
အခုနောက်ပိုင်း အရမ်းငယ်သေးတဲ့ လက်ထပ်နေကြတာကို မကြာမကြာတွေ့နေရပါတယ်။ကျွန်မ အမြင်အရတော့ လူနှစ်ဦးပေါင်းစပ်တဲ့အခါမှာ ဘ၀တစ်ခုကို အခြေတကျဖန်တီးနိုင်တဲ့ အချိန်ကျမှ လက်ထပ်တာ အကောင်းဆုံးပဲလို့ ထင်ပါတယ်။ကိုယ့်ရဲ့ လက်တွဲဖော်ကိုတွေ့ပြီဆိုရင်တောင် ပြင်ဆင်စရာတွေ အများကြီးရှိပါသေးတယ်။ အစောတလျင် လက်ထပ်တာက ဘ၀ကို အစီအစဉ်တကျ ကြိုတင်ပြင်ဆင်ပြီး လက်ထပ်တာလောက် မချောမွေ့နိုင်တာတော့ အသေအချာပဲဖြစ်ပါတယ်။ အိမ်ထောင်တစ်ခု ထူထောင်ရာမှာ အိမ်ထောင်ဖက်နှစ်ယောက်ရဲ့ စိတ်နေသဘောထား၊ကံတရား...