Sunday, September 29, 2019

မဟာမုနိဘုရား၌ ျပည္တြင္း ျပည္ပ ခရီးသြားမ်ားလိုက္နာရန္ စည္းကမ္းခ်က္မ်ားကို အသံစနစ္ျဖင့္ ေၾကညာမည္

Image may contain: 1 person, standing and indoor

မႏၲေလးၿမိဳ႕ရွိ မဟာမုနိ႐ုပ္ရွင္ေတာ္ျမတ္ႀကီးသို႔ လာေရာက္ၾကသည့္ တ႐ုတ္ခရီးသြားမ်ား အပါအဝင္ ျပည္တြင္းျပည္ပ ခရီးသြားမ်ားလိုက္နာရန္ စည္းကမ္းခ်က္မ်ားကို ျမန္မာ၊ တ႐ုတ္၊ အဂၤလိပ္ စသည့္ ဘာသာစကားသံုးမ်ိဳး အသံစနစ္ျဖင့္ ေၾကညာမည္ျဖစ္ေၾကာင္း မဟာမုနိဘုရား ေဂါပကအဖြဲ႔ထံမွ သိရွိရသည္။

ထို႔ျပင္ ျမန္မာ၊ တ႐ုတ္၊ အဂၤလိပ္ ဘာသာစကားသံုးမ်ိဳးျဖင့္ ဗီႏိုင္းဆိုင္းဘုတ္မ်ားကိုပါ ခ်ိတ္ဆြဲထားမည္ျဖစ္ကာ ေအာက္တိုဘာလအတြင္း စတင္ျပဳလုပ္မည္ျဖစ္ေၾကာင္း မဟာမုနိဘုရားေဂါပကအဖြဲ႔ထံမွ သိရသည္။
မႏၲေလးၿမိဳ႕ရွိ မဟာေလာကမာရဇိန္ဘုရားတြင္ ၿပီးခဲ့သည့္တစ္ပတ္ခန္႔မွစတင္ၿပီး ျပည္တြင္းျပည္ပ ခရီးသြားမ်ားလိုက္နာရန္ စည္းကမ္းခ်က္မ်ားကို ျမန္မာ၊ တ႐ုတ္၊ အဂၤလိပ္ ဘာသာစကားသံုးမ်ိဳးကို အသံစနစ္ျဖင့္ ဖတ္ၾကားေပးျခင္း၊ ဗီႏိုင္းခ်ိတ္ဆြဲျခင္းတို႔ ျပဳလုပ္ေနေၾကာင္းသိရွိရသည္။
<<Unicode>>
မဟာမုနိဘုရား၌ ပြည်တွင်း ပြည်ပ ခရီးသွားများလိုက်နာရန် စည်းကမ်းချက်များကို အသံစနစ်ဖြင့် ကြေညာမည်
Monday, September 30, 2019

မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ လာရောက်ကြသည့် တရုတ်ခရီးသွားများ အပါအဝင် ပြည်တွင်းပြည်ပ ခရီးသွားများလိုက်နာရန် စည်းကမ်းချက်များကို မြန်မာ၊ တရုတ်၊ အင်္ဂလိပ် စသည့် ဘာသာစကားသုံးမျိုး အသံစနစ်ဖြင့် ကြေညာမည်ဖြစ်ကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ထံမှ သိရှိရသည်။
ထို့ပြင် မြန်မာ၊ တရုတ်၊ အင်္ဂလိပ် ဘာသာစကားသုံးမျိုးဖြင့် ဗီနိုင်းဆိုင်းဘုတ်များကိုပါ ချိတ်ဆွဲထားမည်ဖြစ်ကာ အောက်တိုဘာလအတွင်း စတင်ပြုလုပ်မည်ဖြစ်ကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
မန္တလေးမြို့ရှိ မဟာလောကမာရဇိန်ဘုရားတွင် ပြီးခဲ့သည့်တစ်ပတ်ခန့်မှစတင်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများလိုက်နာရန် စည်းကမ်းချက်များကို မြန်မာ၊ တရုတ်၊ အင်္ဂလိပ် ဘာသာစကားသုံးမျိုးကို အသံစနစ်ဖြင့် ဖတ်ကြားပေးခြင်း၊ ဗီနိုင်းချိတ်ဆွဲခြင်းတို့ ပြုလုပ်နေကြောင်းသိရှိရသည်။
#မဟာမုနိဘုရား #Myanmar_Online_News #ခရီးသွား #စည်းကမ်းချက်

0 comments:

Post a Comment