Sunday, August 25, 2019

ပုပ္ပါးတောင်ကလပ် အောင်မင်းခေါင်ရိပ်သာ သာမဏေကျော် စာသင်တိုက်နှင့် ပတ်သက်၍ မဟုတ်မမှန် ရေးသားပြောဆိုနေမှုများကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမည်

Image may contain: sky, mountain, outdoor and nature
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ကျောက်ပန်းတောင်းမြို့နယ်၊ပုပ္ပါးတောင်ကလပ် အောင်မင်းခေါင်ရိပ်သာ သာမဏေကျော်စာသင်တိုက်နှင့်ပတ်သက်၍ မဟုတ်မမှန် ရေးသားပြောဆိုနေမှုများကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းတိုက်ဆရာတော် ဦးခေမိန္ဒက မိန့်ကြားသည်။

သြဂုတ် ၂၅ရက်က အောင်မင်းခေါင်ရိပ်သာကျောင်းတိုက်တွင်ပြုလုပ်သည့် သတင်းမီဒီယာရှင်းလင်းပွဲတွင် ကျောင်းတိုက် ဆရာတော် ဦးခေမိန္ဒက မိန့်ကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကျောင်းထိုင်ဆရာတော်အပါအဝင် စာချဆရာတော်(၁၀)ပါး သတင်းသုံးလျှက်ရှိပြီး စာသင်သံဃာတော် အပါး (၄၀)ရှိကြောင်းနှင့် မူလဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက်တွင် လက်ရှိကျောင်းထိုင်ဆရာတော်ဦးခေမိန္ဒနှင့် ၄င်းကျောင်းတွင် တစ်နှစ်ခန့် သီတင်းသုံးနေထိုင်ခဲ့သည့် ဆရာတော်ဦးသြဘာသတို့ကြား ကျောင်းထိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်ပွားရာတွင် ဆရာတော်ဦးသြဘာသတို့ဘက်မှ သက်ဆိုင်ရာအဖွဲ့အစည်းများထံ တိုင်ကြားခဲ့ခြင်းအပြင် သတင်းဂျာနယ်တစ်ခုမှ သတင်းဖော်ပြခဲ့ခြင်းနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆရာတော် ဦးခေမိန္ဒိက မိန့်ကြားခဲ့သည်။
“ကျေးရွာသူ ရွာသားတွေနဲ့ပြဿနာမရှိဘူး။အကုန် ဆရာတော့်ကိုကိုးကွယ်ပါတယ်။ဆရာတော်ကြီးများကို ဆွမ်းကွမ်းက အစ အကုန်လှူကြပါတယ်။ကျောင်းကလည်း အခုဆိုစာသင်သားတွေနဲ့ စာသင်တိုက်ဖြစ်နေပြီး။ဆရာတော်ကြီးရဲ့ ကြိုးစား မှုကိုလည်း အသိအမှတ်ပြုပါတယ်။အခု ကန့်ကွက်တာတွေ မဟုတ်မမှန်ပြောဆိုနေတာတွေက ဒီကလည်းမဟုတ်ပါဘူး။ ကန့်ကွက်တယ်ဆိုတဲ့ ဦးပဇင်းဆိုတာကလည်း ဒီကျောင်းမှာခဏတာနေသွားတဲ့ တစ်ဝါပဲ ရှိတဲ့တစ်ပါးပါ” ဟု တောင်ကလပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်လှက ပြောကြားသည်။
ယင်းသို့အောင်မင်းခေါင်ရိပ်သာ စာသင်ကျောင်းတိုက်ဂုဏ်သိက္ခာနှင့်ဆရာတော်ကြီးများ၏ ဂုဏ်သိက္ခာ ထိခိုက်စေနိုင်သော အပြုအမူ အပြောအဆိုများ ပြုလုပ်နေသူများကို သံဃနာယကအဆင့်ဆင့်နှင့်အာဏာပိုင်အဖွဲ့အစည်းများထံ တိုင်ကြားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
Image may contain: 2 people, people sitting
Image may contain: one or more people and people sitting
Image may contain: 3 people, people sitting
Image may contain: house, sky, tree, cloud and outdoor
Image may contain: 1 person, sitting, table and indoor
Image may contain: one or more people, people sitting and indoor
Image may contain: one or more people, people sitting and indoor
သတင်းဓါတ်ပုံ-အောင်အောင်

0 comments:

Post a Comment