Thursday, September 26, 2019

သီတဂူဆရာေတာ္ဘုရားႀကီးဦးေဆာင္ေသာ သီတဂူသာသနာအျပဳအဖြဲ႕ ႐ုရွားႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕သို့ေရာက္ရွိ

Image may contain: 2 people, people standing

ေက်းဇူးေတာ္ရွင္သီတဂူဆရာေတာ္ဘုရားႀကီးဦးေဆာင္ေသာ သီတဂူသာသနာျပဳအဖြဲ႕သည္ ၂၀၁၉ ခု စက္တင္ဘာ ၂၅ ရက္ ညပိုင္းတြင္ ႐ုရွားႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕၊ DME ေလဆိပ္သို႔ ေရာက္ရွိေတာ္မူလာၾကရာ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံဆိုင္ရာျမန္မာသံအမတ္ႀကီးဦးကိုကိုရွိန္၊ စစ္သံမႉးဗိုလ္မႉးခ်ဳပ္ေက်ာ္စိုးမိုး၊ လက္ေထာက္စစ္သံမႉးဗိုလ္မႉးမ်ိဳးမင္းထိုက္ ႏွင့္ တကၠသိုလ္အသီးသီးရွိ သင္တန္းသားအရာမ်ားစြာတို႔က သြားေရာက္ႀကိဳဆိုႏႈတ္ဆက္ ဂါရဝျပဳခဲ့ၾကပါသည္။

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ သီတင္းသုံးေတာ္မူစဥ္အတြင္း ေက်းဇူးေတာ္ရွင္သီတဂူဆရာေတာ္ဘုရားႀကီးသည္ တည္ေဆာက္ေနဆဲ ေ႐ႊစည္းခုံေစတီေတာ္ျမတ္ႀကီးကို ျမန္မာပညာရွင္မ်ားႏွင့္ တပ္ဆင္ပူေဇာ္ကာ ဆက္လက္ေဆာင္႐ြက္ဖြယ္ရာမ်ားကိုလည္း ႐ုရွားပညာရွင္မ်ားျဖင့္ ေဆြးေႏြးတိုင္ပင္သြားမည္ျဖစ္ပါသည္။
ဆရာေတာ္ဘုရားႀကီး သက္ရွည္ က်န္းမာ ၊ စိတ္ခ်မ္းသာစြာျဖင့္ သာသနာေတာ္ကို ဆက္လက္ခ်ီးေျမႇာက္ေထာက္ပံ့ႏိုင္ပါေစေၾကာင္း တပည့္အေပါင္းတို႔က ဆုမြန္ေကာင္းေတာင္းလ်က္ရွိေနၾကပါသည္။
….. သီတဂူစန္းလပမာ ခ်မ္းျမသာယာရွိၾကပါေစ …..
Image may contain: 2 people, people standing, shoes and indoor
Image may contain: 5 people, people standing
Image may contain: 6 people, people standing, suit and indoor
Image may contain: 3 people, people smiling, people sitting
Image may contain: 5 people, people standing and outdoor
Image may contain: 1 person, standing, night, suit and outdoor
<<Unicode>>
သီတဂူဆရာတော်ဘုရားကြီးဦးဆောင်သော သီတဂူသာသနာအပြုအဖွဲ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့
သို့ရောက်ရှိ
Thursday, September 26, 2019

ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီးဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည် ၂၀၁၉ ခု စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ DME လေဆိပ်သို့ ရောက်ရှိတော်မူလာကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးကိုကိုရှိန်၊ စစ်သံမှူးဗိုလ်မှူးချုပ်ကျော်စိုးမိုး၊ လက်ထောက်စစ်သံမှူးဗိုလ်မှူးမျိုးမင်းထိုက် နှင့် တက္ကသိုလ်အသီးသီးရှိ သင်တန်းသားအရာများစွာတို့က သွားရောက်ကြိုဆိုနှုတ်ဆက် ဂါရဝပြုခဲ့ကြပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သီတင်းသုံးတော်မူစဉ်အတွင်း ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီးသည် တည်ဆောက်နေဆဲ ရွှေစည်းခုံစေတီတော်မြတ်ကြီးကို မြန်မာပညာရှင်များနှင့် တပ်ဆင်ပူဇော်ကာ ဆက်လက်ဆောင်ရွက်ဖွယ်ရာများကိုလည်း ရုရှားပညာရှင်များဖြင့် ဆွေးနွေးတိုင်ပင်သွားမည်ဖြစ်ပါသည်။
ဆရာတော်ဘုရားကြီး သက်ရှည် ကျန်းမာ ၊ စိတ်ချမ်းသာစွာဖြင့် သာသနာတော်ကို ဆက်လက်ချီးမြှောက်ထောက်ပံ့နိုင်ပါစေကြောင်း တပည့်အပေါင်းတို့က ဆုမွန်ကောင်းတောင်းလျက်ရှိနေကြပါသည်။
….. သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ …..

0 comments:

Post a Comment