Monday, April 27, 2020

COVID-19 ကို ခြေရာခံတဲ့ App ထိုင်းမှာ စမ်းသပ် အသုံးပြုနေပြီ

Image may contain: people sitting

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အရှေ့ပိုင်း Chachoengsao စီရင်စု၊ ဟွန်ဒါကားကုမ္ပဏီမှာ COVID-19 ကူးစက်မှုကို လျော့ကျလာအောင် အဖြစ်များတဲ့နေရာတွေကို ခြေရာခံပေးမယ့် Application ကို စတင်စမ်းသပ် အသုံးပြုနေပါပြီ။

Chuay Kan Group ကနေ ဒီလအစောပိုင်းမှာ စတင်မိတ်ဆက်ခဲ့တဲ့ Mor Chana လို့ နာမည်ပေးထားတဲ့ ခြေ ရာခံ Application ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများတဲ့ ကူးစက်နိုင်ချေမြင့်တဲ့ နေရာတွေအဖြစ် မြေပုံမှာ အနီရောင် ပြပေးနေမှာဖြစ်ပြီး ကူးစက်ခံရသူ သိပ်မရှိသေးတဲ့ ကူးစက်နိုင်ချေနည်းတဲ့နေရာတွေကိုတော့ အစိမ်းရောင် ပြထားမှာပါ။
ရောဂါကူးစက်နိုင်တဲ့ နေရာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဟွန်ဒါကုမ္ပဏီက ဝန်ထမ်း ၁၈,၀၀၀ ကျော်ကို အဆိုပါ Application Download ဆွဲကာ ကိုယ်ရေးအချက်အလက်တွေကို သိမ်းဆည်းထားနိုင်ဖို့ စတင် အသုံးပြုနေပါပြီ။
“Mor Chana” Application ကို ကူညီပံ့ပိုးပေးနေတဲ့ ကုမ္ပဏီတခုဖြစ်တဲ့ Energy Absolute Plc (Ea) က မစ္စတာ Somphote က အဆိုပါ ခြေရာခံ Application မှာ ညွှန်ပြပေးနေတဲ့ အချက်အလက်တွေဟာ ထိုင်းနိုင်ငံ ရောဂါ ထိန်းချုပ်ရေးဌာနအတွက်လည်း အထောက်အပံ့ ဖြစ်စေတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် အဆိုပါ Application ဟာ ရောဂါဖြစ်နိုင်ချေများတဲ့ နေရာတွေကို ညွှန်ပြနေတာကြောင့် ဆေးရုံတွေအတွက်လည်း တဖက်တလမ်းက အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။
ကုသဆေး မပေါ်သေးတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့အတွက် ၁၂ လကနေ ၁၈ လလောက်ထိ အချိန်ယူရနိုင်တယ်လို့ ခန့်မှန်းနေကြတာကြောင့် ဒီအတောအတွင်း စီးပွားရေးလုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ဖို့နဲ့ ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ခြေရာခံလိုက်နိုင်မယ့် Application မျိုးတွေဟာ မရှိမဖြစ် လိုအပ်ပါတယ်။
မစ္စတာ Somphote ဟာ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေး ကူညီပေးဖို့ တောင်းခံခဲ့တဲ့ ဘီလီယံနာ ၂၀ ထဲက တယောက်လည်း ဖြစ်ပါတယ်။ “ကျနော်တို့ ကန့်သတ် ထားတဲ့ Lockdown မဖြုတ်ခင်မှာ နိုင်ငံတဝှမ်းက ကျန်းမာရေးဝန်ထမ်းတွေဆီမှာ နောက်ထပ် ကူးစက်လာနိုင်သူတွေကို ကုသပေးနိုင်မယ့် ဆေးပစ္စည်းတွေ လုံလောက်နေဖို့ လိုပါတယ်” လို့ မစ္စတာ Somphote ဆိုပါတယ်။
“ကျနော်တို့ အမေရိက နဲ့ ဥရောပနိုင်ငံတွေလို မထိန်းချုပ်နိုင်တဲ့အခြေအနေမျိုးထိ ဖြစ်သွားမှာ မလိုချင်ပါဘူး” လို့ ဆိုပါတယ်။
မစ္စတာ Somphote ဟာ COVID-19 ကို အချိန်တိုအတွင်း ရောဂါရှာဖွေနိုင်မယ့် Test တွေ စမ်းသပ်မှုမှာလည်း ငွေကြေးထောက်ပံ့ပေးထားပါသေးတယ်။ မကြာခင် စိုးရိမ်မှုမရှိဘဲ လူတိုင်းအပြင်ထွက် သွားလာနိုင်မယ့်အချိန် ကို သူက မျှော်လင့်နေပါတယ်။
Image may contain: 2 people, people standing and suit
Image may contain: 2 people, people sitting
Ref ; Irrawaddy
<zawgyi>
COVID-19 ကို ခြေရာခံတဲ့ App ထိုင်းမှာ စမ်းသပ် အသုံးပြုနေပြီ
Tuesday, April 28, 2020

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အရှေ့ပိုင်း Chachoengsao စီရင်စု၊ ဟွန်ဒါကားကုမ္ပဏီမှာ COVID-19 ကူးစက်မှုကို လျော့ကျလာအောင် အဖြစ်များတဲ့နေရာတွေကို ခြေရာခံပေးမယ့် Application ကို စတင်စမ်းသပ် အ သုံးပြုနေပါပြီ။
Chuay Kan Group ကနေ ဒီလအစောပိုင်းမှာ စတင်မိတ်ဆက်ခဲ့တဲ့ Mor Chana လို့ နာမည်ပေးထားတဲ့ ခြေ ရာခံ Application ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများတဲ့ ကူးစက်နိုင်ချေမြင့်တဲ့ နေရာတွေအဖြစ် မြေပုံမှာ အနီရောင် ပြပေးနေမှာဖြစ်ပြီး ကူးစက်ခံရသူ သိပ်မရှိသေးတဲ့ ကူးစက်နိုင်ချေနည်းတဲ့နေရာတွေကိုတော့ အစိမ်းရောင် ပြထားမှာပါ။
ရောဂါကူးစက်နိုင်တဲ့ နေရာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဟွန်ဒါကုမ္ပဏီက ဝန်ထမ်း ၁၈,၀၀၀ ကျော်ကို အဆိုပါ Application Download ဆွဲကာ ကိုယ်ရေးအချက်အလက်တွေကို သိမ်းဆည်းထားနိုင်ဖို့ စတင် အသုံးပြုနေပါပြီ။
“Mor Chana” Application ကို ကူညီပံ့ပိုးပေးနေတဲ့ ကုမ္ပဏီတခုဖြစ်တဲ့ Energy Absolute Plc (Ea) က မစ္စတာ Somphote က အဆိုပါ ခြေရာခံ Application မှာ ညွှန်ပြပေးနေတဲ့ အချက်အလက်တွေဟာ ထိုင်းနိုင်ငံ ရောဂါ ထိန်းချုပ်ရေးဌာနအတွက်လည်း အထောက်အပံ့ ဖြစ်စေတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် အဆိုပါ Application ဟာ ရောဂါဖြစ်နိုင်ချေများတဲ့ နေရာတွေကို ညွှန်ပြနေတာကြောင့် ဆေးရုံတွေအတွက်လည်း တဖက်တလမ်းက အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။
ကုသဆေး မပေါ်သေးတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့အတွက် ၁၂ လကနေ ၁၈ လလောက်ထိ အချိန်ယူရနိုင်တယ်လို့ ခန့်မှန်းနေကြတာကြောင့် ဒီအတောအတွင်း စီးပွားရေးလုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ဖို့နဲ့ ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ခြေရာခံလိုက်နိုင်မယ့် Application မျိုးတွေဟာ မရှိမဖြစ် လိုအပ်ပါတယ်။
မစ္စတာ Somphote ဟာ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေး ကူညီပေးဖို့ တောင်းခံခဲ့တဲ့ ဘီလီယံနာ ၂၀ ထဲက တယောက်လည်း ဖြစ်ပါတယ်။ “ကျနော်တို့ ကန့်သတ် ထားတဲ့ Lockdown မဖြုတ်ခင်မှာ နိုင်ငံတဝှမ်းက ကျန်းမာရေးဝန်ထမ်းတွေဆီမှာ နောက်ထပ် ကူးစက်လာနိုင်သူတွေကို ကုသပေးနိုင်မယ့် ဆေးပစ္စည်းတွေ လုံလောက်နေဖို့ လိုပါတယ်” လို့ မစ္စတာ Somphote ဆိုပါတယ်။
“ကျနော်တို့ အမေရိက နဲ့ ဥရောပနိုင်ငံတွေလို မထိန်းချုပ်နိုင်တဲ့အခြေအနေမျိုးထိ ဖြစ်သွားမှာ မလိုချင်ပါဘူး” လို့ ဆိုပါတယ်။
မစ္စတာ Somphote ဟာ COVID-19 ကို အချိန်တိုအတွင်း ရောဂါရှာဖွေနိုင်မယ့် Test တွေ စမ်းသပ်မှုမှာလည်း ငွေကြေးထောက်ပံ့ပေးထားပါသေးတယ်။ မကြာခင် စိုးရိမ်မှုမရှိဘဲ လူတိုင်းအပြင်ထွက် သွားလာနိုင်မယ့်အချိန် ကို သူက မျှော်လင့်နေပါတယ်။
Ref ; Irrawaddy

0 comments:

Post a Comment