မုတ်သုန်ရာသီအချိန်ဆိုရင်  မြန်မာ့ တောကြီးဂနိုင်ထဲမှာ  သယ်ယူပို့ဆောင်ရေးလုပ်ဖို့အတွက် ဆင်တွေဟာအကောင်းဆုံးပါပဲ။
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ သစ်ဆွဲဖို့ ဆင်တွေသုံးတဲ့နိုင်ငံဆိုလို့  မြန်မာနိုင်ငံပဲ ရှိပါတော့တယ်။ စက်ကြီးအသုံးတွေဟာ သစ်တောကို ပိုပျက်စီးစေပါတယ်။
 မြန်မာနိုင်ငံမှာ သစ်ဆွဲဆင်အရေအတွက် ခန့်မှန်း (၅၀၀၀)လောက်ရှိပါတယ်။
 ဆွေကျော်ဋ္ဌေး(ဆင်) ဟာ တောရိုင်းထဲကနေ ဖမ်းယူရရှိတဲ့ဆင်တွေထဲက နောက်ဆုံးဆင်ကြီးပါ။ ခုတော့ မြန်မာ့သစ်လုပ်ငန်းပိုင် အကျိုးနွံဆုံးဆင်တွေအနက်က တစ်ကောင်ဖြစ်နေပါပြီ။
 သရက်စမ်းအခြေစိုက်စခန်းက ဆင်ဦးစီးတွေဟာ မနက်တိုင်း ဆင်တွေကိုမြစ်ဆီခေါ်လာပြီး သေသေချာချာ ရေချိုးပေးပါတယ်။
 ဆင်တွေကို နေ့စဉ်ရေချိုးပေးတာဟာ သစ်ဆွဲဆင်တွေကို ကျန်းမာစေပြီး၊ ဆင်ဦးစီးနဲ့ဆင်တို့ကြားက သံယောဇဉ်ကိုလည်း ခိုင်မာလာစေပါတယ်။
 ဆင်ထီးတစ်ကောင်ဟာ ဆေးစစ်မှု ခံယူဖို့အသင့်ဖြစ်နေပုံပါ။ တိမွေးကုဆရာဝန်တွေဟာ ဆင်ရဲ့လျှာကိုစစ်ဆေးပြီး သွေးအားနည်းလက္ခာရှိမရှိ ကြည့်ပေးမှာပါ။
 မြန်မာ့ သစ်တောဟာ (၃၀)ရာခိုင်နှုန်းလောက်ပြုန်းတီးသွားပါတယ်။ အစိုးရကလည်း သစ်တောကို ကာကွယ်ဖို့အတွက် တရားမ၀င်သစ်ခိုးထုတ်မှုနဲ့ သစ်တောပြုန်းတီးမှုကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နေပါတယ်။
 သစ်ခုတ်မှုတွေကို လျှော့ချပစ်လိုက်တာနဲ့အမျှ သစ်ဆွဲဆင်တွေရဲ့ တာဝန်တွေဟာလည်း ပေါ့လာပါတော့တယ်။ တချို့ဆင်တွေဆိုရင် တောရိုင်းထဲကို ပြန်ပို့တော့မယ်လို့သိရပါတယ်။
 ၂၀၁၄ခုနှစ်၊ ဧပြီလ(၁)ရက်နေ့ကစပြီး မြန်မာနိုင်ငံကနေ သစ်တင်ပို့မှုကို လုံးဝတားမြစ်သွားတော့မှာပါ။ သစ်ခုတ်မှုကိုလည်း ထက်ဝက်နီးပါး လျှော့ချသွားမှာပါ။ ပုဂ္ဂလိကပိုင် သစ်ဆွဲဆင်တွေကိုလည်း အနားပေးသွားမှာပါ။
 အနားပေးလိုက်တဲ့သစ်ဆွဲဆင်တွေကို ကမ္ဘာလှည့်ခရီးသွားဆွဲဆောင်မှုအတွက် အသုံးချမယ့်အရေးနဲ့ပတ်သက်ပြီး ဆင် တက်ကြွလှုပ်ရှားသူများက စိုးရိမ်ပူပန်နေကြပါတယ်။ ရန်ကုန်မြို့၊ မင်းဓမ္မကုန်းတော်မှာ ဆင်ဖြူတော်တွေပန်းခြံထားရှိသလိုမျိုးပေါ့။
Ref:aljazeera
Trend Myanmar 
 






 
 
 
 
 
0 comments:
Post a Comment