Saturday, November 30, 2013

စူပါဟီးရိုးရုပ်ရှင်တွေထဲက မှတ်သားစရာ ပြောစကားကောင်းများ (အပိုင်း-၁)





လင်းနို့လူသား၊ ပင့်ကူလူသား၊ စသဖြင့် ကျွန်တော်တို့ ကြိုက်တဲ့ ဉာဏ်ကောင်းပြီး သန်မာတဲ့ စူပါဟီးရိုးတွေပေါ့။ ကြိုက်ချင်စရာကောင်းတဲ့ အချက်တွေထဲမှာ တခါတလေတော့လဲ သူတို့ပြောတဲ့ အဆိုအမိန့် တွေကြောင့်လဲပါပါတယ်။
၁။ X-Men: First Class (2011)
ပါမောက္ခ Charles Xavier: ဒီမှာ သူငယ်ချင်း၊ ကျုပ်ပြောတာသေချာနားထောင်။ ရှောကို သတ်လိုက်လို့ ခင်ဗျား ငြိမ်းချမ်းရာ ရမှာမဟုတ်ဘူး။
Erik Lehnsherr: ငြိမ်းချမ်းမှု ဆိုတာကို ဘယ်တုန်းကမှ မရွေးချယ်ခဲ့ဖူးဘူး။
ဒါဟာ သူငယ်ချင်းနှစ်ယောက် အမြင်မတူညီမှုကို ဖော်ပြပြီး အနာဂတ်မှာ သန္ဓေပြောင်းသက်ရှိတွေရဲ့ စစ်ပွဲကို ဖြစ်ပေါ်ခြင်းရဲ့ အစပဲဖြစ်ပါတယ်။
၂။ The Dark Knight (2008)
The Joker: ယုံကြည်ရာစွဲထုတ်ဖို့ ဆိုတဲ့ အသိ မှားတစ်ချက်ကြောင့်တော့ မင်းငါ့ကို သတ်မှာမဟုတ်ဘူး။ မင်းကလည်း အရမ်းရယ်စရာ ကောင်းရုံသက်သက် ဆိုတော့ ငါကလည်းမင်းကို မသတ်ပါဘူး။ မင်းနဲ့ငါ ဒီအတိုင်းဆက်သွား နေလိမ့်မယ် လို့ငါယုံတယ်။
စူပါဟီးရိုးရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပါတတ်တဲ့ လူကြမ်းတွေထက်စာရင် The Joker ဟာ သွေးအေးဆုံး ဗီလိန်တစ်ယောက်ပါ။ ပြီးတော့ ဒါဟာ သူတစ်ပါးရဲ့ စိတ်နဲ့ ကစားတတ်တဲ့သူ့ရဲ့ အကျင့်တစ်ခုပါပဲ။ လင်းနို့လူသားရဲ့ စိတ်ကိုတောင် သူ ကစားခဲ့ပါသေးတယ်။
၃။ Spiderman 2 (2004)
May Parker: လူတိုင်းလူတိုင်းမှာ ကိုယ်စောင့်နတ် တစ်ပါးတော့ရှိတယ်လို့ ငါယုံကြည်တယ်။ ငါတို့က အေးအေးချမ်းချမ်း နေတာတောင်၊ လက်လျှော့တတ်တာတောင်၊ ငါတို့ကို ရိုးသားစေတယ်၊ ခွန်အားပြည့်စေတယ်၊ တော်ဝင်ဖြစ်စေတယ်၊ အဆုံး ဂုဏ်ယူဝင့်ကြွားစွာနဲ့ပဲ ဘ၀ကိုအဆုံးသတ်စေတယ်။ ငါတို့ရဲ့ အိပ်မက်စိတ်ကူးတွေကိုတောင် အကောင်အထည်ဖော်ပေးတယ်။
ပီတာဟာ ဦးလေးနဲ့အဒေါ်ဖြစ်သူတို့ရဲ့ ဆုံးမသွန်သင်မှုတွေကြောင့် သူရဲ့ မမျှော်လင့်ဘဲရလာတဲ့ စူပါပါဝါတွေကို မကောင်းတဲ့ဘက်မှာ အသုံးမချခဲ့ပါဘူး။
၎။ The Dark Knight (2008)
Harvey Dent: သူယုတ်မာ(လူကြမ်း) တစ်ယောက်အနေနဲ့ နှစ်တစ်ရာ အသက်ရှည်ရမှာထက် သူတော်ကောင်း (ဟီးရိုး) တစ်ယောက်အနေနဲ့ တစ်မနက်အသက်ရှင်ရတာ ပိုမြတ်ပါတယ်။
၅။ X2: X-Men United (2003)
Pyro: အန္တရာယ်ရှိတဲ့ သန္ဓေပြောင်းသက်ရှိ တွေအကြောင်း သတင်းထဲမှာကြားဖူးမှာပေါ့။ အေး၊ အဲ့ဒီ့ ထဲမှာ ငါကအဆိုးဆုံးပဲ။
Pyro ဟာ အဓိကဇာတ်ကောင်နေရာက သရုပ်ဆောင်ခဲ့တဲ့သူတစ်ယောက် မဟုတ်ပေမယ့် သူပြောခဲ့တဲ့ အဲ့ဒီ့ စကားတစ်ခွန်းကတော့ အတော့်ကို မိပါတယ်။ လူမှုပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်တဲ့ ဒေါသအိုး တစ်ယောက်တော့ ဘယ်သူမှဖြစ်ချင်ကြမှာ မဟုတ်ပါဘူး။
Ref:mensxp    
Trend Myanmar                       

0 comments:

Post a Comment