
မေကြးတိုင္း မင္းဘူးခရိုင္ ပြင့္ျဖဴျမိဳ႕နယ္အတြင္းရွိ ေက်ာင္းေတာ္ရာေစတီေတာ္တြင္ ေဇကမာၻဦးခင္ေရႊမွ ရွင္အပါး ၅၀၀၀ ရွင္ျပဳအလႉျပဳဳလုပ္မည္ျဖစ္ရာ အဆိုပါကိစၥႏွင့္ ပါတ္သတ္ျပီး ညႇိႏႈိင္း အစည္းအေဝးကို စက္တင္ဘာလ ၁၉ရက္ နံနက္ ၁၀ နာရီက တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ရံုးတြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း မေကြးတိုင္းအစိုးရက သတင္းထုတ္ျပန္ထားသည္။
ၫွိႏွိုင္းအစည္းအေ၀းကို တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ ဦးေဆာင္ကာ က်င္းပျပဳလုပ္ၿပီး အစည္းအေ၀းသို႔ ( ဒုတိယ)က်ိဳက္ထီးေဆာင္းဆရာေတာ္ ေဒါက္တာဘဒၵႏၱနာဂဒီပ ၊ မေကြးျမိဳ႕နယ္သံဃနာယကဥကၠဌဆရာေတာ္ ဘဒၵႏၲ သာသန၊ မေကြးတိုင္းလႊတ္ေတာ္ ဥကၠဌ၊ တိုင္းအစိုးရအဖြဲ႕တာ၀န္ရွိပုဂၢိဳလ္မ်ား၊ဌာနဆိုင္ရာ အရာရွိမ်ား၊အလွဴရွင္ ေဇကမာၻဦးခင္ေ႐ႊ တို႔ တက္ေရာက္ခဲ့ၾကျပီး အလႉေတာ္မဂ္လာအခမ္းအနား က်င္းပႏိုင္ေရး အစီအစဥ္မ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရွိရသည္။
အဆိုပါ ရွင္အပါး ၅၀၀၀ ရွင္ျပဳအလႉေတာ္မဂ္လာအခမ္းအနားကို ၂၀၁၉ခုႏွစ္၊ ဒီဇင္ဘာလ ၂၂ ရက္ေန႔မွ ၂၄ ရက္ေန႔အထိ က်င္းပမည္ဟု သိရွိရသည္။


#Myanmar_Online_News #ေဇကမာၻဦးခင္ေ႐ႊ #ေက်ာင္းေတာ္ရာေစတီ #မေကြးတိုင္းအစိုးရ #Zaykabar_Company_Limited
<<Unicode>>
ဇေကမ္ဘာဦးခင်ရွှေမှ ကျောင်းတော်ရာစေတီတော်တွင် ရှင်အပါး ၅၀၀၀ ရှင်ပြုအလှူပြုလုပ်မည်
Friday, September 20, 2019
မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျောင်းတော်ရာစေတီတော်တွင် ဇေကမ္ဘာဦးခင်ရွှေမှ ရှင်အပါး ၅၀၀၀ ရှင်ပြုအလှူပြုုလုပ်မည်ဖြစ်ရာ အဆိုပါကိစ္စနှင့် ပါတ်သတ်ပြီး ညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၁၉ရက် နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း မကွေးတိုင်းအစိုးရက သတင်းထုတ်ပြန်ထားသည်။
ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်ကာ ကျင်းပပြုလုပ်ပြီး အစည်းအဝေးသို့ ( ဒုတိယ)ကျိုက်ထီးဆောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပ ၊ မကွေးမြို့နယ်သံဃနာယကဥက္ကဌဆရာတော် ဘဒ္ဒန္တ သာသန၊ မကွေးတိုင်းလွှတ်တော် ဥက္ကဌ၊ တိုင်းအစိုးရအဖွဲ့တာဝန်ရှိပုဂ္ဂိုလ်များ၊ဌာနဆိုင်ရာ အရာရှိများ၊အလှူရှင် ဇေကမ္ဘာဦးခင်ရွှေ တို့ တက်ရောက်ခဲ့ကြပြီး အလှူတော်မဂ်လာအခမ်းအနား ကျင်းပနိုင်ရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ရှင်အပါး ၅၀၀၀ ရှင်ပြုအလှူတော်မဂ်လာအခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပမည်ဟု သိရှိရသည်။
#Myanmar_Online_News #ဇေကမ္ဘာဦးခင်ရွှေ #ကျောင်းတော်ရာစေတီ #မကွေးတိုင်းအစိုးရ #Zaykabar_Company_Limited






0 comments:
Post a Comment