Thursday, November 7, 2013

8.11.2013 မှ 14.11.2013 အထိ ၇ရက်ဟောစာတမ်း

တနင်္ဂနွေ
မမျှော်လင့်သော ခရီးရောက်မည်။ မရည်ရွယ်သောအလုပ် ရမည်။ မမြင်ဘူးသော သူ နှင့် ချစ်သူဖြစ်မည်။ လက်ဆောင်ကောင်းရမည်။ ရုတ်တရက် ငွေဝင်မည်။ အတိုက်အခံ တစ်ခု
ဖြေရှင်းရမည်။ ခင်မင်သူရဲ့ အထင်လွဲခြင်းခံရမည်။ အကြီးအကဲ အကူအညီရမည်။ စက်၊မြေ တို့ဝင်ထွက်မည်။ မင်္ဂလာဆောင်ဖြစ်မည်။ အလုပ်ကိစ္စ အဆင်ပြေမည်။ ရာထူးတက်ခြင်း
၊ စာမေးပွဲ အောင်မြင်ခြင်း ဖြစ်မည်။
အကျိုးပေးဂဏန်း  ၁၊၅၊၇
အထူးဟောချက်   ကံကောင်းမည်။

ယတြာ              အရှေ့မြောက်ဒေါင့်အရပ်ရှိ ရဟန်းသံဃာကို တနင်္ဂနွေနေ့နံနက် ဆွမ်းကပ်ပါ။


တနင်္လာ
ဒေါသထွက်စရာ ကြုံမည်။ တရား နှင့်ဖြေပါ။ ငယ်ရွယ်သူတွေကို ဂရုစိုက်ပါ။ မထင်မှတ်မှု့တွေကြုံမည်။ ခရီးဝေးသွားရမည်။ မရောက်ဘူးသောခရီး ရောက်မည်။ ကျန်းမာရေး စီးပွားရေး
ကောင်းမည်။ အကျိုးတူ ရှယ်ယာ လုပ်ပါ။ အောင်မြင်မည်။ လူယုံမထားရ။ လူပေါင်းမှားမည်။ အံ့သြစရာများ ၊ ထိတ်လန့်စရာများ ကြုံမည်။ ငွေရကိန်းမြင်သည်။ ထီထိုးပါ။ နေအိမ် ပြောင်းရွှေ့
မှု့ဖြစ်မည်။ နေရာသစ်မှာ ကောင်းကျိုးပေးမည်။ မင်္ဂလာဆောင်ဖြစ်မည်။ ယခင်ရည်းစား နှင့် အဆင်မပြေပါ။ နောက်ရည်းစားနှင့် အဆင်ပြေမည်။
အကျိုးပေးဂဏန်း ၂၊၄၊၈
အထူးဟော        အဆင်ပြေမည်။
ယတြာ             အရှေ့ရပ်ရှိ ရဟန်းသံဃာကို တနင်္လာနေ့ ဆွမ်းကပ်လိုက်ပါ။


အင်္ဂါ
သူများ ပြောတာ အရမ်း မယုံနှင့်။ သူများခေါ်တာ အရမ်းလိုက်နှင့်။ သူများခိုင်းတိုင်း အရမ်းမလုပ်နှင့်။ မှားတတ်သည်။ ချစ်ဟန်ဆောင်သူ တို့၏ လှည့်စားခြင်းခံရမည်။ ရည်ရွယ်ချက်များပြီး
စိတ်တိုင်းမကျ ဖြစ်နေမည်။ တစ်ခုပြီးမှ တစ်ခု လုပ်ပါ။ အောင်မြင်လိမ့်မည်။ ယခုတစ်ပတ်အတွင်းမှာ အောင်မြင်မှု့တွေရမည် ဖြစ်သော်လည်း ချက်ခြင်းမရတတ်ပဲ တစ်ဆင့်ပြီးမှ တစ်ဆင့်
သော် လည်းကောင်း ၊ ထစ်ငေါ့ပြီး မှ သော်လည်းကောင်း သွယ်ဝိုက်ပြီးမှ အောင်မြင်လိမ့်မည်။ ကျန်းမာရေး အနည်းငယ်ချူချာမည်။ ငွေဝင် ၊ ငွေထွက် ကြမ်းမည်။
အကျိုးပေးဂဏန်း ၃၊၆၊၉
အထူးဟော        အောင်မြင်မည်။
ယတြာ              အင်္ဂါနေ့နံနက်တွင် အရှေ့တောင် ထောင့်ရှိ ရဟန်း သံဃာကို ဆွမ်းကပ်ပါ။


ဗုဒ္ဓဟူး
စိတ်လေမည်။ ခရီးများမည်။ အချစ်ရေးမှာ ဆင်ခြင်၍ မရပဲ ဒဲ့ဒိုး တိုးလိမ့်မည်။ လူယုံမထားရ။ လူပေါင်းမှားမည်။ စကားပြောဆို ဆင်ခြင်ပါ။ အလုပ်ကိစ္စ အဆင်ပြေမည်။
ရည်ရွယ်ချက်များမည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ လူလိမ် ၊ ငွေလိမ် ခံရကိန်းရှိ၍ ဂရုစိုက်ပါ။ ကျန်းမာရေး ကောင်းမည်။ ကား ၊ စက် ၊ မြေဝင် ထွက်မည်။ လုပ်ငန်း ပြောင်းခြင်း၊
အိမ်ပြောင်းခြင်းဖြစ်မည်။  

အကျိုးပေးဂဏန်း ၄၊၉၊၆
အထူးဟော        အထူးအောင်မြင်မည်။
ယတြာ             တောင်အရပ်ရှိ ရဟန်းသံဃာကို ဗုဒ္ဓဟူးနေ့ နံနက်တွင် ဆွမ်းကပ်ပါ။


ကြာသပတေး
ချစ်သူပြောင်းလဲ မှု့ဖြစ်မည်။ ချစ်သူ အသစ်နှင့် တွေ့မည်။ အချစ်ဟောင်းနှင့် စိတ်ဝမ်းကွဲမည်။ လူခင်ခြင်း စိတ်ဝမ်းကွဲမည်။ ခရီးဝေးယာယီ တွေရောက်မည်။ လမ်းခရီး အန္တရာယ်မရှိပါ။
အချစ်ရေးမှာ သူချစ် ကိုယ်ချစ် ၁ဦး ၊ မောင်နှမလို ခင်ရာမှ စွဲလန်းသူ ၁ ဦး ၊ ကိုယ်က မချစ်ပဲ ကိုယ့်အပေါ်ချစ်လာသူ က တစ်ဦး ဖြစ်လာမည်။ ကျန်းမာရေး ကောင်းပါတယ်။ အလုပ်အကိုင်
စီးပွားရေး အသစ်အဆန်းတွေ လုပ်ဖြစ်မည်။ အောင်မြင်မည်။ မမျှော်လင့်ပဲ ထီပေါက်ကိန်းရှိ၍ ထီထိုးပါ။
အကျိုးပေးဂဏန်း ၅၊၀၊၇
အထူးဟော        အောင်မြင်မည်။
ယတြာ             အနောက်အရပ်ရှိ ရဟန်းတစ်ပါးကို ကြာသပတေးနံနက်တွင် ဆွမ်းကပ်ပါ။


သောကြာ
ကျော်တော့ လှေသူကြီး ငြားတော့လှေထိုးသား ဖြစ်ကိန်းရှိတယ်။ ချစ်ဟန်ဆောင်သူက ရန်သူထက်ဆိုးမည်။ဂရုစိုက်ပါ။ ဘယ်အရာမှ မြဲတယ်လို့   မမှတ်နှင့်။ ပြောငးလဲမှု့တွေ
ပြောင်းရွှေ့မှု့တွေ ဖြစ်မည်။ ဆုံးဖြတ်ချက် မမြန်ဆန်နှင့်။ အခက်အခဲ အတိုက်အခံ တွေ ကြုံမည်။ မရေ မရာ မသေချာ သော လမ်းကိုလျှောက်နေရသလို ဖြစ်နေမည်။ အတိုက်အ
ခံ ရန်ကြုံမည်။ လုပ်တူကိုင်ဖက် ခြင်း စိတ်ဝမ်းကွဲမည်။ ငွေကုန်ကျများမည်။
အကျိုးပေးဂဏန်း - ၆၊၉၊၈
အထူးဟော        အခက်အခဲ အတိုက်အခံ တွေ ကြုံပြီးမှ အောင်မြင်မည်။
ယတြာ             မြောက်အရပ်ရှိ လမ်းကို သောကြာနေ့တွင် လမ်းခင်းပေးပါ။


စနေ
စိတ်ဗျာများမည်။ သူများအရေး ကိုယ့်အရေး တွေ ရှုပ်နေမည်။ ခရီးများနေမည်။ ခရီးဝေးတွေရောက်မည်။ ကူညီသူ ဆောက်ရွက်သူတွေ ကြောင့် အောင်မြင်မှု့တွေရမည်။ အလုပ်ကိစ္စ
အဆင်ပြေမည်။ ကြိုးစားမှု့ များအောင်မြင်မည်။ အချစ်ရေး ပြန်အဆင်ပြေမည်။ ငယ်ချစ်ဦးနှင့် ပြန်ဆုံမည်။ အဝေးရောက် သူငယ်ချင်း နှင့်ပြန်ဆုံမည်။ ဖြေသောစာမေးပွဲ အောင်မြင်မည်။
အင်တာဗျူး အောင်မည်။ အလုပ်ရမည်။ နယ်ပြောင်းရမည်။ ကိုယ်ပိုင် အလုပ် ပို၍ အောင်မြင်မည်။ ကျန်းမာရေး ပြန်ကောင်းမည်။ စက် ၊ ယာဉ် ၊ မြေ ၊ ဝင် ၊ ထွက်မည်။
အကျိုးပေးဂဏန်း ၃၊၆၊၉
အထူးဟော        အဆင်ပြေ မည်။
ယတြာ             စနေနေ့ နံနက်တွင် အနောက်တောင် အရပ်ရှိ ရဟန်းသံဃာကို ဆွမ်းကပ်ပါ။  

Myit Ma Kha Media Group. 

0 comments:

Post a Comment