Thursday, November 28, 2013

မျက်ခွံပေါ်မှ ထူးထူးခြားခြား မိတ်ကပ် ဆေးရေးပန်းချီ

ထူးချွန်သည့် ပန်းချီပညာရှင် တစ်ဦးအတွက် နေရာတိုင်းသည် ပိတ်ကားတစ်ချပ် ဖြစ်နိုင်ကြောင်း အစ္စရေး မိတ်ကပ်ပညာရှင် တစ်ဦးက လက်တွေ့ပြသလိုက်သည်။ Blogger တစ်ဦးလည်းဖြစ်သည့် တယ်လ်ပီလက်သည် ကိုယ်တိုင်ဖန်တီးထားသည့် မျက်ခွံအလှခြယ် ပုံရိပ်များကို အင်တာနက်တွင် လွှင့်တင်ပြသခဲ့ရာ လူအများ တအံ့တဩ ချီးကျူးခဲ့ရသည်။ သူမသည် မျက်ခွံနှင့် မျက်လုံးကြား နေရာများတွင် အလွန်ဆန်းကျယ်သည့် အနုစိတ် ပန်းချီပုံလေးများကို ဖက်ရှင်တစ်ခုအဖြစ် ခြယ်သ ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။


 
မက်ခွံအထက်နားတွင် ဆူရှီအစားအစာပုံများ၊ ပဉ္စလက် ကြယ်ပွင့်ပုံများ၊ မွေ့ရာအထပ်ထပ်ဖြင့် အိပ်လေ့ရှိသည့် မင်းသမီးလေး၏ပုံ၊ သင်းကွဲဘဲရုပ်ဆိုးလေး အစရှိသည့် ကလေးကြိုက်ပုံပြင် ဇာတ်ကောင်လေးများ၏ ပုံများကို ဆန်းကျယ်စွာ ရေးဆွဲပြခဲ့သည်။ ပီလက်သည် Eye Candyဆိုသော အင်္ဂလိပ် ဝေါဟာရကို Eye Sushiအဖြစ် ပြောင်းလဲလိုက်ကြောင်း မီဒီယာများက ညွှန်းဆို ချီးကျူးခဲ့ကြသည်။ သူမသည် အရောင်အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ ရောစပ်ပြီး မျက်လုံး အဖွင့်အပိတ် လှုပ်ရှားမှုတိုင်းနှင့် ကိုက်ညီမည့် ဒီဇိုင်းများကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

 
သူမသည် Disney၏ Frozen ဇာတ်ကားအတွက် ဂုဏ်ပြုသည့် အနေဖြင့် ဇာတ်ကောင်ညီအစ်မ အယ်လ်ဆာနှင့် အန်နာတို့ကို ရည်စူးသည့် ပုံများကိုလည်း မျက်ခွံဆေးရေး ပန်းချီအဖြစ် ဖန်တီးထားသေးသည်။ ပုလဲ၊ လင်းလက်သောကြယ်များစသည့် စိတ်ကူးပုံဖော်မှုများမှာမူ အလွန်များပြားနေပြီ ဖြစ်သည်။ ပီလက်သည် Facebookတွင် Pageတစ်ခု ဖန်တီးထားရာ Likeအရေအတွက် (၁၁၀၀၀)ကျော် ရရှိထားသည်။ သူမသည် ဒီဇိုင်းသစ် မျက်ခွံဆေးခြယ်မှု ဖက်ရှင်များကိုလည်း ပုံမှန် လွှင့်တင်ပေးလျှက်ရှိသည်။ သူမ၏ Facebook Pageမှာ www.facebook.com/TalPelegMakeUp ဖြစ်သည်။



 
 
ref:planet.com.mm
နေခရမ်း
 

ref:planet.com.mm

0 comments:

Post a Comment