Monday, August 26, 2019

လာမည့်ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ အင်အားအပြည့်ဖြင့် လွှတ်တော်တွင်းဝင်ရောက်နိုင်ဦးမည် မဟုတ်ဟု UNA အတွင်းရေးမှုးအဖွဲ့ဝင်ပြော

လာမည့် ၂၀၂အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်တိုင်းရင်းသားပါတီများအနေဖြင့် လွှတ်တော်တွင်းသို့  အင်အားအပြည့်ဖြင့် ဝင်ရောက်လာနိုင်ဦးမည်မဟုတ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့(UNA) အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်က ပြောကြားသည်။

"ရွေးကောက်ပွဲက ဖြစ်ပါ့မလားဆိုတာစောင့်ကြည့်နေတယ်။ကျွန်တော်တို့ရခိုင်မှာဆိုလည်း တိုက်ပွဲတွေ၊ ရှမ်းပြည်မှာလည်း တိုက်ပွဲတွေမငြိမ်းသေးဘူး။ရွေးကောက်ပွဲလုပ်ဖြစ်ရင်တောင် ရခိုင်ကမဲဆန္ဒနယ်တော်တော်များများမှာ တိုက်ပွဲတွေကြောင့် လျော့သွားမယ့်အနေအထားရှိတယ်။ကျွန်တော့်တစ်ဦးထဲအမြင်မှာတော့ တိုင်းရင်းသားပါတီတွေဟာ တစ်နိုင်ငံလုံးလွှမ်းခြုံ တဲ့ အင်အားအများစုမရှိကြဘူးလေ။လာမယ့်ရွေးကောက်ပွဲမှာတော့ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ နိုင်နိုင်ပေ မယ့် လွှတ်တော်ထဲကိုတော့ အင်အားအလုံးအရင်းနဲ့ အင်အားအပြည့် နဲ့တော့ ဝင်နိုင်ဖို့ မဖြစ်နိုင်သေးဘူးဗျ"ဟု ၎င်းက ပြောသည်။
UNAကို ၂၀၂၀ခုနှစ်တွင် တိုင်းရင်းသား ၈ ပါတီနှင့်စတင်ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တိုင်းရင်း သားပါတီအချို့  ယာယီနှုတ်ထွက်ထားမှုကြောင့် ၁၂ ပါတီသာကျန်ရှိတော့ကြောင်းသိရသည်။
"UNAအနေနဲ့တော့ မဟာမိတ်တိုင်းရင်းသားပါတီတွေအနိုင်ရရှိရေးကိုသာ ဆောင်ရွက်ဖို့ ရှိပါတယ်။ လောလောဆယ် အနေအထားကတော့ ၂၀၂၀ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရရေးအတွက် ပြင်ဆင်နေတယ်။ မဟာဗျုဟာရေးဆွဲဖို့ ဆွေးနွေးနေတယ် "ဟု UNAအတွင်းရေးမှုးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမန်းကျော်ငြိမ်းကပြောသည်။
တိုင်းရင်းသားပါတီများထဲတွင် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ ၌ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်း ရင်းသားပါတီအချို့ သာ အနိုင်ရခဲ့ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ယခင်ထက် ပိုမိုအနိုင်ရရန် ပြင်ဆင်မှုများရှိနေ ကြောင်းသိရသည်။
ကိုဖူးသစ်
Isee Media

0 comments:

Post a Comment