Thursday, November 28, 2013

ရှောင်ကြည်သင့်တဲ့ လူငယ်၊လူလတ်ပိုင်းအကြိုက် အစားအသောက်များ

 
 ဆိုဒါပါသောအချိုရည်များဆိုဒါပါတဲ့ အချိုရည်တွေမှာအာဟာရဖြစ်စေတဲ့ဓာတ် တစ်မျိုးမှ ပါဝင်ခြင်းမရှိတဲ့အပြင် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အရာတွေပါ ပါဝင်နေပါတယ်။ ဆိုဒါ အချိုရည်အားလုံးနီးပါးက HFCS (high fructose corn syrup) ဆေးသကြားနဲ့  ပြုလုပ်ထားပြီး အသည်းထိခိုက်ပျက်စီးမှု၊ သွေးချို၊ဆီးချိုရောဂါဖြစ်ပွားမှုများ ဖြစ်စေနိုင်ပါတယ်။ ဆိုဒါ အချိုရည်များက ခန္ဓာကိုယ်အတွင်းကိုရောက်ရှိသွားရင် အက်ဆစ်ဓာတ်အဖြစ် ပြောင်းလဲသွားနိုင်တာကြောင့် ဆိုဒါ အချိုရည်များကိုပုံမှန်သောက်သုံးနေရင် ကိုယ်ခံအားတွေပါ လျော့နည်းကျဆင်းနိုင်ပါတယ်။
ဟော့ဒေါ့ နဲ့ အခြားအသင့်စားသုံးနိုင်တဲ့ အသား၊ငါးများ
စူပါမားကတ် အစရှိတဲ့ ဈေးတွေမှာရောင်းတဲ့ ဟော့ဒေါ့ နဲ့  အခြားအသင့်စားသုံးနိုင်တဲ့ အသား၊ ငါးတွေကို အရသာရှိဖို့ နဲ့ ကြာရှည်ခံဖို့ အချိုမှုန့် ၊ တာရှည်ခံဆေး၊ သဘာဝထွက် မဟုတ်တဲ့ ဟင်းခတ်အမွှေးအကြိုင်များ၊ ဈေးပေါပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဖြည့်စာများ၊ မလိုအပ်တဲ့ အသား၊ငါးတွေနဲ့ ပြုလုပ်ထားတာပါ။ အာဟာရဓာတ် တစ်ခုမှပါဝင်ခြင်းမရှိတဲ့ အပြင် ကျန်းမာရေးအတွက်ထိခိုက်နစ်နာမှုတွေဖြစ်စေတတ်ပါတယ်။ ဥပမာ- အဝလွန်ရောဂါ။

စတိုးဆိုင်တွေမှာ ရောင်းချနေတဲ့ ကွက်ကီး၊ ကိတ်မုန့် နဲ့ ဘီစကွတ်ကြွပ်မုန့် များ
စတိုးဆိုင်တွေမှာရောင်းတဲ့ ကွက်ကီး၊ကိတ်မုန့် နဲ့  ဘီစကွတ်ကြွပ်မုန့် တွေ ကလည်းဆား၊သကြားတွေအပြင် အခြားကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာတွေကြောင့် အရသာအလွန်ရှိပြီး လူအများကိုဆွဲဆောင်နေနိုင်တာပါ။ ဒီမုန့် တွေက အဆီ ဖြစ်စေပါတယ်။ များများစားသုံးရင် လည်းအဝလွန်ရောဂါနဲ့ ဆက်စပ်ရောဂါတွေဖြစ်ပွားနိုင်ပါတယ်။

နံနက်စာ အဖြစ်စားသုံးနိုင်တဲ့ စီရီရယ်များ
စီရီရယ် ကြော်ငြာတွေမှာစီရီရယ်တွေကဗီတာမင်နဲ့  အခြားသတ္တုဓာတ်တွေပါဝင်တယ်လို့ ကြော်ငြာထားတာတွေ့ မြင်နေရပါတယ်။ ကြော်ငြာကတော့ လူတွေစိတ်ဝင်စားလာအောင်၊ သူတို့ ရဲ့  ထုတ်ကုန်တွေကိုဝယ်ယူလာအောင် ကြော်ငြာနေမှာပါပဲ။ အာဟာရဓာတ်မပါရှိဘူးဆိုရင် ဝယ်ယူစား သုံးသူတွေက ကြိုက်နှစ်သက်ကြမှာမဟုတ်ပါဘူး။ စီရီရယ် အများစုကိုသကြားသာမကပဲ HFCS (ဆေးသကြား) တွေနဲ့  ပါထုတ်လုပ်လာကြပြီး GMO ခေါ် ဈေးပေါပေါနဲ့ ရတဲ့ ပြောင်းတစ်မျိုးကိုသာ အသုံးပြု ထုတ်လုပ်ထားတာပါ။ လေ့လာတွေ့ ရှိချက်တွေအရ GMO ပြောင်းတွေကိုစားသုံးမိတဲ့ လယ်တိရိစ္ဆာန်တွေကဖျားနာခြင်းတွေဖြစ်ပြီးအချို့ တွေကသေဆုံးခြင်းအထိ ဖြစ်ပွားနေပါတယ်။
Ref:Epyk
Trend Myanmar

0 comments:

Post a Comment