Monday, September 23, 2019


Image may contain: 1 person, sitting


<<Unicode>>
အစိုးရဘဏ် ၊ပုဂ္ဂလိကဘဏ်များတွင် မစိုးရိမ်တိုက်သစ်ကျောင်းဆရာတော် ဦးဝီရသူ၏ ဘဏ်စာရင်းများပိတ်သိမ်းပေးရန် ဗဟိုဘဏ်နှင့် ရဲတပ်ဖွဲ့ ညှိနှိုင်း
Tuesday, September 24, 2019

စက်တင်ဘာ ၂၃ ရက် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး ရုံးချိန်းတွင် အမျိုးသားရေးဆရာတော် ဦးဝီရသူ အမည်ဖြင့် ပုဂ္ဂလိကဘဏ်၊ အစိုးရဘဏ်များတွင် ငွေကြေးများအပ်နှံထားခြင်း ရှိ မရှိနှင့် ရှိလျှင် ပိတ်သိမ်းပေးရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ဗဟိုဘဏ်နှင့် ညှိနှိုင်းဆွေးနွေးထားကြောင်း သိရှိရပြီး အခြေအနေအား အောက်တိုဘာ ၂၂ ရက်နေ့ ရုံးချိန်းတွင် ပြန်လည် တင်ပြရန် တရားရုံးမှပြန်လည် ချိန်းဆိုလိုက်ကြောင်းရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ ဦးမင်းသန့်ကပြောကြားခဲ့သည်။
တရားရုံးသို့ လာရောက်ရှင်းလင်းသည့် ရဲအရာရှိမှာ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေအမှတ် ၇ နယ်မြေစခန်းမှူး ရဲအုပ်ဇော်ဝေလွင်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment