Monday, February 29, 2016

နတ်မြစ်အတွင်း၌ ဘင်္ဂါလီလူမျိုး နှစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ


တပ်မတော်(ရေ)မှ စစ်ရေယာဉ်နှစ်စင်းသည် နတ်မြစ်အတွင်း လုံခြုံရေးဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၂၈ ရက် ည ၁ဝ နာရီခန့်၌ မောင်တောမြို့ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာတွင် မသင်္ကာဖွယ်ရာ လက်ခပ်လှေ တစ်စင်းအား တွေ့ရှိသဖြင့် စစ်ဆေးရာ ဘင်္ဂါလီလူမျိုးများဖြစ်သော မောင်တောမြို့၊ ကညင်ချောင်းကျေးရွာနေ မာမွတ်ရော်ဖီး၊ ၁၈ နှစ် (ဘ)ဦးအဒူရော်ဖီးနှင့် ဟာမက်ဒူရာမက်၊ ၁၈ နှစ် (ဘ)အဒူကူကူးတို့နှင့်အတူ လှေပေါ်တွင် အမည်းရောင် ပလတ်စတစ်အိတ် နှစ်အိတ်ဖြင့် ထည့်သွင်းသယ်ဆောင်လာသည့် R တံဆိပ်နှင့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ရောရာ ၁၆၄၅ဝ ပြား ခန့်မှန်းတန်ဖိုး ၄၁၁၂၅ဝဝဝ ကျပ်အား သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိတရားခံနှစ်ဦး၊ မူးယစ်ဆေးဝါးများနှင့်လှေအား မူးယစ်ဆေးတပ်ဖွဲ့စု (မောင်တော)သို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ

0 comments:

Post a Comment