားစုဝင်များ ပြင်ပသို့ ထွက်စရာမလိုဘဲ ဈေးဝယ်နိုင်သဖြင့် အဆင်ပြေစေသော အစီအစဉ်တစ်ရပ်ဖြစ်သည် ။ ဈေးဝယ်ရာတွင်လည်း လူစုလူဝေးမဖြစ်အောင် သေချာ စနစ်ကျစွာ ဆောင်ရွက်ခဲ့သည် ။
ထိုဈေးရောင်းပွဲသို့ စစ်မှုထမ်းဟောင်း မိသားစုဝင်များ တပျော်တပါးလာရောက်ဝယ်ယူကြရာ ပြင်ဦးလွင်တပ်နယ်မှူး စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ထင်လတ်ဦးက လူမှုရေး၊ ကျန်းမာရေး လိုအပ်မှုများ ရှိပါက အချိန်အခါမရွေး အကူအညီတောင်းခံနိုင်ကြောင်း ခင်မင်ရင်းနှီးစွာ ပြောကြားခဲ့သည်။
ဈေးရောင်းပွဲတွင် အမှတ် ( ၁ ) တပ်မတော်ဆေးရုံ ( ကုတင် ၇၀၀ )က ဝက်သား ၈၀ကျပ်သား တစ်ထုပ်လျှင် ၃၀၀၀ ကျပ်ဖြင့်လည်းကောင်း၊စစ်တက္ကသိုလ်က ကြက်သား ၈၀ ကျပ်သား တစ်ထုပ်လျှင် ၂၅၀၀ ကျပ်ဖြင့် လည်းကောင်း၊အမှတ်( ၁ ) စ လ စ က ကြက်ဥ ၁၁ လုံးလျှင် ၁၀၀၀ကျပ်ဖြင့်လည်းကောင်း၊ အာလူး တစ်ပိသာလျှင် ၉၀၀ ကျပ်ဖြင့်လည်းကောင်း အသီးသီး ရောင်းချပေးခဲ့သည် ။
ပြင်ဦးလွင် စစ်မှုထမ်းဟောင်း အိမ်ရာတွင် မိသားစုဝင် ၂၂၀ ယောက်နေထိုင်ကြကြောင်းသိရသည်။
အလားတူ ဈေးရောင်းပွဲကို လာမည့် ၅၊ မေ၊ ၂၀၂၀ နေ့ နံနက်ပိုင်းတွင် ပြုလုပ်ပေးမည်ဟုလည်း သိရသည် ။
Source - Yo MinnGyi MinnGyi

0 comments:

Post a Comment