ကြက်ဟင်းခါးသီးအရွက်ကိုကြိတ်ညစ်ပြီး ရလာတဲ့အရည်ကိုသောက်ရင် အူတွင်းကရောဂါပိုးတွေသေစေပါတယ်။
မြန်မာ့ဆေးကျမ်းတွေမှာတော့ ကြက်ဟင်းခါးဟာ ကြေကျလွယ်ကာ ဝမ်းကိုသက်စေပြီး ပိုးကိုနိုင်တယ်လို့ဖော်ပြပါတယ်။ ဆာလောင်ခြင်းကိုလည်းဖြစ်စေတတ်ပြီး သည်းခြေသလိပ်ကိုနိုင်တယ်လို့လည်း ဆိုထားပါတယ်။ ကြက်ဟင်းခါးကို ဆေးလိုသုံးပုံတွေကို ဖော်ပြလိုက်ပါတယ်။
၁ - ကြက်ဟင်းခါးသီးကို အခြောက်ခံပြီး လည်ချောင်းမှာသွေးလူးပေးရင် လည်ချောင်းရောင်တဲ့ရောဂါပျောက်ပါတယ်။
၂ - ကြက်ဟင်းခါးသီးအရည်ကို ပျားရည်အနည်းငယ်နဲ့ရောသောက်ရင် ရေဖျင်းရောဂါပျောက်ပါတယ်။
၃ - ကြက်ဟင်းခါးသီးနုနုရဲ့ အရည်ကို မီးဖိုမှာနွေးပြီး လိမ်းပေးရင်အဆစ်ရောင်ရောဂါပျောက်ပါတယ်။
၎ - ကြက်ဟင်းခါးသီးအရွက်ကိုကြိတ်ညစ်ပြီး ရလာတဲ့အရည်ကိုသောက်ရင် အူတွင်းကရောဂါပိုးတွေသေစေပါတယ်။
၅ - မူးမော်တာတွေအတွက် ကြက်ဟင်းခါးရွက်ကိုချေပြီးရှုပေးရပါတယ်။
၆ - ခွေးရူးကိုက်ရင် အရွက်ကိုကြိတ်ကာ အနာကိုအုံ့ပေးပြီး အရည်ကိုညှစ်သောက်ပေးရင်သက်သာပါတယ်။
7Day Daily
0 comments:
Post a Comment